Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No.6, Volume 2, April 2008
Magazine Contents of this month
Yangon News
Kanebo, Pupa, Kracie cosemetic တို့၏ Staff Party
Kanebo, Pupa, Kracie cosemetic တို့၏ Staff Party ပျော်ပွဲရွှင်ပွဲ ကို ၂၁.၁.၂၀၀၈တွင် ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ Ginzapan ၌ ကျင်းပခဲ့ရာ မိသားစုဝင်ထမ်းများဖြင့် တပျော်တပါးတက် ရောက်ခဲ့ကြသည်။ တစ်နှစ်ပါတ်လုံး၏ ထူးချွန်ဝင်ထမ်းများကိုလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပျော်ရွှင်စရာ ကံစမ်းမဲအစီအစဉ်များဖြင့် စည်ကားလှစွာ ပွဲလေးတစ်ပွဲဖြစ်ခဲ့သည်။
La Source ၏ မြတ်သောအလှူ
Lo real (Paris), Maybellin(New York), Decleor(Paris),La Source Beauty Spa, Le Studio, Beauty Bar နှင့် Manis Restaurant & Bar တို့မှချို့တဲ့သော ကလေးများအတွက် ရန်ကုန်တိုင်း လှည်း ကူးမြို့နယ်၊ ငါးဆူတောင်စံပြကျေးရွာ၊အမှတ် ၅ရပ်ကွက်၊ ချမ်းမြေ့ဂုဏ်ရည် ၀ိပဿနာရိပ်သာတွင် ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ရန် အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ၂. ၂. ၂၀၀၈ နံနက် ၁၀နာရီတွင် La Source Group က ကျင်းပခဲံသည်။ La Source ၏ Managing Director Mrs. Jane Soon က ချမ်းမြေ့ရိပ်သာမှ ဂန္တ၀ါစကပဏ္ဍိတဆရာကြီး ဒေါ်ဆေက၀တီထံ အလှူတော်ငွေ ကျပ်သိန်း ၈၀ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ညီပုလေးနဲ့ မိချမ်းဝေရဲ့ အညာပင်လယ်
ညီပုလေးရဲ့ အညာမြေမဟီတောင် ကွဲလောက်ပါရဲ့၊ မိချမ်းဝေရဲ့ ညံ့သက်ပြေလွင် လှိုင်းကလေး...သင် ၀တ္ထုလုံချင်းအဖြစ် ထွက်ရှိခဲ့တယ်။ မိုးဟိန်း (သားဂျာနယ်ကျော်)က သူ့ရဲ့အမှာစာမှာ ခုလို ချီးမွမ်းခန်းဖွင့်ထားတာတွေ့ရတယ်။ ညီပုလေးရဲ့ ၀တ္ထုကို စာဖတ်သူနားတွေအူပြီ မျက်စိနောက်ကျန်ခဲ့အောင် လှုပ်ရှားစေတဲ့ဝတ္ထုတဲ့။ မိချမ်းဝေရဲ့ ၀တ္ထုကိုတော့ ဒေသန္တရဗဟုသုတနဲ့ လူငယ်တို့ရဲ့ဘ၀ကို ကရုဏာရသ ပေါ်လွင်စွာနဲ့ ဖော်ပြအသွင်နဲ့သာဆိုရင် ကားကောင်းကြီးတစ်ခုဖြစ်မှာ မုချ တဲ့။ စာမူခွင့်ပြုချက် ၅၀၁၁၃၁၀၉၀၇
North Point Shopping Center ၏ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဖျော်ဖြေပွဲ
တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ဖျော်ဖြေ အထူးအစီအစဉ်ကို ၉.၂.၂၀၀၈ ခုနှစ်တွင် ရန်ကုန်မြို့ North Point Shopping Center တွင် ကျင်းပခဲ့သည်။ တရုတ်ရိုးရာ ခြသေ့င်္အက၊ ၀ူရှူးသိုင်းအလှအက၊ Talents & Mondels မှတရုတ်ရိုးရာ နှစ်သစ်ကူး ယပ်တောင်အကအလှများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Precious face with Precious Gold ပစ္စည်းမိတ်ဆက်ပွဲ
Pupa cosmetics မှ ထပ်မံတင်သွင်းလိုက်သော Precious face with Precious Gold ပစ္စည်းသစ်မိတ်ဆက်ပွဲကို ၉.၂.၂၀၀၈တွင် ရန်ကုန်မြို့၊ စိန်ဂေဟာစူပါစင်တာတွင် ကျင်းပခဲ့သည်။ လာရောက် ၀ယ် ယူ အားပေးသူများကို ၁၂.၂.၂၀၀၈ အထိ ၅၀% ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
O2 ၏ ပျော်ပွဲရွှင်ပွဲ အစီအစဉ်
O2 ခေါင်းလျှော်ရည်သုံးစွဲသူများအတွက် အမှတ်တရ ပျော်ပွဲရွှင်ပွဲ အစီအစဉ်ကို လပြည့်ဝန်းပလာဇာ၌ ၁၄.၂.၂၀၀၈တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းပျော်ပွဲရွှင်ပွဲကို O2 ချစ်သူပရိသတ်များ၊ လူငယ်များနှင့် စတ်ဝင်စားသူများ တက်ရောက်ကြပြီး ဥာဏ်စမ်းအမေးအဖြေ ဖြေဆိုခြင်း၊ ပျော်စရာကစားနည်း များကို ပါဝင်ဆင်နွှဲခြင်းများပြုလုပ်ခဲ့ပြီး O2 ကလည်း အမှတ်တရလက်ဆောင် များကိုပြန်လည်ပေးအပ်ခဲ့သည်။
Myanmar Beer ၏ တရုတ်နှစ်သစ်ကူးပွဲတော်
မြန်မာဘီယာမှ တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ဧည့်ခံပွဲကို ဖေဖေါ်ဝါရီ ၅ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၁၉လမ်း၌ ကျင်းပခဲ့သည်။ General Manager Mr. Peter Ong နှင့်Bra -nd Manager Mr. Ronald Chang တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နှစ်သစ်အတွက် ဆုတောင်း ပေးခဲ့သည်။ The Last Don ရိုးရာ ခြသေ့င်္အက အဖွဲ့ကလည်း ကပြဖျော်ဖြေ ခဲ့သည်။
ချမ်းငြိမ်းကျော်နှင့် သားကြီးတို့၏ ပန်းချီပြပွဲ
လူငယ်ပန်းချီဆရာနှစ်ဦးဖြစ်သည့် ပန်းချီချမ်းငြိမ်းကျော်နှင့် ပန်းချီသားကြီးတို့၏ 2008 CNK & THARGYI Contemporary Art Show ကို သမ္မတဟိုတယ် ပန်းချီပြခန်းတွင် ၉-၂-၂၀၀၈ မှ ၁၀-၂-၂၀၀၈ အထိ ခင်းကျင်းပြသသွားခဲ့သည်။ ပြပွဲရက်တိုသော်လည်း အနုပညာအသိုင်းအ၀ိုင်းနှင့် စိတ်ဝင်စားသူတို့၏ လာရောက် ကြည့်ရှုအားပေးမှုတို့ဖြင့် စည်ကားခဲ့သော ပန်းချီပြပွဲလေးတစ်ရပ် ဖြစ်ခဲ့သည်။
Snow Flake Art Gallery ၏ပွဲဦးထွက် ပန်းချီပြပွဲ
မြန်မာဂန္ထ၀င်ပန်းချီဆရာကြီးများဖြစ်သည့် ဦးစံဝင်း၊ ဦးဘဉာဏ်၊ ဦးထွန်းညွန့်တို့၏ ပန်းချီကားများ အပါအ၀င် ပန်းချီဆရာ ၁၉ဦး၏ ပန်းချီကားများဖြင့် စမ်းချောင်းမြို့နယ်၊ ရှင်စောပုဘုရားလမ်းရှိ Snow Flake Art Gallery ကို ပွဲဦးထွက် ဖွင့်လှစ်ခဲ့သည်။ ပန်းချီပြပွဲကို ၂၁-၂-၂၀၀၈ မှ ၅-၃-၂၀၀၈အထီ ဖွင့်လှစ်ပြသခဲ့ပြီး Spring Art Exhibition ဟုအမည်ပေးထားသည်။ ပြခန်းပိုင်ရှင် ဒေါ်နှင်းနှင်းဦးက ယခုပြပွဲသည် သားဖြစ်သူအတွက် ကျေးဇူးပြုခဲ့ကြသော ဆရာကြီးများ၏မေတ္တာ၊ စေတနာကို တန်ဖိုးထားတုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင်ဝါသနာပါသော အနုပညာလုပ်ငန်းအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြည့်စွက်ပါဝင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပန်းချီဆရာ ၂၇ဦးရဲ့ Fire Art Show
ပန်းချီဆရာ ၂၇ဦးတို့ စုစည်းပြသခဲ့တဲ့ Fire Art Show ကို ၂၀၀၈ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ကနေ ၂၈ရက်နေ့အထိ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ ဗိဿနိုးပန်းချီပြခန်းမှာ ခင်းကျင်းပြသခဲ့သည်။ ဘ၀င်း၊ အောင်မြင့်၊ အောင်အောင်တိတ်၊ တင်ဝင်း၊ ကျော်ညွှန့်လင်း၊ ချမ်းငြိမ်းကျော်၊ ရှိန်း၊ ကိုသုခ၊ အေးကို၊ ကိုဂျူ၊ အောင်ခင်မြင့်၊ ငြိမ်းချမ်းဆု၊ သားကြီး၊ ဟိန်းသစ်၊ သည်မော်နိုင်၊ လင်းဝဏ္ဏ၊ ကိုဇက်၊ ကိုကိုနိုင်၊ နန်းနန်း၊ သူရိန်၊ ကြည်ဝင်း၊ အောင်ကို၊ အောင်မြတ်ဌေး၊ ချစ်ကိုကို၊ ဆက်အောင်(TT)၊ ကောင်းဆု၊ ဇေဖြိုး တို့ရဲ့ ကိုယ့်ခံစားမှုနဲ့ကိုယ် ပုံဖော်ခဲ့တဲ့ အနုပညာလက်ရာများဖြစ်ကြသည်။
သူတစွယ်စုံ စာပေဆုချီးမြှင့်
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ ကြီးကြပ်မှုဖြင့် SWESONE MEDIS GROUP သုတစွယ်စုံ စာအုပ်တိုက်၏ တတိယအကြိမ် သူတစွယ်စုံ စာပေဆုချီးမြှင့်ပွဲကို HOTEL NIKKO တွင် ၁၇-၂-၂၀၀၈ က ကျင်းပခဲ့သည်။ ဆုပေးပွဲတွင် သူတစွယ်စုံ စာအုပ်တိုက်၏ အယ်ဒီတာချုပ် ဒေါက်တာ တင်ထွန်းဦးက အဖွင့် မိတ်ဆက်စကားနှင့် စာပေဆု ချီးမြှင့်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မောင်ဆုရှင်က စာပေဆုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၀၆ ခုနှစ်အတွက် စာပေဆုရ စာရေးဆရာများအဖြစ် သူတစွယ်စုံ တစ်သက်တာ စာပေဆုကို ဦးမျိုးသန့် (မောင်ဆုရှင်)၊ သူတစွယ်စုံစာပေဆု(၀ိဇ္ဇာ)ကို ဒေါက်တာမတင်ဝင်း၊ သုတ စွယ်စုံစာပေဆု(စာပဒေသာ)ကို နောင်စစ်သည်၊ သုတစွယ်စုံ စာပေဆု(သိပ္ပံ) ကို ဘိုးလှိုင်၊ သုတစွယ်စုံစာပေဆု (အသုံးချသိပံ္ပ)ကို ဒေါက်တာခင်မောင် လွင်(FAME)၊ သုတစွယ်စုံ စာပေဆု(ဘာသာပြန်)ကို မောင်မြင့်ကြွယ်၊ သုတစွယ်စုံစာပေဆု (ရည်ညွှန်းစာပေ)ကို တောင်ခိုး၊ သုတစွယ်စုံစာပေဆု (နိုင်ငံတကာရေးရာ)ကို ရဲရင့်တင့်ဆွေ၊ သုတစွယ်စုံစာပေဆု(လူမှုစီးပွားရေး) ကို ခင်မောင်ညို(ဘောဂဗေဒ)၊ သုတစွယ်စုံစာပေဆု(လူငယ်စာပေ)ကို နေဇင်လတ်တို့က ရရှိခဲ့သည်။ တစ်သက်တာ စာပေဆုအတွက် ဆုငွေ ငါးသိန်း၊ စာပေဆု တစ်ခုစီအတွက် ဆုငွေနှစ်သိန်းစီနှင့် ဂုဏ်ပြုလက်မှတ် တို့ကို SWESONE MEDIA GROUP ၏ဦးဆောင်ပုဂ္ဂိုလ် ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ချီးမြှင့်ပေးအပ်ခဲ့သည်။