Michael ဟာ အမျိုးမျိုးသော Theme တွေ Genre တွေကို ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးအစားသတ်မှတ်ရမယ်ဆိုရင် Pop နဲ့ Rock တွေဖြစ်ပြီး R&B လည်း အနည်းအကျဉ်းဆိုပါတယ်။ သူဟာ ဂီတသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ဂီတပုံစံကို Motown’s dance fare နဲ့ Ballads ကနေ funk ရစ်သမ်နဲ့ hard rock ဂစ်တာတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ techno-edged new jack swing ပုံစံသစ်တွေဖြစ်လာတဲ့အထိ ချဲ့ထွင်ခဲ့ပါတယ်။
၁၉၇၉ ခုနှစ်က ထွက်ခဲ့တဲ့ Off the Wall အယ်လ်ဘမ်ကို သူဟာ funk, disco-pop, soul, soft rock, jazz, pop ballad စတဲ့ genre တွေနဲ့ ဖန်တီးခဲ့ပါတယ်။ ထင်ရှားတဲ့ ballad တစ်ပုဒ်ကတော့ She’s out of my Life ဖြစ်ပြီး disco တေးသွားလေးနှစ်ပုဒ်ကတော့ Workin’ Day and Night နဲ့ Get on the Floor ပါ။
၁၉၈၂ မှာ ထွက်တဲ့ Thriller ကတော့ Off the wall ကိုပြန်ပြီး သန့်စင်မွန်းမံလိုက်တဲ့ အယ်လ်ဘမ်ပါ။ အကတွေ rock သီချင်းတွေဟာ ပိုပြီး ရန်လိုခက်ထန်လာသလို တေးသွားနဲ့သီချင်းလေးတွေကျပြန်တော့ ပိုပြီး ခံစားချက်ပြင်းပြစွာနဲ့ နူးညံ့ လွမ်းမောလာခဲ့ပါတယ်။ သတိပြုမိစရာကောင်းတဲ့ သီချင်းလေးတွေက The Lady in My Life, Human Nature, The Girl is Mine ဆိုတဲ့ ballad သီချင်းလေးတွေ၊
Billie Jean, Wanna be Startin’ Something ဆိုတဲ့ funk ပုံစံလေးတွေ၊ Baby be Mine နဲ့ P.Y.T(pretty Young Thing) ဆိုတဲ့ disco အခင်းအကျင်းလေးတွေပါ။ Thriller သီချင်းဟာ စိတ်က ယုံမှားကြောက်လန့်ပြီး တစ်ပါးသူတွေက ရန်မူမှာလားဆိုတဲ့ ပုံစံမျိုးနဲ့ subliminal theme ပုံစံဆိုထားတဲ့ Supernatural သီချင်းပါ။ Billie Jean ကတော့ သူ့ရဲ့ရင်သွေးဖြစ်ပါတယ်လို့ သူ့ကို အလွန်အမင်းစွဲလန်းပြီး စွပ်စွဲခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ Wanna be Startin’ Something ကိုတော့ အတင်းအဖျင်းပြောသူတွေ မီဒီယာသမားတွေကို ဆန့်ကျင်ကန့်ကွက်ပြီး ရေးလိုက်တာပါ။
Anti-gang violence rock တစ်ပုဒ်ဖြစ်တဲ့ Beat it ကတော့ West side story ရဲ့ ဂါရဝပြုခံတေးတစ်ပုဒ်ဖြစ်သွားပြီး ပထမဦးဆုံး အောင်မြင်ခဲ့တဲ့ rock အသွင်ပြောင်း သီချင်းပါ။
၁၉၈၅ မှာ လူသားချင်းစာနာထောက်ထားတဲ့ အများအကျိုးပြု We are the World ကိုရေးလိုက်ပြီးတဲ့အခါ အဲဒီအမျိုးသားရေးသီချင်း နိုင်ငံတော်သီချင်းဟာ နောက်ပိုင်းမှာ သူ့ဘဝသူ့ဂီတရဲ့ ဗဟိုအစိတ်အပိုင်းတစ်ခု ဖြစ်လာ ပါတော့တယ်။ (အမှန်တော့ မြန်မာစကားလုံး မရှိလို့ နိုင်ငံတော်သီချင်းလို့ ရေးလိုက်ရတာပါ။ ကမ္ဘာတော်သီချင်းဆိုရင် ပိုမှန် ပါလိမ့်မယ်။ ကမ္ဘာကြီးအတွက်ရေးခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံး တစ်ခဲနက် ကျော်ကြားသွားတဲ့ သီချင်းမို့ပါ။ မြန်မာပြည်က အဆိုရှင်တွေတောင် ဝိုင်းပြီး ဆိုလိုက်ကြပါသေးတယ်)။
၁၉၈၇ မှာ ထွက်တဲ့ Bad အယ်လ်ဘမ်ထဲမှာ Dirty Diana ဆိုတဲ့ ဂုတ်သွေးစုပ်အမြတ်ထုတ်တဲ့ ချစ်သူတစ်ယောက်အကြောင်း ဆိုထားတဲ့ သီချင်းလေးကတော့ တကယ့် rock သီချင်းကောင်းလေးပါ။ ဆင်ဂယ်သီချင်းတစ်ပုဒ်အဖြစ် အောင်မြင်ခဲ့တဲ့ I just can’t Stop Lovin’ You သီချင်းကတော့ အင်မတန် ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ရိုးရာ အချစ် ballad သီချင်းလေးပါ။ ရိုးရာဆိုပေမဲ့ သူပေးထားတဲ့ composing တွေဟာ အင်မတန်လှပတဲ့ တီးကွက်တွေ တူရိယာ နေရာချထားမှုတွေ ဖြစ်နေပါတယ်။ Man in the Mirror ဆိုတဲ့ အမျိုးသားသီချင်းကတော့ အစောပိုင်းကလုပ်ခဲ့တဲ့ အမျိုးသားသီချင်း We are the World ကို ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်လိုက်တဲ့ ဝန်ခံဖြောင့်ဆိုရင်း ဖြေရှင်းချက်ပေးလိုက်တဲ့ သံဓိဋ္ဌာန်ချ ballad အမျိုးအစားသီချင်းပါ။ Smooth Criminal သီချင်းက ရက်ရက်စက်စက် အတိုက်ခိုက်ခံရ မုဒိမ်းအကျင့်ခံရတဲ့ ကိစ္စတွေကို ပြန်မှတ်မိခံစားရတဲ့အကြောင်း ဆိုထားတာပါ။
Dangerous အယ်လ်ဘမ်ကတော့ သူ့ရဲ့ ဆန့်ကျင် ဘက်နှစ်ခု ပေါင်းစပ်ထားတဲ့ သီးခြားဆန်ဆန် လူသား တစ်ယောက်ပုံစံကို ဖော်ထားတာပါ။ ဒီအယ်လ်ဘမ်ဟာ အရင် Bad ထက်ပိုပြီး အမျိုးအစားရသစုံလင်အောင် ပေးနိုင်ခဲ့ပါတယ်။ အဲဒီအထဲက Heal the World သီချင်းဆိုရင် အမျိုးသားရေး သီချင်းဖြစ်လာခဲ့ပြီး လူလတ်တန်းစားအလွှာတွေကိုပါ ဆွဲဆောင် နိုင်ခဲ့ပါတယ်။ Jam နဲ့ Remember the Time ကတော့ new jack swing အမျိုးအစားဖြစ်ပြီး Why You Wanna Trip on Me သီချင်းကတော့ ဆာလောင်ငတ်မွတ်မှု၊ အေအိုင်ဒီအက်စ်၊ မူးယစ်ဆေးဝါး၊ အိမ်ခြေရာခြေမဲ့မှုစတဲ့ လူ့အဖွဲ့အစည်းတွေ ထဲက နာကျင်ခံစားရမှုတွေကို ဖော်ကျူးထားတဲ့ theme Song လေးပါ။
Dangerous ထဲမှာ လိင်ပိုင်းဆိုင်ရာ စွဲချက်အတင်ခံရတဲ့ In the Closet လို သီချင်းမျိုးလည်း ပါပါတယ်။ Pop-gospel ဟန်နဲ့ ဖန်တီးထားတဲ့ အမျိုးသားရေးသီချင်း Will You be There နဲ့ Heal the World, စတဲ့ သီချင်းတွေကတော့ ပရိသတ်တွေ အတွက် စဉ်းစားစရာတွေ တစ်ပုံတပင်ကြီး ဖြစ်ခဲ့ပါတယ်။ အမျိုးမျိုးသော လူတွေရဲ့ ရုန်းကန်ရမှုတွေ၊ စိုးရိမ်ပူပန်ရမှုတွေကို ဖော်ကျုးခဲ့တဲ့ သီချင်းတွေပါ။ Gone too Soon လို့ အမည်ရတဲ့ ballad အမျိုးအစားသီချင်းလေးကတော့ အေအိုင်ဒီအက်စ် သားကောင်ဖြစ်ခဲ့ရတဲ့ သူ့မိတ်ဆွေ Ryan White ဆိုတဲ့ ကလေးမလေးအကြောင်း ဆိုထားတာပါ။
History အယ်လ်ဘမ်ကတော့ သူတစ်ပါးကို ယုံမှားကြောက်လန့်မှု Paranoia ပုံစံတွေနဲ့ ဖန်တီးထားပါတယ်။ အဲဒီအယ်လ်ဘမ်မှာ ထူးခြားတာလေးက Scream နဲ့ Tabloid junkie သီချင်းကို new jack swing-funk-rock ပုံစံမျိုးဖန်တီးထားတာပါ။ မတရားမှု၊ မမျှတမှုနဲ့ အထီးကျန်ခံစားရမှုကို လက်တုန့်ပြန်ဆန့်ကျင်တဲ့ အသွင်မျိုးဆိုထားတဲ့ You are not Alone သီချင်းကတော့ R&B ballad အမျိုးအစားပါ။ Stranger in Moscow ကတော့ ပရိသတ်တွေအတွက် တွေးတောစရာတွေ အများကြီးထားခဲ့တဲ့ သီချင်းဖြစ်သလိုFall from Grace လို့ ကြေကွဲရတဲ့သီချင်းတွေ Earth Song, Childhood, Little Susie, Smile စတဲ့ သီချင်းတွေက Operation Pop အမျိုးအစားတွေပါ။
Invincible အယ်လ်ဘမ်မှာတော့ သူဟာ တော်တော်လေး ပင်ပင်ပမ်းပမ်း လုပ်လိုက်ရတာကို တွေ့ရပါတယ်။ urban soul ပုံစံ အယ်လ်ဘမ်တစ်ချပ်ပါ။ ဥပမာ Cry, The Lost Children သီချင်းတွေက urban soul အမျိုးအစားဆန်ပါတယ်။ Speech less, Break of Dawn, Butterflies တွေကတော့ ballad အမျိုးအစားသက်သက်ပါ။ 2000 Watts,Heartbreaker,Invincible သီချင်းတွေက hip hop, rap နဲ့ pop တွေ ရောမွှေထားတဲ့ သီချင်းပါ။
ကမ္ဘာကြီးမှာ Michael Jackson ပေါ်လာလိုက်တာဟာ ဂီတယဉ်ကျေးမှုကြီးတစ်ခုလုံးကို လုံးဝ ပြောင်းလဲသွားစေ ခဲ့ပါတယ်လို့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကျွမ်းကျင်သူတွေရော၊ ဂီတပညာရှင်တွေရော၊ ပရိသတ်တွေပါ Thriller အယ်လ်ဘမ် စထွက်ကတည်းက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။
ထူးခြားတဲ့ ကိုယ်ပိုင် ဂီတဟန်တွေကို ဖန်တီးခဲ့၊ ကိုယ်ပိုင်အကဟန်တွေကို ဖန်တီးခဲ့တဲ့ Michael ဟာ music video လောကကြီးကို တစ်ခေတ်ပြောင်းစေခဲ့ပြီး ကြီးပွားတဲ့ စီးပွားရေးလုပ်ငန်းကြီး အသွင်ဖြစ်အောင် ထုတ်လုပ်သူတွေ တီဗီ ချန်နယ်တွေကို ဦးဆောင်မှုပေးနိုင်ခဲ့တဲ့အတွက် ကမ္ဘာကြီးဟာ အရုပ်ရော အသံပါပါတဲ့ ဂီတဗီဒီအိုတွေကို ပုံစံသစ်၊ တိုးတက်မှုအသစ်တွေနဲ့ ခံစားခွင့် ရခဲ့ပါတယ်။ ကခုန်မှု သီဖွဲ့မှုအသစ်တွေကို ခံစားခွင့်ရခဲ့ကြပါတယ်။
စာရှည်သွားပြီဖြစ်လို့ ဆောင်းပါးအစမှာပြောခဲ့သလို သူ့ရဲ့ vocal style တွေကို နောင်အလျဉ်းသင့်မှပဲ ဖော်ပြပါ တော့မယ်။ ကိုယ်တိုင် သီချင်းတွေရေးခဲ့၊ ဂီတမှူးလုပ်ခဲ့၊ အကတွေထွင်ခဲ့၊ တူရိယာမျိုးစုံ ကျွမ်းကျင်ခဲ့ အကျိုးပြု သီချင်းတွေရေးပြီး Heal the World ဖောင်ဒေးရှင်းအပါအဝင် လူမှုရေးအဖွဲ့အစည်းတွေထောင်ခဲ့ ငွေပေါင်းများစွာ လှူဒါန်းခဲ့တဲ့ Michael Jackson တစ်ယောက် လူသားတွေအပေါ် သူပြုခဲ့တဲ့အကျိုးတွေအတွက် မဝေးတော့တဲ့ရက်တွေမှာ ဘယ်ဂတိမှ မလားရတဲ့သူ ဖြစ်ပါစေလို့ ကမ္ဘာကြီးကိုယ်စား ဆုတောင်းအမျှဝေပေးလိုက်ပါတယ်။
ဖြန့်ချိခဲ့သော အယ်လ်ဘမ်များ
- Got to Be There (1972)
- Ben (1972)
- Music and Me (1973)
- Forever, Michael (1975)
- Off the Wall (1979)
- Thriller (1982)
- Bad (1987)
- Dangerous (1991)
- History (1995)
- Invincible (2001)
စုစည်းဖြန့်ချိခဲ့သော Compilations များ
- The Best of Michael Jackson
- Anthology
- Number Ones
- The Ultimate Collection
- The Essential Michael Jackson
- Visionary: The Video Singles
- King of Pop
ဖြန့်ချိခဲ့သော ဗီဒီယိုများ
- The Wiz
- Thriller
- Captain EO
- Moonwalker
- “Stark Raving Dad”
- Ghosts
- Miss Cast Away
- Dangerous-The Short Films
- Video Greatest Hits-History
- History on Film, Volume ll
- Number Ones
- The One
- Live in Bucharest: The Dangerous Tour
အခြားသောဖြန်ချိခဲ့မှုများ
- One Day in Your Life
- E.T the Extra - Terrestrial
- Farewell My Summer Love
- Looking Back to Yesterday
- Blood on the Dance Floor:
History in the Mix
- Thriller 25