| Myra e နဲ့ pH Care တို့ရဲ့ ထုက်ကုန်သစ်မိတ်ဆက် |
|
 |
|
အမျိုးသမီးတိုင်း သန့်ရှင်းလန်းဆန်းပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရရှိစေမယ့် pH care နဲ့ Myra e ၏ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို Traders Hotel မှာ ၂၅.၈.၂၀၀၉ က ကျင်းပခဲ့သည်။ မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် ချစ်သုဝေက ဆောက်ရွက်ခဲ့ပြီး သူရဲ့ pH care အတွေ့အကြုံများကိုပါ ရှင်းပြခဲ့ပါတယ်။ pH care နှင့် Myra e အလှကုန်တွေကို ဖိလစ်ပိုင်နိုင်ငံ United Pharma ကုမ္ပဏီက ထုတ်လုပ်ပြီး မြန်မာနိုင်ငံ United Pharma ကုမ္ပဏီက တင်သွင်း ဖြန့်ချိတာဖြစ်ပါတယ်။ |
|
| PH care ထုတ်ကုန်တွေကို မော်လ်ဒယ်လေးတွေနဲ့လည်း သရုပ်ပြမိတ်ဆက်ပေးခဲ့ပါတယ်။ ထုတ်ကုန်တွင် pH care အပြင် ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအတွက် နူးညံတဲ့အရေးပြားကို ထိခိုက်မှုမရှိစေတဲ့ နေ့စဉ်ပုံမှန်သုံးစွဲနိုင်ပြီး ထိရောက်စွာ သန့်စင်ပေးနိုင်တဲ့ Pure’nFresh ဆယ်ကျော်သက်သုံး သန့်စင်ဆေးရည်ကိုပါ ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| Estilo ဆိုင်ဖွင့်ပွဲ |
|
|
|
| Estilo fashion shop ဖွင့်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ပါတယ်။ fancy Accessories တွေ၊ Fancy အ၀တ်အထည်တွေ၊ ဖိနပ်နဲ့ လက်ကိုင်အိတ်တွေကို ဈေးနှုန်းသက်သာစွာ ရောက်ချပေးလျက်ရှိနေပါတယ်။ Estilo fashion ဆိုင်ကို အမှတ် C-3၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| ဒေါက်တာခင်မောင်လွင် (FAME) ၏ ကျန်းမာရေးစာအုပ်သစ် |
|
|
|
| ဆရာဝန်စာရေးဆရာ ဒေါက်တာခင်မောင်လွင် (FAME) ပြုစုသည့် မျိုးဗီဇပြုပြင်ထားသော အစားအစာနှင့် ကျန်းမာရေး စာအုပ်သစ်ကို စာမူခွင့်ပြုချက်အမှတ် ၄၀၀၂၇၀၀၆၀၉ ဖြင့် စာပေလောက စာအုပ်တိုက်မှ ဖြန့်ချိလိုက်ပြီဖြစ်သည်။ စာအုပ်သစ်မိတ်ဆက်ပွဲအဖြစ် ၁၉.၈.၂၀၀၉ တွင် ပန်းဆိုတန်းအထက်လမ်းရှိ စာပေလောက လက်လီ၊ လက်ကား အရောင်ဆိုင်၌ ကျင်းပခဲ့သည်။ စာအုပ်သစ်မိတ်ဆက်ပွဲတွင် စာရေးဆရာ တက္ကသိုလ်စိန်တင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဆရာဒေါက်တာခင်မောင်လွင် (FAME) က စာအုပ်နှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ စာအုပ်ပါ အကြောင်းအရာများမှာ MRTV-4 တွင် ဟောပြောထုတ်လွင့်ခဲ့သော ကျန်းမာရေးဆိုင်ရာ ထုတ်လွင့်ချက်များကို စုစည်းပုံနှိပ်ထားခြင်း ဖြစ်သည်။ ယနေ့ခေတ်တွင် အစားအသောက်အသီးအနှံများတွင် မျိုးဗီဇ ပြုပြင်ထုတ်လုပ်လာခြင်းနှင့် ယင်းတို့မှ ရရှိနိုင်သော ကျန်းမားရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအကြောင်း စုံလင်စွာ ဖော်ပြထားသော စာအုပ်ဖြစ်ပြီး ကျန်းမာရေးလက်စွဲ စာအုပ်ကောင်းအဖြစ် လေ့လာသိမ်းဆည်းရမည့် စာအုပ် ကောင်းလည်းဖြစ်သည်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| ptt ရဲ့ Double Duet |
|
|
|
| အဆိုတော် ဖြူဖြူကျော်သိန်း၊ ရေဗက္ကဝင်း၊ နောနော်၊ ဟန်ထွန်း တို့ရဲ့ double duet ရှိုးပွဲပြုလုပ်ခြင်းအား စာနယ်ဇင်းအသိပေးပွဲ အခမ်းအနားကို ၂၅.၈.ဝ၉ အင်္ဂါနေ့က City Star ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ရေးနဲ့ ပတ်သက်၍ အဆိုတော် ဖြူဖြူကျော်သိန်း၊ ရေဗက္ကဝင်းတို့မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| အဓိပတိလမ်းမှာ မိုးတွေရွာခိုင်းသူ သဲနုဝါ |
|
|
|
| ‘တိမ်ဦးလေပြည် မောင့်ကိုစေ’ မြန်မာသံစီးရီးနဲ့ လူသိများလာခဲ့သူ အဆိုတော် သဲနုဝါရဲ့ ဒုတိယစီးရီး ‘အဓိပတိလမ်း မှာမိုးတွေရွာ’ တေးစီးရီးမိတ်ဆက်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့က Central ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ စီစဉ်သူ ကိုအောင်နိုင်၊ ဂီတမှူး ကိုလှအေး၊ ဂီတစာဆိုမောင်ကျော်ဇောတို့မှ ‘အဓိပတိလမ်းမှာမိုးတွေရွာ’ တေးစီးရီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြခဲ့ပြီး တေးသံရှင်မသဲနုဝါက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| ရွှေတောင်ရတနာရဲ့ ဘယ်သူ့ကိုအချစ်ဆုံးလဲ |
|
 |
|
ဝတ္တု- လမင်းမိုမို၊ ဇာတ်ညွှန်း- အောင်ကြီးရဲ့လက်ရာကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးပြီး သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင်၊ ဟိန်းဝေယံ၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဘယ်သူ့ကို...အချစ်ဆုံးလဲ’ ဒီဗီဒီအထူးပွဲပြသခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့က ရွှေမန်း(အဆင့်မြင့်ရုပ်ရှင်ရုံ)မှာ ပြသသွားခဲ့ပါတယ်။ |
|
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| ကြောက်လိုက်ကြစို့ သူငယ်ချင်း |
|
 |
|
သရဲအလွန်ကြောက်တတ်သူ မင်းသား နေမခ၊ ဒါရိုက်တာ အလွန်ဖြစ်ချင်သူ စာရေးဆရာ သတိုးနေလ၊ သရုပ်ဆောင် မင်းသမီး အလွန်ဖြစ်ချင်သူ ညိုပြာဝိုင်။ ရုပ်ရှင်ရိုက်ဖို့ ပြင်ဦးလွင်ကို ခရီးထွက်ခဲ့တဲ့ နေမခတစ်ယောက် သီရိမြိုင်ဟိုတယ်မှာ သရဲအခြောက်ခံခဲ့ရပါတယ်။ နေမခတစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ပရိသတ်ကြည့်ရှု ခံစားနိုင်အောင် ‘လှိုင်’ ရုပ်ရှင်ထုတ်လုပ်ဖြန့်ချိရေးကနေ ‘ကြောက်လိုက်ကြစို့ သူငယ်ချင်း’ ဒီဗီဒီ ဇာတ်ကားကို ဇာတ်ညွှန်းအောင်ကြီး၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) |
|
| တို့နဲ့ နေတိုး၊ နေဆန်း၊ နန္ဒာလှိုင်၊ ဖူးဖူးနဲ့ အနုပညာရှင်များစွာတို့ ပါဝင်ရိုက်ကူးထားပါတယ်။ စာနယ်ဇင်း မိတ်ဆက်ပွဲကိုတော့ ဩဂုတ် လ ၁ ရက်နေ့က ရွှေမန်းရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| စကားဝါခန်းမရဲ့ သရုပ်ဆောင်အခြေခံသင်တန်း |
|
|
|
| ဒါရိုက်တာ ဟိန်းစိုး၊ မောင်ပြည့်ဝ (ပန်းဝေသီ)၊ ဝိုင်း၊ မောင်အောင် (ရူပဗေဒ)၊ စာရေးဆရာ မင်းခိုက်စိုးစံ၊ နွမ်ဂျာသိုင်း နဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးမြင့်သိန်းဖေတို့က အခြေခံသရုပ်ဆောင်ခြင်း၊ စာတွေ့၊ လက်တွေ့သင်တန်းကို ရန်ကင်း ပြည်သာယာ မှာရှိတဲ့ စကားဝါခန်းမမှာ ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းကာလ နှစ်လဖြစ်ပြီး တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အခမဲ့သင်တန်းဖြစ်ပြီး အနာဂတ်အတွက် သရုပ်ဆောင် ကောင်းတွေကို မွေးထုတ်ပေးသွားမှာဖြစ်တယ်လို့ ဦးအုန်းခိုင်(စကားဝါ)က ပြောကြားခဲ့ပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| သရုပ်ဆောင်သစ် သက်ထွဋ်လင်း၏ မွေးနေ့ပွဲ |
|
|
|
| မော်ဒယ်လ် သရုပ်ဆောင်သစ် သက်ထွဋ်လင်းရဲ့ မွေးနေ့ပွဲကို ဩဂုတ်လ ၂၃ ရက်နေ့က စင်ထရယ်လ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ အနုပညာရှင် မောင်နှမတွေ၊ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေနဲ့အတူ ၁၈ နှစ်ပြည့် မွေးနေ့ပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| အဘပြောပြခဲ့တဲ့ လှဖေမြမေနဲ့ ဇင်ယော်နီ |
|
 |
|
အဘမင်းသိင်္ခပြောပြလေ့ရှိတဲ့ လှဖေ မြမေဇာတ်ထုပ်နဲ့ ယတြာတွေ မှတ်တမ်း တင်ထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ဆရာ ဇင်ယော်နီက ဩဂုတ်၂၀ ရက်နေ့၊ နံနက် ၉ နာရီက ပြုံးပန်းတစ်ရာစာပေတိုက်မှာ ကျင်းပခဲ့ပါတယ်။ အသုံးတည့်မယ့် ခေတ်ဆန်ခြင်းတွေကို အမြဲကြံဆရှာဖွေခဲ့တဲ့ အဘမင်းသိင်္ခ အလွမ်းပြေအဖြစ် ဒီစာအုပ်ကို ဖြန့်ချိခဲ့တာ ဖြစ်တယ်လို့ သိရှိခဲ့ရပါသည်။ |
|
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| အကောင်းဆုံး ကွင်းလယ်ဒိုင်လူကြီးများ ဆုချီးမြှင့် |
|
|
|
| ကျင်းပပြီးစီးခဲ့တဲ့ ပထမအကြိမ် မြန်မာနေရှင်နယ်လိဂ် MNL Cup Grand Royal 2009 ပြိုင်ပွဲမှ အကောင်းဆုံးဒိုင်လူကြီးများ ရွေးချယ်ဆုချီးမြှင့်ပွဲကို ၂၂.၈.၂၀ဝ၉ က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နဲ့ Eleven Media Group မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါတယ်။ ဆုချီးမြှင့်ရာမှာ အကောင်းဆုံးကွင်းလယ်ဒိုင် ပထမဆု ကျပ် ၁၀ သိန်းကို ဦးဝင်းချို၊ ဒုတိယဆု ကျပ်ငါးသိန်းကို ဦးဝင်းထွဋ်၊ အရံဒိုင်ပထမဆု ကျပ်ငါးသိန်းကို ဦးမျိုးဝင်း၊ ဒုတိယဆု ကျပ်သုံးသိန်းကို ဦးထွန်းရီတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆုတွေကို Eleven Media Group က ချီးမြှင့်တာဖြစ်ပြီး ကစားသမား၊ ကွင်းတွင်းပရိသတ်၊ ရုပ်/သံကြည့်ပရိသတ်များ၏ ဆန္ဒကို ကောက်ခံရွေးချယ်ပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| သွေးလှူရှင်များအတွက် Myanmar Double Strong Beer ၏ စေတနာအစီအစဉ် |
|
 |
|
မြန်မာဘရူဝါရီလီမိတက်၏ ထုတ်ကုန်သစ်ဖြစ်သော Myanmar Double Strong Beer ဈေးကွက်မိတ်ဆက်ခြင်း တစ်စိတ်တစ်ဒေသ အဖြစ် သွေးလှူရှင်များအတွက် အသည်းရောင်အသားဝါ ‘ဘီ’ပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးရေးအစီအစဉ်ကို ၆.၈.၂၀ဝ၉ တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ ကာကွယ်ဆေးများကို မြန်မာဘရူဝါရီ လီမိတက်က ပံ့ပိုးပေးခဲ့သည်။ အစီအစဉ်အရ ပုသိမ်မြို့နှင့် လပွတ္တာမြို့ တို့မှ သွေးလှူရှင်စုစုပေါင်း ၆၄၅ ယောက်ကို ကာကွယ်ဆေးများ ထိုးပေးခဲ့သည်။ |
|
| ယင်းအစီအစဉ်တွင် ပုသိမ်မြို့မှ တာဝန်ရှိသူ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ဆရာဝန်သူနာပြုများနှင့် စေတနာဝန်ထမ်း အဖွဲ့များပါဝင်ကူညီခဲ့ကြသည်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| သားသားမီးမီးတို့အတွက် Grow စီစဉ်တဲ့ပွဲ |
|
 |
|
သားသားမီးမီးတို့အတွက် ပျော်စရာနဲ့ ကျန်းမာရေးပညာပေး အစီအစဉ်တစ်ရပ်ကို Grow နဲ့ Dream Boat Entertainment အဖွဲ့က ပူးပေါင်းပြီး O’cean East Point shopping Center မှာ ၂၆.၇.၂၀ဝ၉ က ကျင်းပခဲ့ပါတယ်။ ပျော်ပွဲရွှင်ပွဲများ၊ ကစားပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲတွေနဲ့အတူ Special Promotion အစီအစဉ်တွေကို ထည့်သွင်း ကျင်းပပေးခဲ့ပါတယ်။ |
|
| အထူးအစီအစဉ်အဖြစ် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်မေလွင်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်ဖွယ်ရာများကိုပါ ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| ရှမ်းပြည်မှာပွင့်တဲ့ Cherry FM |
|
 |
|
City FM, Mandalay FM ကို လွှင့်တင်ပြီးတဲ့နောက်မှာတော့ ရှမ်းပြည်နယ်ကိုကိုယ်စားပြုပြီး လွှင့်တင်မယ့်ဌာနတစ်ခု ပေါ်ပေါက် လာပြန်ပါပြီ။ Cherry FM လို့ခေါ်တဲ့ Radio Station ဟာ စိတ်ဝင်စားဖွယ် ကဏ္ဍပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကို တိုးဝှေ့ ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ကျားပေါက်၊ အကြည်တော်၊ တူးတူး၊ မိုးမိုး၊ ကိုင်ဇာ၊ ငယ်ငယ်၊ စိုင်းစိုင်းခမ်းလှိုင်၊ အရိုး၊ ဓီရာမိုရ်၊ စိမ်းမို့မို့၊ ရွှေဂျော်ဂျော်၊ ဇဝါစတဲ့ အနုပညာရှင်တွေ စီစဉ်တဲ့ |
|
| အနုပညာကဏ္ဍ၊ ပညာပေးကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍ စတဲ့ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေကို စက်တင်ဘာလ ၁ ရက်ကနေစပြီး နံနက် ၆ နာရီမှ ည ၈ နာရီထိ ထုတ်လွှင့်ပေးသွားမှာပါ။ လတ်တလောကတော့ ရှမ်းပြည်နယ်ကို အဓိကထား ထုတ်လွှင့်သွားမှာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို ထုတ်လွှင့်ပေးဖို့လည်း အစီအစဉ်ရှိပါတယ်။ 89.8 MHz စိတ်ဝင်စားဖွယ် အစီအစဉ်တွေကို ခံစားနားဆင်ဖို့ စောင့်မျှော်လိုက်ကြရအောင်။ |
|
| xxxxxxxxxxxxxxxxxxxxxxxxxxx |
|
| လမ်းဟောင်းအတိုင်း လျှောက်နေတဲ့ ကေကေတီ |
|
 |
|
တစ်ခေတ်မှာ တစ်ယောက်ဖြစ်ခဲ့သူ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းတွေကို နှင်းပွင့်သစ္စာ တေးစီးရီးမှာ ပြန်ဆိုခဲ့ပြီး အောင်မြင်ခဲ့သလို၊ ဒုတိယစီးရီး ‘လမ်းဟောင်း’ စီးရီးကို ယုံကြည်စွာ ကြိုးစားဖန်တီးသူ ကေကေတီက စာနယ်ဇင်းတွေကို အသိပေးမိတ်ဆက်ခဲ့ပါတယ်။ အခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့က SS food Center မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် တက္ကသိုလ်ကိုကိုဇော်က ဆောင်ရွက်ပြီး ရင်ဖွင့်စကားနဲ့ ကျေးဇူးတင်စကားကို အဆိုတော် ကေကေတီက ပြောကြားခဲ့ပါတယ်။ |
|
| ‘လမ်းဟောင်း’ အယ်လ်ဘမ်မှာ မြန်မာပြည်သိန်းတန်ရဲ့ သီချင်း ၆ ပုဒ် အပါအဝင် တေးရေး R- ခိုင်ရဲ့ သီချင်း ၃ ပုဒ်၊ တေးရေးအိုက်ပီးရဲ့ own tune ၂ ပုဒ်တို့ကို သီဆိုထားပါတယ်။ Tape၊ CD, VCD ကို အောက်တိုဘာလလယ်မှာ စန္ဒာတေးသံသွင်းက ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ |