|
| Select Month :
Go
|
|
|
|
|
No. 12, Volume 3, October 2009 |
| Magazine Contents of this month
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
အိန္ဒြာကျော်ဇင်
ထူးခြားမှုလေးက မကြီးစိုးနဲ့ ရိုက်ရတယ်။ အတွဲလေးပေါ့။ နောက်တစ်ခုက ကိုယ့်အနုပညာညီအစ်မနှစ်ယောက် တွဲရိုက်ရတဲ့အတွက် ပရိသတ်အတွက်လည်း ထူးထူးခြားခြားလေး ကြည့်ရတာပေါ့။ ဓာတ်ပုံ ဦးမိုးမင်းရဲ့ ဂရုတစိုက် ရိုက်ပေးမှုနဲ့အတူ Perfect Cover ရိုက်ပေးခွင့်ရတဲ့အတွက် Perfect က ဖန်တီးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
စိုးမြတ်သူဇာ
သုံးနှစ်ပြည့်မှာ Cover ဆိုတော့ ဝမ်းသာရတာပေါ့။ အရင်ကလည်း Perfect နဲ့ ရိုက်ဖြစ်ခဲ့တယ်။ နှစ်ယောက်တွဲလေး ဆိုတော့လည်း ကောင်းတာပါပဲ။ ကိုယ့်အလုပ်တစ်ခုက ပရိသတ်ကို ကျေနပ်စေတယ် ဆိုရင်တော့ ပိုဝမ်းသာရတာပေါ့။ |
|
|
 |
|
Soe Myat Thuzar , Eindra Kyaw Zin
Photography
Moe Min ( Rays )
Make-up
Joe Joe , May Than
Dress Designer
Mogkok Pauk Pauk
Footwear
Wai De |
|
 |
|
|
| ရင်ကျက်တည်ကြည်တဲ့ အလှမျက်နှာကို ပိုင်ဆိုင်ထားတဲ့ မစိုး (စိုးမြတ်သူဇာ) နဲ့ အနှပညာအလုပ်တွေ တစ်စိုက်မတ်မတ် ကြိုးစား လုပ်နေတဲ့ ပျိုမျစ်တဲ့အလှပိုင်ရှင် အူဝဲ(အိန္ဒြာကျော်ဇင်) တို့ရဲ့ ယှဉ်တွဲ တင်ဆက်မှုတစ်ခုပါ။ လှချင်တိုင်းလှနေကြတဲ့ မိန်းမသားနှစ်ဦးရဲ့ အကြည့် တွေကရော ၊ အနာဂတ်အတွက် ဘယ်လောက်များ စိတ်ကူးနေကြသလဲ ဆိုတာကို ပုံဖော် ကြည့်လိုက်ကြပါဦးစို့လား။ စီစဉ်သူ ခင်သက်ဦး |
|
 |
|
 |
|
|
|
|
|

Cover Designer မြင့်မောင်ကျော် |
|
Buy Yourself Flowers
- ဆရာကြီးက ဒီဇိုင်းစားပွဲမှာ ချိတ်ကပ်ထားဖို့ စာတစ်ကြောင်းရေးပေးခဲ့ဖူးသည်။
“ Eye Hands and Minds Whenever work together ”
မျက်လုံးရယ်... လက်ရယ်... စိတ်ရယ်... ဘယ်တော့ဖြစ်ဖြစ် အတူတကွ အလုပ်ပေးပါ။
‘ ဒီဇိုင်းအလုပ်ဆိုတာ လက်ကလုပ်နေရင်ပြီးတာပဲ... တပည့်ခိုင်းလည်း ရတာပဲ ’
‘ ဒါပေမဲ့ ဘာအမြင်မှ မရှိလို့မဖြစ်ဘူး... စိတ်က ဘယ်ရောက်နေလဲမှမသိဘဲ ’ စသည်ဖြင့်...
မကြာခဏ အပြောအဆိုခံခဲ့ရဖူးသည်။
ခက်တော့ ခက်သည်...စိတ်ကူးစိတ်မြင်တွေက
ဘယ်ကနေလာပြီး ကျွန်တော့်စားပွဲပေါ် ရောက်လာကြမှာတုံး...
စိတ်ကူးကောင်းတွေ ဘယ်နေရာကနေ ဘယ်လိုအညှောင့်ပေါက်လာမလဲလို့...
ကျွန်တော့်ကိုယ်ကျွန်တော် မှော်ဝင်မြေဩဇာတွေ ကျွေးကြည့်ခဲ့ဖူးသည်။
အချိန်နဲ့အမျှ ဆံပင်တွေ နှုတ်ခမ်းမွေးတွေသာ ရှည်လာခဲ့သည်...။
Peacock Gallery ၌ တောက်တိုမယ်ရလုပ်ပေးနေချိန်
ကိုပေါ်သိန်းတို့၊ ဆရာကြီးတို့ စားကြ၊ သောက်ကြသည့် ဝိုင်းနားကပ်သွားလျှင်...
‘ မြင့်မောင်ကျော်ကို ဘာကျွေးထားရင် ကောင်းမလဲမသိဘူး။ ဟို... Collage Painting စာအုပ်ကြီး ကျွေးထားလိုက်ရင် မကောင်းဘူးလား။ ဟုတ်ပြီ... ဒီနေ့ ဒါပဲ စား၊ နောက်နေ့ကျရင် Jackson Pollock ကျွေးမယ်... ’ စသဖြင့်...။
- အမြင်...
လေတွင် အရုပ်ရေးရသည့်ကိစ္စမျိုး ဖြစ်မည်။
ဟောပြောပွဲတစ်ခုတွင် ကြားခဲ့ဖူးသည်။ ဆရာကြီးဦးသုခက မင်းသားကြီးကို ပြောသည်။
‘ မင်း မျက်စိနဲ့ ငါ့မျက်စိ မြင်ပုံချင်း ဘယ်တူလိမ့်မလဲ... ’ လို့
အသက်ကြီးလို့ မျက်စိမှုန်လာပေမဲ့ အမြင်ကတော့ ပိုကျယ်လာပါသတဲ့...။
- စိတ်...
စိတ်...ဆိုတော့ ပို၍ ဖမ်းရခက်ပြန်သည်။
ကျွန်တော် ရေးခဲ့ဖူးသည်။
‘ တီကို ဆားနဲ့ပက်လို့ မချိမဆန့်တွန့်လိမ်ကွေးကောက်နေတာကို မြင်ဖူး၊
တွေ့ဖူးတော့မှ တီတစ်ကောင်ရဲ့စိတ်နဲ့ မျဉ်းကွေးကလေးတစ်ကြောင်းဟာ အသက်ဝင်လာနိုင်ခဲ့သလို...’
စစ်ပွဲတစ်ပွဲထဲမှာ ကျည်ဆန်၊ ဗုံးဆန် ပေါက်ကွဲဆူညံ...
အသံဗလံနဲ့ အနံ့ဆိုးတွေကြားက ဘယ်လိုအသက်လုပြေးခဲ့ရတယ်ဆိုတာကို
ခင်ဗျားအိမ်ကနေ တီဗီကြည့်ပြီး သိနိုင်ပါတယ်။
ဒါပေမဲ့ ရင်ခုန်သံတော့ ပြောင်းမသွားဘူးမဟုတ်လား။
- ပင်လယ်ကမ်းခြေမှာ ဘာတွေရှိတယ်ဆိုတာ ကျွန်တော်တို့ အလွတ်ရွတ်ပြတတ်ကြတယ်။
ဒါပေမဲ့ ပင်လယ်လေနွေးနွေးလေးထဲ... ငှက်မွေးတောင်တစ်ခုလို သဲနုနုကို ရွရွနင်းပြီး ခရုခွံလေးတွေ
ခရေပန်းကောက်သလို ကောက်ချင်နေမိတာ... အရေးကြီးလား... အရေးမကြီးဘူးလား...။
ပြင်ဦးလွင်မှာ ပန်းတွေရောင်စုံပေါနေမှာပဲ... စိတ်ကူးနဲ့လှမ်းကြည့်လို့ရတယ်...
ဒါပေမဲ့ ပန်းခင်းကို ဖြတ်တိုက်လာတဲ့လေနုအေးထဲမှာ... လိပ်ပြာတစ်ကောင်လိုဝဲပြီး
ပန်းလေးတွေနဲ့ စကားပြောပါ... လောကရဲ့ ဖော်ရွေစွာ ပွေ့ဖက်မှုတစ်ခုခုရတိုင်း...
သင့်ဘက်က နု လိုက်ပါ...။
ဈေးပြန်လာသူတစ်ယောက်လက်ထဲက ပန်းစည်းကို လှမ်းကြည့်မိတိုင်း...
သင့်ဘက်က အလိုမကျဖို့သာ များတယ်...
အိမ်ထဲက ဘယ်မှ မထွက်ဖြစ်ခဲ့တဲ့ သင့်ရဲ့စိတ်မျက်စိဟာ ဝေဖန်ရေးသက်သက်အတွက်သာ
အသုံးဝင်တော့တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
တစ်စုံတစ်ခုသစ်ဖို့အတွက်... သင့်ရဲ့တိုင်ပင်ဖော်ဖြစ်မလာခဲ့ပါဘူး။
ရောင်စုံပေါတဲ့ပန်းခင်းထဲကို သွားပါ...သို့မဟုတ် မှော်ရုံတောကိုပဲဖြစ်ဖြစ် ဝင်ပါ...
သင်ကိုယ်တိုင် ရွေး... ဝယ်... မွှေး... ခြယ်... ကြည့်လိုက်ပါ...။
ဘဝအသိတွေနဲ့တင် မပြီးပါဘူး...။ အလှနဲ့ ငြိတတ်ဖို့လည်း လိုပါလိမ့်မယ်။
|
|
| မြင့်မောင်ကျော် |
|
|
|
|
|
|
|
|
|
|
|
|