Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 2, Volume 4, December 2009
Magazine Contents of this month
ကစ်ကစ်(၀တ်မှုန်ရွှေရည်)ကို မျက်နှာဖုံးတင်ဖို့အတွက် မရိုးလည်းမရိုး၊ မဆန်းလည်းမဆန်းတဲ့ ၀တ်စားဆင်ယင်မှုကို စဉ်းစားခဲ့ပါတယ်။ ESPADA ရဲ့ အကူအညီနဲ့ ထူးခြားတဲ့ ပုံစံလေးဖြစ်အောင် House of Memories မှာရှိတဲ့ မှန်တင်ခုံကို အသုံးပြုပြီး ကိုအေးဇော်မိုးက လက်စွမ်းပြရင်း ဒီလအတွက် မျက်နှာဖုံးအဆင်ပြေစေခဲ့ပါတယ်။
စီစဉ်သူ ခင်သက်ဦး
Model
:
Wut Mhone Shwe Ye
Photography
:
Aye Zaw Moe (Setthmu)
Make-Up
:
May Oo (Decembar Hnin)
Footwear
:
Charles & Keith
Location
:
House of Memories
ဒီတစ်ခါတော့ အရင်ကဒီဇိုင်းတွေနဲ့ မတူအောင် နည်းနည်းလေး ပြောင်းထားတယ်။ ဆံပင်၊ အ၀တ်အစားပေါ့နော်။ ၀တ်မှုန်ရဲ့ ပရိသတ်ကြီး ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မရိုက်ခင်ညမှာ Location စဉ်းစားကြ၊ အ၀တ်အစား ဘယ်လိုဝတ်ကြမလဲစဉ်စားကြနဲ့ အကျပ်ရိုက်တာ အမှတ်တရပါပဲ။
Cover Designer မြင့်မောင်ကျော်
Get A New Perspective
- မှန်တစ်ချပ်ရဲ့ သစ္စာတရားကတော့ ဟုတ်ပါပြီ…
ကိုယ်က ပြုံးပြရင် သူက ပြုံးပြမယ်…
ကိုယ်က မဲ့ပြရင် သူက ပြန်မဲ့ပြမယ်…
ခက်တာက… ကိုယ်က သူ့ကို ကြာကြာပြုံးမပြနိုင်တာပဲ…
ဒါပေမဲ့… ကြာကြာလည်း မဲ့ပြမနေပါဘူးလေ…
အဲဒီအတွက် ကိုယ့်ဘက်က ဓာတ်ခံက အဓိကမဟုတ်လား…
ဖြစ်နိုင်ခြေတစ်ခုရဲ့ အနီးအဝေးဟာ… ကိုယ်က လုပ်ယူရမှာပါလား…
အပြုံးနဲ့ အမဲ့ကြား အချိန်ဘယ်လောက်ဝေးဝေးဆွဲဆန့်ထားလို့ရမလဲ…
အချစ်နဲ့ အမုန်းကြားမှာရော ကာလဘယ်လောက်ခြား… မလဲ…
မှန်တစ်ချက်ကို ကြည့်ရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတာကတော့…
ကျွန်တော် တော်တော် မကောင်းဘူး…
- ခင်ဗျားတို့ဘက်ကကြည့်ရင် လက်ဖ၀ါး…
ကျွန်တော့်ဘက်ကကြည့်ရင် လက်ဖမိုး မြင်နေရမယ်…
အဲဒီအခါမှာ မှန်ဟာ ခင်ဗျားလောက် မရိုးသားပြန်ဘူး…
ကျွန်တော့်ကို လက်ဖ၀ါးပဲ ပြန်ပြတယ်။
ပြီးတော့ ဘာသာစကား စာလုံးအက္ခရာတွေကျတော့…
မှန်ထဲက ပြောင်းပြန်ပြတယ်…
`ခေ,… တို့၊ မေခ,… တို့´ဆိုတဲ့စကားလုံးတွေကျတော့…
မှန်တစ်ချပ်လုံး ပြဒါးပြယ်တဲ့ကာလအထိ
ဘယ်ဘက်ကကြည့်ကြည့် ခေ…၊ မေခ… ပဲ မြင်ရတယ်။
- ရေခဲတုံးတစ်တုံးကို ကိုင်ထိကြည့်တိုင်း…
တော်တော်အေးတာပဲ ဆိုတာထက် ပိုမပြောတက်တာကိုက…
အရာရာ အချိုးညီထားပြီး သမားရိုးကျအတွေးတွေကို ထွေးမထုတ်နိုင်တာကိုက…
သံတူကြောင်းကွဲထက် ပိုမဆန်းသစ်ဘဲ ရပ်နေတာကိုက…
ကျွန်တော် တော်တော် အ… သေးတယ်…
ကမ္ဘာကြီးပူနွေးလာတဲ့ကိစ္စ
နဖူးပေါ်က ချွေးစကို လက်နဲ့သပ်ချလိုက်ရုံလောက်ပဲ လုပ်ထက်တာလည်း…
ကျွန်တော် တော်တော် ချာ…တာပါပဲ။
- `အဲဒီတော့ ဘာဖြစ်လဲ x x x စိတ်ညစ်လို့ အရက်ကိုသောက်တယ် x x x
အရက်သောက်တော့ စိတ်ပိုညစ်တယ် x x x အကြောင်းရှာတော့ ခေါင်းမှာချာချာလည်း…´
ရှေးသီချင်းတစ်ပုဒ်ရှိတယ်… မရေရာတဲ့ပုစ္ဆာတွေအတွက် အခွံအကာတွေကို ဖောက်ထွင်းမယ့်အသိနဲ့… နက်ရှိုင်းတဲ့အကြည့် လိုလာပြန်ရော…
- အဲဒီတော့ အနီးအဝေး အလင်းအမှောင် ပြန်ချိန်ကြည့်ရအောင်…
ရှိပြီးသားအဖြေတွေ ခြစ်ပစ်ပြီး အသစ်ပြန်တွက်ရအောင်…
`ထီးချက်စောင့်နတ်သမီး´ရဲ့ ရိုက်ညွှန်းကတော့ ရှင်းတယ်… ရိုက်ချက်လည်း ပြင်းတယ်…
`အသင် တေမိယကုမာရ… စကြ၀တေးမင်း မလုပ်ချင်ဘူးဆိုရင်တော့..
တစ်သက်လုံး လူမသုံးအောင် ဆွံ့အနားမကြားယောင်ဆောင်ရလိမ့်မယ်´တဲ့…။
တေမိယကုမာရက သေခါနီးအထိ အဲဒီအတိုင်း သရုပ်ဆောင်သွားတယ်…
မှန်ရှေ့မှာ စာလုံးတွေ ထောင်ကြည့်သလို… ဒီဇာတ် ပြောင်းပြန် ပြန်ဖတ်ကြည့်ရအောင်…။
ရှင်းတယ်… အဖြေကတော့… အနုပညာသမားဖြစ်ချင်ရင် အနုပညာသမားဘ၀ကို ပြောင်းလဲဖျက်ဆီးပစ်မယ့်အရာတွေ မလုပ်နဲ့…
ဒီဇိုင်နာဖြစ်ချင်ရင် ဒီဇိုင်နာဘ၀ကို ဖျက်ဆီးပစ်မယ့်ကိစ္စတွေ မလုပ်နဲ့…
တစ်ကြောင်းတည်းသော စိတ်နှလုံးကို မွေးရမယ်…
ကျွန်တော်ကတော့ ပန်းချီဆရာ ဒီဇိုင်နာဘ၀နဲ့ ဘာနဲ့မှ မလဲနိုင်တော့ဘူး…။