Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
ရင်တွင်းဖြစ် ဟာသများ

ဗီဒီယိုကားတွေလည်း ဟာသ၊ ဒီဗီဒီဇာတ်ကားတွေလည်း ဟာသ၊ ရုပ်ရှင်ကားကြီးတွေလည်း ဟာသတွေချည်းပါပဲ။ ဟာသတွေ ပေါများနေကြတော့ ပရိသတ်အတွက် ဒါရိုက်တာတွေကရော ဘယ်လိုပုံစံမျိုးနဲ့ ရိုက်ကြမလဲ။ ဟာသ သရုပ်ဆောင်ကြီးတွေကရော ဟာသပညာရပ်ကို ဘယ်လိုလေ့လာသင်ယူပြီး ၀မ်းစာဖြည့်ခဲ့ကြသလဲဆိုတာကို ဒါရိုက်တာ ဦးမျိုးမင်း၊ ဟာသသရုပ်ဆောင် ဦးညီဂျော်၊ ဦးငှက်ပျောကြော်တို့ရဲ့ ရင်တွင်းဖြစ်စကားတွေနဲ့ ဖော်ပြလိုက်ပါတယ်။
ဒါရိုက်တာမောင်မျိုးမင်း၏ (ရင်တွင်းဖြစ်)

ရယ်တဲ့နေရာမှာ အဆင့်အတန်းအလိုက် ရယ်ရတဲ့ ဟာသ တွေရှိပါတယ်။ အဲဒီမှာ သုံးမျိုးလောက်ရှိတယ်။ ရိုးရိုးရယ်ရတဲ့ ဟာသက Joke ပေါ့။ ခေတ်ရဲ့ အခြေအနေ၊ အချိန်အခါအားလုံးကို သရော်ထားရင် Satire ၊ လူ့စရိုက်လူ့သဘာဝကို အခြေခံပြီး လုပ်ထားတာကတော့ Humour လို့ အဲဒီလို သတ်မှတ်ထားတာပေါ့။ အခုဒီဇာတ်ကား “ကြောက်လိုက်ကြစို့ သူငယ်ချင်း” က Satire မျိုးပေါ့။

ခေတ်အခြေအနေတစ်ခုကို သရော်ထားတာပေါ့။ ဦးမျိုးရေးတဲ့ ဟာသတော်တော်များများကလည်း သရော်တဲ့ဘက်ကို ရေးတာ များတယ်။ ဒါကို ဘာကြောင့်ရေးဖြစ်သလဲဆိုရင် ရိုးရိုးဟာသတွေက လူတိုင်း ခံစားနေကြတယ်လေ။ အဲဒီဟာသတွေက ကြာတော့ ရိုးအီလာတယ်။ အဲဒီရယ်စရာတွေရဲ့နောက်မှာ ဘာတွေ အားထုတ်ထားသလဲဆိုတာ ပရိသတ်က ဆုံးဖြတ်လာကြပြီ။
အဲဒီနောက်မှာ ဦးမျိုးမင်းတို့က တစ်ခုခုပါအောင် လုပ်ရတယ်။ အဲဒါကို ရေးဖြစ်၊ ရိုက်ဖြစ်တာပေါ့။ Humour လို့ခေါ်တဲ့ ဟာသတွေကိုလည်း ရိုက်ဖြစ်တယ်။ ဟာသလုပ်တယ်ဆိုတဲ့ နေရာမှာလည်း အတိုင်းအတာ ရှိတယ်။ ဇာတ်ကောင်စရိုက်ကိုပျက်စေတဲ့ ဟာသမျိုး မလုပ်သင့်ဘူး။ ဥပမာ - ဆိုက္ကားသမားတစ်ယောက်က သူနဲ့မတန်တဲ့ ဖီလော်ဆော်ဖာ (တွေးခေါ်ပညာရှင်)တစ်ယောက်ရဲ့ စကားမျိုးပြောလို့ မရဘူး။ အဲဒီလိုပဲ ဆရာဝန်တစ်ယောက်က လမ်းဘေးက လူတစ်ယောက်ရဲ့ စကားမျိုးပြောလို့ မရဘူး။ သူ့စရိုက်၊ သူ့သဘာဝနဲ့ လိုက်ဖက်တဲ့ ဟာသမျိုးကိုပဲ လူတွေက လက်ခံကြတယ်။ ရယ်ရရင် ပြီးရောဆိုပြီး လုပ်လို့မရတော့ဘူးလေ။

ဦးညီဂျော်
အဓိကကတော့ အဖေတူသားပေါ့။ မွေးကတည်းက အဖေရဲ့ဗီဇ ပါလာတော့ ဟာသဉာဉ်လေးလည်း ပါလာပါတယ်။ တတ်မြောက်မှုကတော့ အဖေသင်ပေး တာလည်း ပါတယ်။ နောက်ပြီး စာဖတ်ရတာရယ်၊ အတွေ့အကြုံရယ်ပေါ့။ သူငယ်ချင်းတွေနဲ့ ညှိနှိုင်းပြီးတော့ အလုပ်တွေ ရှာရပါတယ်။ အဖေကတော့ အများ အားဖြင့် Reader Digest ဖတ်တယ်။ ဖတ်ပြီးရင်လည်း ပြန်ပြောပြတယ်။ အဖေ့ရဲ့ကျေးဇူးက ပိုကြီးပါတယ်။ တခြားစာအုပ်တွေထက် အဖေကိုယ်တိုင်ရေးခဲ့တဲ့ ဟာသစုဘူး ဆိုတဲ့ စာအုပ်လေးကိုပဲ ဖတ်ဖြစ်ခဲ့ပါတယ်။
ဟာသနဲ့ပတ်သက်လို့ ကတော့ “နေရောင်ခြည်သည် ပန်းမန်များအသက်ရှင်ဖို့အတွက် လိုအပ်သလို ပြုံးရွှင်ခြင်းသည်လည်း လူသားများအတွက် လိုအပ်ပါတယ်” ဆိုတဲ့ ဆောင်ပုဒ်လေးကို ပြောချင်ပါတယ်။
ဦးငှက်ပျောကြော်
စလုပ်တုန်းကတော့ စမ်းတ၀ါးဝါးပေါ့။ အပေါင်းအသင်းတွေ ကောင်းလို့ ကိုယ့်ရဲ့ မြန်မာစာ မေဂျာ အငြိမ့်ပွဲလေးတစ်ခုမှာ ဦးငှက် အမှတ်မထင် အငြိမ့်စင်ပေါ်တက်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကံကောင်း တာတစ်ခုက ကိုယ်က ဆရာသမားကောင်းတွေနဲ့ပဲ တွေ့ခဲ့တာ။ အမှန်အတိုင်းပြောရရင် ကိုယ်က ဒီလူရွှင်တော်ပညာကို စနစ်တကျ သင်ယူခဲ့တာမဟုတ်ဘူး။ သင်တန်းလည်း မတက်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ကို Control လုပ်ပေးတဲ့ သူ၊ လမ်းပြပေးတဲ့သူ ကောင်းခဲ့လို့ပါ။ ကိုယ်က မှားနေရင်လည်း အဲဒီအမှားကို ပြင်ပေးတယ်။ အဲဒီတော့ ကိုယ်က အမှားမှန်းလည်း သိတယ်။ အမှန်ကို မှန်မှန်းလည်း သိတယ်။ ကိုယ်က ဆရာသမားကောင်းနဲ့တွေ့ခဲ့တော့ ကိုယ့်ရဲ့ဝမ်းစာက ကိုယ့်ကိုယ်ကိုယ် မပြည့်ဘူးလို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ လုပ်စားလို့ရပြီလို့ ဆရာက သိတယ်လေ။ အဓိကက ကိုယ့်ရဲ့ဆရာကောင်း သမားကောင်းရယ်၊ ကိုယ့်ရဲ့ကြိုးစားမှုရယ်။ အချိန်အခါကြောင့်လည်း ပါတာပေါ့။
ဦးငှက်က စာကြီးပေကြီးတွေ ကြီးကြီးကျယ်ကျယ်ဖတ်တာလည်း မဟုတ်ပါဘူး။ လက်လှမ်းမီသလောက် ဖတ်တယ်။ ဟာသဆိုရင် ဆရာဇော်နဲ့ ကိုလူမင်းရေးတာတွေ ဖတ်တယ်။ ကျောင်းမှာ ပွဲတွေရှိရင်လည်း မပြတ်တမ်း သွားကြည့်တယ်။ အမှန်အတိုင်းပြောရရင် ဦးမိုးဒီတို့တောင် အဲဒီတုန်းက ဇာတ်ရာလေးတွေ ရှိတယ်လေ။ ဦးမော့စ်တို့၊ ဦးမိုးဒီတို့ မန္တလေးက လူရွှင်တော်ကြီးတွေ၊ မြို့တော်မောင်ယဉ်အောင်တို့ အဲဒီဇာတ်တွေကို မပြတ်တမ်း အားရင် အားသလို ကြည့်တယ်။ အဲဒီလောက်ပါပဲ။ တစိုက်မတ်မတ်ကြီးလည်း မကြည့်ဘူးလေ။ အားတဲ့ အချိန်မှာ လေ့လာတယ်။ စကားလုံးတစ်ခုကောင်းဖို့ ပြက်လုံး တစ်ခုပြက်ဖို့ အဲဒါနဲ့လိုက်တဲ့ အမူအရာရှိမှ ရမှာပေါ့။ အမူအရာဆိုတာက အသားလွတ်ကြီး ပြူးပြဲနေရင်တော့ ကြာရင် အဆင်မပြေနိုင်ဘူး။ အမူအရာနဲ့ စကားလုံးပေါ်မှာ မူတည်ပြီးတော့ ပြူးတာပြဲတာလည်း ဖြစ်ချင်ဖြစ်မယ်။ အသားလွတ်ကြီး စကားလုံးနဲ့ မဆိုင်ဘဲ နည်းနည်းလန့်ရမယ့်နေရာမှာ များများလန့်ပြပြီး အတင်းကြီးပြူးပြဲပြနေရင် ကြာရင်တော့ ရှော့ခ် ရှိတာပေါ့။
မြတ်ဆုလွင် (မဟာဝိဇ္ဇာ)
မန္တလေးဓာတ်ပုံဆရာတွေ ဆုများများ ရရှိခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲ
Art Gallery
Upper News
Movement
Yangon News
Movie Guide
Music Guide
ဒါရိုက်တာ ဒေါန ပုံဖော်ကျူးရိုက်ကူးထားတဲ့ ချစ်ကံပွင့်နှင့် မချောလေးဆယ် ရုပ်ရှင်ဇာတ်ကား
စတီရီယိုခေတ်ရဲ့ ရောင်ခြည်ဦးများ
ရင်တွင်းဖြစ် ဟာသများ
GOLDEN BOOT PLAYER ကမ္ဘာကျော် ရွှေခြေထောက်ပိုင်ရှင်များ
ဂီတ . . . သူဘယ်လိုဖန်တီးခဲ့