Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
MOVIE GUIDE

Broken Embraces(2006)
ဒါရိုက်တာ - ပတ်ဒရိုအယ်မိုဒိုဗာ်
ပါဝင်သောသရုပ်ဆောင်များ - Penelope Cruz,Lluis Homar,Balance Portilla
ဇာတ်လမ်းတွဲအမျိုးအစား - ဒရာမာနှင့်သည်းထိတ်ရင်ဖို
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၂၀ ရက်။
အမျိုးသားတစ်ယောက်ဟာ စာရေးခြင်းနဲ့ အသက်မွေးပါတယ်။ သူဟာ အမှောင်ထုကို မြတ်နိုးပြီး အမှောင်ကမ္ဘာထဲမှာပဲ နေတတ်ပါတယ်။ လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက သူဟာ လန်ဇာရုတ်ကျွန်းလေးပေါ်မှာ ကြောက်မက်ဖွယ်ရာ ယာဉ် မတော်တဆမှုတစ်ခု ကြုံတွေ့
ခဲ့ပြီး အဲဒီကစလို့ စက္ခု နှစ်ကွင်းဟာ အလင်းမရတော့တာ ဖြစ်ပါတယ်။သူဟာ အဲဒီအချိန်ကစလို့ အမည်နာမနှစ်မျိုးနဲ့ စတင်လှုပ်ရှားပါတယ်။ နာမည်တစ်ခုက ဟယ်ရီကိန်းဖြစ်ပြီး ဒီနာမည်နဲ့ သူဟာ ဝတ္ထုဇာတ်လမ်းတွေ၊ ဇာတ်ညွှန်း၊ ဆောင်းပါးတွေ ရေးသားပါတယ်။ မက်တီယိုဘလန်ကိုဆိုတဲ့ နာမည်တစ်မျိုးကတော့ သူ့ရဲ့အမည်ရင်းပေါ့။ သူက မျက်မမြင်တစ်ယောက်ဖြစ်ပေမဲ့ ဘဝကိုအရှုံးမပေးခဲ့ဘဲ သွက်လက်တက်ြွကသူတစ်ယောက်အဖြစ်သာ ရှင်သန်ပါတယ်။ ဒါကလည်း အချစ်ဟောင်းနဲ့ အတိတ်ကို မေ့ထားချင်လို့ပါ။ တစ်ညမှာတော့ သူ့ကို ကူညီပေးနေတဲ့ ဒေကိုတစ်ယောက် ကားအက်ဆီဒင့်တစ်ခု ကြုံတွေ့ပြီး ဟယ်ရီက သူ့ကို ပြန်ကြည့်ပေးနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ အဲဒီတော့ ဟယ်ရီဟာ ဒေကိုကို သူ့ဘဝရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အဖြစ်မှန်တွေကို အိပ်ရာဝင် ပုံပြင်သဖွယ် သင်ခန်းစာယူတတ်ဖို့ ပြန်လည်ပြောပြတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးတစ်ခုပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Old Dogs(2009)
ဒါရိုက်တာ - ဝေါ့ဒ်ဘက်ကာ
ပါဝင်သောသရုပ်ဆောင်များ - John Travolta,Robin William,Kelly Preston
ဇာတ်လမ်းတွဲအမျိုးအစား - ဟာသr
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၂၅ ရက်။
ကမ္ဘာကျော် မင်းသားကြီး ဂျွန်တရာဗိုတာနဲ့အတူ သူ့သားငယ် အယ်လာ ဘလူးထရာဗိုတာတို့ ပါဝင်ထားတဲ့ ဟာသဇာတ်ကားပါ။ လူဆိုး အလုပ်ကောင်းတဲ့မင်းသားကြီးဟာ ဟာသမှာလည်း ပိုင်နိုင်တယ်ဆိုတာကို ဒီကားမှာ
ပြသထားပါတယ်။ ချစ်သူအစွန့်ပစ်ခံ ကျန်ရစ်သူငယ်ချင်းကြီး ရော်ဘင်ဝီလျံနဲ့ ပျော်ပျော်နေတတ်တဲ့ လူပျိုသိုး ကြီး ဂျွန်ထရာဗိုတာတို့ နှစ်ယောက်ဟာ ခြောက်နှစ်သား အမြွှာညီနောင်လေးနှစ်ဦးကို ထိန်းသိမ်းပေးရမယ့်တာဝန် ကျရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ဟာ သူတို့ဘဝရဲ့ အကြီးကျယ်ဆုံးအလုပ်ကြီးတစ်ခု ကို ရလိုက်ကြပြီး ဘဝဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ရလောက်အောင် အမျိုးမျိုး ကသောင်းကနင်းနိုင်ပါတော့တယ်။ အဘိုးကြီးနှစ်ဦးရဲ့ ကလေးထိန်းပွဲတော်ကြီးမှာ သူတို့ရလိုက်တဲ့ သင်ခန်းစာကတော့ ဘဝမှာ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီကားထဲမှာ အမြွှာလေးတစ်ယောက်နေရာကနေ အယ်လာဘလူးထရာဗိုတာက ဖခင်ခြေရာနင်းပြီး အကောင်းဆုံးကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Ninja Assassin(2009)
ဒါရိုက်တာ - ဂျိမ်းမက်တိုက်ဂူး
ပါဝင်သောသရုပ်ဆောင်များ - Razio(Rain),Naomie Harris,Ben Miles,Sho Kosugi.
ဇာတ်လမ်းတွဲအမျိုးအစား - အက်ရှင်စွန့်စားခန်း
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၂၅ ရက်။
ကိုရီးယား မင်းသားချော ရိန်းတစ်ယောက် ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်အဖြစ် သရုပ်ဆောင် ခွင့်ရတဲ့ ပထမဆုံးဇာတ်ကားပါ။ ဒီကားမှာ ရာဂို(ရိန်း)ဟာ ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး လူသတ်သမား တစ်ဦး
ဖြစ်ပါတယ်။ ကလေးဘဝအရွယ်မှာ ကောက်ယူခေါ်ဆောင်သွားခြင်းခံရပြီး အိုဇူးနူးအဖွဲ့က Special Killer တစ်ယောက်ဖြစ်အောင် အသေအချာ ပြုစုပျိုးထောင်ပေးထားတာပါ။ ဒါပေမဲ့ ဒီအဖွဲ့ဟာ သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို သူဟာ မြင်တွေ့ပြီးတဲ့နောက်တော့ သူဟာ ထွက်ပြေး ပျောက်ကွယ်သွားပါတယ်။ ဒါပေမဲ့ သူ ပြန်လည် လက်စားချေရမယ့်ရက်ကိုတော့ သူဟာ စောင့်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဘာလင်မြို့မှာ နေထိုင်ရင်း သူဟာ ယူရိုအေးဂျင့် မီကာကော်ရက်တီနဲ့ ငွေကြေးအရှုပ်တော်ပုံတစ်ခုကြောင့် နိုင်ငံရေးသမားအများအပြား အသတ်ခံရမှုတွေနဲ့ ဆက်နွှယ်လာခဲ့မိပါတယ်။ ဒီအမှုကိစ္စတွေဟာ အရှေ့အာရှ တစ်လွှားမှာ အခြေခံနေတာကိုလည်း သိရှိလာပါတယ်။ ပီကာကိုလည်း သူမရဲ့အထက်အရာရှိက နှုတ်ပိတ်လိုမှု နဲ့ လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားနေတဲ့အတွက် ဒီမှာတင် ရာဇိုဟာ ကယ်တင်ရှင်လုပ်ရပါတော့တယ်။ မီကာကို နှုတ်ပိတ်မယ့် တာကေးရှီးယားနဲ့ အိုဇူးနူးအဖွဲ့ကြီးကို ရာဇိုတစ်ယောက်တည်းက ဘယ်လိုခုခံမလဲဆိုတာကို...။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
The Private Lives of Pippa Lee(2009)
ဒါရိုက်တာ - ရီဘက်ကာမေလာ
ပါဝင်သောသရုပ်ဆောင်များ - Robin Wright Penn,Alan Arkin,Blake Lively,Keanu Reeves
ဇာတ်လမ်းတွဲအမျိုးအစား - ဒရာမာနှင့်ဟာသီ
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၂၇ ရက်။
ငွေကြယ်ပွင့် သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒရာမာကော်မဒီ ဘဝသရုပ်မှန်ဇာတ်ကားပါ။ ပက်ပါလီး ဆိုတဲ့အမျိုးသမီးဟာ သူမထက် အနှစ် ၃၀ ကြီးတဲ့ ထုတ်ဝေသူ အယ်လင်အာကင်နအိမ်ထောင်ကျ ပြီး အရွယ်ရောက်နေတဲ့
သားသမီး နှစ်ဦးကိုလည်း ရရှိထားပါတယ်။ သူမဘဝဟာ အများအမြင်မှာတော့ ပျော်ရွှင်ချမ်းမြေ့ပြီး သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားနိုင်သူလို့ ထင်မှတ်ရပါတယ်။ ဒါပေမဲ့ သူမရဲ့ ခင်ပွန်းအငြိမ်းစားယူတဲ့အခါ ပက်ပါလီးရဲ့ဘဝဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့ကာလကနေ အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး သူမရဲ့အိမ်ထောင်သည်ဘဝကို သစ္စာရှိရှိနဲ့ ထိန်းထားနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ သူမရဲ့ အသည်းနှလုံးကို တကယ်တမ်းလှုပ်ခါနိုင်စွမ်းရှိတဲ့ မိတ်ဆွေသစ် အမျိုးသားကင်နူးရိဗ်နဲ့လည်း ကြုံဆုံလာရပါတယ်။ အဲဒီအချိန်ကစပြီး အများအမြင်မှာ အားကျစရာဖြစ်ပေမဲ့ သူမ သိတဲ့ သူမရဲ့စက်ဆုပ်ဖွယ်ရာ လက်ရှိအိမ်ထောင်သည်ဘဝ၊ ငယ်ငယ်တုန်းက လူမသိ သူမသိရှုပ်ခဲ့ဖူးတာ တွေ၊ လက်ရှိမှာ ငြိတွယ်ချင်သလိုလို ဖြစ်မိတဲ့အမျိုးသား စတဲ့ အကြောင်းအရာပေါင်းစုံ စုံလင်လာတဲ့အခါမှာ ပက်ပါလီးတစ်ယောက် တကယ်တမ်း သူမ လုပ်သင့်တာ ဘာလဲဆိုတာကို အသေအချာစဉ်းစားပြီး အဖြေရှာရတော့ မယ့်ဇာတ်ကားဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Up in the Air
ဒါရိုက်တာ - ဂျေဆန်ရိတ်မန်း
ပါဝင်သောသရုပ်ဆောင်များ - George Clooney,Vera Farmiga,Anna Kendrick
ဇာတ်လမ်းတွဲအမျိုးအစား - ဒရာမာ
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၄ ရက်။်
Juno ဇာတ်ကားနဲ့ အော်စကာ တစ်ပြေးခဲ့တဲ့ ဒါရိုက်တာဂျေဆန်ရိတ်မန်း၊ အော်စကာမင်းသားကြီး ဂျော့ရှ်ကလူးနီးတို့ နှစ်ဦး ပူးပေါင်းပြီး လက်စွမ်းပြ ခြယ်မှုန်းထားကြတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ် ပါတယ်။ ဒီဇာတ်ကားထဲမှာ
ဂျော့ကလူးနီးဟာ ကားသမားတစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားထားပြီး သူဟာ လမ်းပေါ်မှာ နေထိုင်ကျက်စားရတာကို နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွားရေားအကျပ်အတည်း ကြောင့် သူ့ကုမ္ပဏီက ခရီးသွားစရိတ် ဘတ်ဂျက်တွေ လျှော့ချမယ်လို့ ဆိုတဲ့အခါမှာ သူဟာ အိမ်မှာပဲ များများ အချိန်ဖြုန်းရဖို့ ဖြစ်လာပါတယ်။ ဒီအချိန်မှာ မိုင်ပေါင်း ၅ ကုဋေလောက်ကို စုန်ဆန် ပျံသန်း သွားလာနေရင်း သူ့လိုပဲ မကြာခဏ ခရီးထွက်နေတတ်တဲ့ သူ့ရဲ့အိပ်မက်နတ်သမီးလေးကို တွေ့ဆုံလာရတဲ့အခါမှာ မင်းသားကြီး အနေနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြရမှာပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
The Twilight Saga:New Moon(2009)
ဒါရိုက်တာ - ခရစ္စဝဲ့လ်
ပါဝင်သောသရုပ်ဆောင်များ - Kristen Stewart,Robert Pattinson,Taylor Lautner
ဇာတ်လမ်းတွဲအမျိုးအစား - အချစ်နဲ့ သည်းထိတ်ရင်ဖို
တရားဝင်ဖြန့်ချိမည့်ရက် - ၂၀ဝ၉၊ နိုဝင်ဘာ ၂၀ ရက်။်
သဘာဝလွန် ပရလောကသားတွေနဲ့ လူသားတွေ အဆက်အသွယ် ပြုပုံတွေကို လျှို့ဝှက် ဆန်းကြယ်စွာ ရိုက်ကူး ထားတဲ့ အချစ်နဲ့ ရင်ထိတ်သည်းဖို ဇာတ်လမ်း တစ်ပုဒ်ပါ။ဘယ်လာစွမ်း ဆိုတဲ့အမျိုးသမီးဟာ ပရလောကသားတွေကို စိတ်ဝင်စားပြီး
သူတို့ဘဝထဲက ထဲထဲဝင်ဝင် စူးစမ်းချင်တဲ့အတွက် အန္တရာယ်အမျိုးမျိုး ကြုံဆုံရပါတော့တယ်။ သူမရဲ့အသက် ၁၈ နှစ်ပြည့်မွေးနေ့ဟာ ကံမကောင်းခြင်းမျိုးစုံနဲ့ ပြီးဆုံးခဲ့ပြီး ချစ်သူ အက်ဒွပ်ကာလင်နဲ့ သူ့မိသားစုဟာလည်း ဘယ်လာတို့နေတဲ့ရွာလေးကို စွန့်ခွာပြီး ထွက်သွားကြပါတယ်။ ချစ်သူပစ်သွားလို့ အသည်းကွဲ ဝေဒနာခံစားနေရတဲ့ ဘယ်လာဟာ သူမရဲ့အထက်တန်းကျောင်းသူဘဝကို ထုံထုံထိုင်းထိုင်းနဲ့ အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့ သူမ ဒုက္ခရောက်တိုင်းရောက်လာပြီး ကူညီတတ်တာက အက်ဒွပ်ပါ။ တကယ် တော့ အက်ဒွပ်ဟာ ပရလောကသားတစ်ယောက်ပါ။ အက်ဒွပ်ကို တွေ့ဖို့အတွက် ဘယ်လာဟာ သူငယ်ချင်း ဘလက်ခ်နဲ့အတူ မော်တော်ဆိုင်ကယ်အစုတ်တစ်စင်းနဲ့ စွန့်စားခန်းခရီးကို စတင်ပါတော့တယ်။ အဲဒီမှာလည်း ဘလက်ခ်ဟာ ပရလောကသားအနွယ်ဝင် ကွီလု(ထ်)မျိုးနွယ်တစ်ဦးပါပဲ။ ဘလက်ခ်ကိုလည်း ဘယ်လာဟာ ရင်ခုန်မိပြန်တဲ့အတွက် ပရလောကသားနှစ်ဦးနဲ့ ချစ်သူဖြစ်မိတဲ့ ကောင်မလေးပေါ့။ အဲဒီကောင်မလေး ဘယ်လာ ရဲ့အဖြစ်ဟာ နောက်ဆုံးမှာ ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြပါဦးလို့...။ို
Millennium
Upper News
YANGON NEWS
Art Work
MandalayPhoto News
Movement
၂၀ဝ၉ ဒီဇင်ဘာ ၂၅ မှာ ရုံတင်မယ် Sherlock Holmes ဇာတ်ကားအကြောင်း သူတို့ပြောသမျှ
Music Guide
MOVIE GUIDE
GOLDEN BOOT PLAYER ကမ္ဘာကျော် ရွှေခြေထောက်ပိုင်ရှင်များ