ခြေစွမ်းပြကစားနိုင်ခဲ့ကာ အာဆင်နယ်အတွက် ပြည်တွင်းတန်ဖိုးကြီးဖလားနှစ်လုံး ဆွတ်ခူးနိုင်တဲ့အထိ အရေးပါတဲ့ဂိုးတွေ သွင်းပေးခဲ့ပါတယ်။ ၁၉၉၈-၉၉ ဘောလုံးရာသီမှာတော့ PFA Young Player of the Year Award ဆုကို အနယ်ကာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရာသီမှာ အာဆင်နယ်ဟာ သူတို့ရရှိထားတဲ့ ပရီးမီးယားလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကို မကာကွယ်နိုင်ဘဲ လက်လွှတ်ခဲ့ရပါတယ်။