နှလုံးသားလေးမှာ တဖျပ်ဖျပ်လှုပ်ခါတတ်လာတဲ့ အချိန်မှာတော့ ချစ်သူနဲ့ နှစ်ယောက်တွဲ ပွဲခင်းထဲမှာလည်း ဒါမှမဟုတ် ဘုရားကျောင်းကန်မှာ ဆီမီး၊ ဖယောင်းတိုင်ထွန်းရင်း ရွှေလက်တွဲမြဲဖို့ နှလုံးသားအတွေးတွေကို ဆုတောင်း လေးတွေ ဖန်တီးဖြစ်ကြပြန်ရော။ အဲဒီအချိန်မှာတော့ အရွယ်ရနေပြီဖြစ်တဲ့ မိသားစုဇနီးမောင်နှံတွေကို ကြည့်ပြီး အေးချမ်းတဲ့အတွေးစိတ်နဲ့ အေးရိပ်မေတ္တာ တွေကိုလည်း ခံစားမိပါရဲ့။
အဘိုး၊ အဘွားတို့ကစပြီး ဖေဖေ၊ မေမေတို့ထိ လက်ဆင့်ကမ်း ရောက်လာတဲ့ သီတင်းကျွတ်မီးထွန်းပွဲရဲ့ချစ်စရာပုံရိပ်တွေက လူငယ်တွေ လက်ထဲမှာ ပိုပြီးများလှပလာလေမလား။ ဘုရားကျောင်းကန်မှာပဲ ဖြစ်ဖြစ်၊ တခြားအမှတ်ရစရာနေရာလေးတွေမှာ ဆီမီးထွန်းရင်း ချစ်ဆုတောင်းတွေလည်း ခြွေချင်ခြွေကြဦးမှာပေါ့။ ဒါမှမဟုတ် တွဲလက်တူယှဉ်ပြီး အေးချမ်းလှတဲ့ ညချမ်းအလှကို ကြည့်ရှုကြဦးမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်တွေပြောင်းသွားပေမဲ့ နှစ်တိုင်းမှာ အသစ်ဒီဇိုင်းစုံနဲ့ ရောက်ရှိလာကြမှာပါပဲလေ။