Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
New Star
Creative Star
Future Star
The Best & Delightful Style
မင်္ဂလာအရံဝတ်စုံ
ကြော့ရှင်းသွယ်လျ မြန်မာသတို့သမီးအလှ
အနောက်တိုင်း မင်္ဂလာဝတ်စုံ
စုလျားရစ်ပတ်လက်ထပ်မင်္ဂလာ
မီးရောင်တွေစုံတဲ့ည
မီးပုံးလေးတွေ ရောင်စုံခြယ်
Dress Designer မြင့်မြတ်နိုင်
အလှတရားကိုဖန်တီးသူများ မိတ်ကပ်အောင်အောင်(တောင်ကြီး)နှင့် ဖြူဖြူကျော်သိန်း
စားကြည့်မယ်
  
    

ကျွန်တော်တို့ရဲ့ Secret Garden Tea Menu အသစ်ကို ပြင်ဆင်ရင်း Menu ထဲမှာပါတဲ့ Rice Cake တွေနဲ့ စာဖတ်ပရိသတ်ကို မိတ်ဆက်ပေးပါရစေဗျာ။ Perfect ပရိသတ်တွေ ကြိုက် နှစ်သက်ကြမှာပါ။
မြင်းခွာရွက်ဖျော်ရည် (Myin Khwa Ywet Juice)
ဒါတွေ လိုအပ်တယ်
မြင်းခွာရွက် (Asia Pennywort Leaves) -၄၀ဝ ဂရမ်
ရေ (Water) -၁ လီတာ
သကြားရည် (Syrup) အတွက်တော့ ဒါတွေလိုတယ်
သကြားအညို (Brown Sugar) -၂၀ဝ ဂရမ်
ဆွမ်းမွှေးရွက် (Paden Leaves) -၄ ရွက်
ရေ (Water) -၂၅၀ ml
ဖျော်ကြမယ်
- ပထမဆုံး သကြားရည် အရင်ကျိုမယ်။
- ပြီးရင် အိုးသေးတစ်လုံးထဲမှာ ဆွမ်းမွှေးရွက်၊ သကြား၊ ရေထည့်ပြီး ဆူလာတဲ့အထိ ကျိုမယ်။
- သံဆန်ခါမှာစစ်ပြီး ဆွမ်းမွှေးရွက်ကို ဖယ်ပစ်မယ်။
- သကြားရေကိုလည်း အအေးခံထားလိုက်မယ်။
- မြင်းခွာရွက်နဲ့ ကျန်တဲ့ဆွမ်းမွှေးရွက်တွေကို သန့်ရှင်းအောင်ဆေးပြီး ဆားနည်းနည်းနဲ့ ရေထည့်ပြီး ကြိတ်ထားလိုက်မယ်။
- ပြီးရင် အဆင်သင့်ကျိုထားတဲ့ သကြားရည်ထည့်ပြီး သောက်လို့ရပြီပေါ့ဗျာ။
ကိုးလွှာဆန်မှုန့်ကိတ် (Nine Layer Rice Cake)
နေ့ခင်းအဆာပြေစားနိုင်တဲ့ အာရှစတိုင်လ် ဆန်ကိတ်ပေါ့ဗျာ။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တွဲဖက် စားသုံးနိုင်ပြီး ပူလောင်တဲ့ ရာသီမျိုးမှာတော့ မြင်းခွာရွက်ဖျော်ရည်အေးအေးနဲ့ လိုက်ဖက်တယ်။
ဒါတွေလိုတယ်
ဆန်မှုန့် (Rice Flour)-၂၆၀ ဂရမ်
ရေ (Water)-၃၀ဝ ml
ကြက်သွန်နီတောက်တောက်စင်း (Chopped Garlic)-၁ ၁/၂ စားပွဲစားဇွန်း
အုန်းနို့အပျစ် (Thick Coconut Milk)
(အုန်းသီးနှစ်လုံး လိုတယ်)
-၄၀ဝ ml
ဆား (Salt)-၁ လက်ဖက်ရည်ဇွန်း
အရောင်ဆိုးဆေး (Pink Colouring)-၁/၂ စက်
သကြားရည် (Sugar)-၂၆၀ ဂရမ်
ရေ (Water)-၇၀ဝ ml
ဆွမ်းမွှေးရွက် (Padan Leaves)
(နှစ်ရွက်စီချီပြီး ထုံးပါ)
-၄ ရွက်
ကဲ...မုန့်လုပ်ကြစို့
- ပထမဆုံး ဆန်မှုန့်နဲ့ရေကို ဇလုံတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေထားမယ်။
- တစ်နာရီလောက်တော့ စိမ်ထားရမယ်။
- ပြီးရင် သကြားကျိုမယ်။
- အိုးတစ်လုံးထဲမှာ သကြား၊ ဆွမ်းမွှေးရွက်နဲ့ ရေထည့်ပြီး သကြား အရည်ပျော်တဲ့အထိ ကျိုလိုက်မယ်။
- ပြီးရင် ဆွမ်းမွှေးရွက်ဖယ်ပြီး သကြားရည်ကို အအေးခံထားလိုက်မယ်။
- အားလုံးအဆင်သင့်ဖြစ်ရင်တော့ အဆင်သင့်ပြုလုပ်ထားတဲ့ မုန့်နှစ်ရည်ဇလုံမှာ သကြားရည်၊ အုန်းနို့နဲ့ ဆားနည်းနည်းထည့်ပြီး သမအောင် မွှေလိုက်မယ်။
- ပြီးရင် မုန့်နှစ်ရည်ကို ပိတ်စပါးပါးမှာ ထည့်ပြီးစစ်ထားမယ်။
- စစ်ပြီးသား မုန့်နှစ်ရည်ကို ဇလုံနှစ်လုံးခွဲပြီးထည့်ထားမယ်။
- မုန့်နှစ်ရည်ဇလုံတစ်လုံးမှာ ပန်းရောင်ဆိုးဆေးနည်းနည်းထည့်ပြီး ပန်းရောင် မုန့်နှစ်ဖြစ်အောင် ဖျော်လိုက်မယ်။
- ပေါင်းအိုးကြီးတစ်လုံးထဲ ရေထည့်ပြီး ရေနွေးဆူလာတဲ့အထိ ကျိုမယ်။
- မုန့်ပေါင်းမယ့် မုန့်ကန်အလွတ်မှာ ဆီနည်းနည်းသုတ်ပြီး ရေနွေး ဆူနေတဲ့ပေါင်းအိုးမှာထည့်၊ မိနစ်နည်းနည်းလောက် ပေါင်းထားလိုက်မယ်။
- ပေါင်းထားတဲ့မုန့်ကန်အလွတ်ထဲကို အဖြူရောင်မုန့်နှစ်ရည် ပန်းကန်လုံး နှစ်လုံးစာလောက် လောင်းထည့်ပြီး ပေါင်းအိုးမှာ ငါးမိနစ်လောက် ပေါင်းလိုက်မယ်။
- အဲဒီနောက် ပန်းရောင်မုန့်နှစ်ရည် နှစ်ပန်းကန်လုံးလောက်ကို ပေါင်း ထားတဲ့ အဖြူရောင်မုန့်အလွှာပေါ်မှာလောင်းပြီး ငါးမိနစ်လောက် ဆက်ပေါင်းလိုက်မယ်။
- ကျန်တဲ့ မုန့်နှစ်ရည်နှစ်မျိုးလုံး ကုန်တဲ့အထိ တစ်ထပ်ပြီး တစ်ထပ် ဆက်ပေါင်းမယ်။
- နောက်ဆုံးအပေါ်ယံအလွှာထိပေါင်းပြီးရင် နောက်ထပ် ဆယ့်ငါး မိနစ်လောက် ဆက်ပြီးပေါင်းလိုက်မယ်။
-ပေါင်းနေတဲ့အချိန်မှာ ငါးမိနစ်တစ်ခါ အဖုံးဖွင့်ပြီး အဖုံးမှာကပ်နေတဲ့ ချွေးကို သန့်ရှင်းပေးရမယ်။
- ပြီးရင် အအေးခံပြီး ကြိုက်နှစ်သက်တဲ့အရွယ် အတုံးလေးတွေ တုံးပြီး စားလို့ရပြီပေါ့ဗျာ။
ကောက်ညှင်းပေါင်းကိတ် (Steamed Glutinous Rice Cake)
ကိတ်ရဲ့အောက်အလွှာက ကောက်ညှင်းပေါင်းဖြစ်ပြီး အပေါ်ယံ အလွှာက ကာ့စတတ်ပါ။ ကောက်ညှင်းအလွှာရဲ့အရသာက မြန်မာမုန့် စိန်ဗေကြီးအရသာမျိုးပေါ့ဗျာ။
ဒါတွေလိုတယ် ကိတ်မုန့်အောက်ခံလွှာအတွက်
ကောက်ညှင်းဆန် (Glutinous Rice)-၅၀ဝ ဂရမ်
အုန်းနို့အကျဲ (Thin Coconut Milk)-၅၀ဝ ml
ဆား (Salt)-၁ လက်ဖက်ရည်ဇွန်း
ဆွမ်းမွှေးရွက် (Padan Leaves)-၅ ရွက်
ဒါတွေလိုတယ် ကိတ်မုန့်အပေါ်ယံလွှာအတွက်
ဆွမ်းမွှေးရွက် (padan Leaves)-၁၅ ရွက်
ရေ (Water)-၂၀ဝ ml
ဒါတွေလိုတယ် သကြားရည်(Syrup)အတွက်
သကြား (Sugar)-၄၂၀ ဂရမ်
ရေ (Water)-၂၀ဝ ml
ကြက်ဥ (Eggs)-၁၃ လုံး
ကတ်စတတ်မှုန့် (Custard Powder)-၆၅ ဂရမ်
ပီလောပီနံမှုန့် (Tapioca Flour)-၂ စားပွဲစားဇွန်း
ဂျုံမှုန့် (Plain Flour)-၂ စားပွဲစားဇွန်း
အုန်းနို့အပျစ် (Thick Coconut Milk)- ၆၀ဝ ml




ကောက်ညှင်းကိတ်လုပ်ကြစို့
- ပထမဆုံး ကောက်ညှင်းဆန်ကို ရေဆေးပြီး တစ်ညရေစိမ်ထား ရမယ်။
- နောက်တစ်ရက်မှာ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေတစ်ထပ် ဆေးပြီး ဆန်ခါမှာထည့်ပြီး ရေစစ်ထားလိုက်မယ်။
- ရေစစ်ထားတဲ့ကောက်ညှင်းဆန်ကို လေးထောင့်မုန့်ကန်မှာ ထည့်မယ်။
- ပြီးရင် အုန်းနို့အကျဲနဲ့ ဆားရောနယ်ပြီး ဆွမ်းမွှေးရွက်ကို ကောက်ညှင်းဆန်ပေါ်မှာ တင်ထားလိုက်မယ်။
- အဲဒီနောက် မုန့်ကန်ကို ရေနွေးပွက်ပွက်ဆူနေတဲ့ပေါင်းအိုးမှာ ထည့်ပြီး မိနစ် ၂၀ လောက် ပေါင်းထားလိုက်မယ်ဗျာ။
ကောက်ညှင်းကိတ်လုပ်ကြစို့
- ဆွမ်းမွှေးရွက်ကို ပါးပါးလှီးလိုက်မယ်။
- ပြီးရင် လှီးထားတဲ့ ဆွမ်းမွှေးရွက်ကို ရေ ၂၀ဝ ml နဲ့ရောပြီး ကြိတ်စက်မှာ ထည့်ပြီး ကြိတ်မယ်။
- အဲဒီနောက် သံဆန်ခါမှာ ထည့်စစ်ပြီး အစိမ်းရောင် ဆွမ်းမွှေးရွက်ရည်ကို ပန်းကန်နဲ့ ခံယူပြီး သိမ်းထားလိုက်မယ်။
နောက်တစ်ဆင့်က သကြားရည်ကြိုရမယ်။
- သကြား ၄၂၀ ဂရမ်နဲ့ ရေ ၂၀ဝ ml ကို အိုး အသေးတစ်လုံးမှာထည့်ပြီး သကြားအရည်ပျော်တဲ့အထိ ကျိုမယ်။
- ပြီးရင် သကြားရည်ကို အအေးခံထားမယ်။
- အဲဒီနောက် ပန်းကန်လုံးကြီးတစ်ခုမှာ ကြက်ဥ အားလုံးထည့်ပြီး ခရင်းနဲ့ ခေါက်လိုက်မယ်။
- အအေးခံထားတဲ့ သကြားရည်ကို ကြက်ဥပန်းကန်ထဲ လောင်းထည့်လိုက်မယ်။
- နောက်ပန်းကန်လုံးတစ်လုံးထဲမှာ ကတ်စတတ်မှုန့်၊ ဂျုံမှုန့်၊ ပီလောပီနန်မှုန့်နဲ့ အုန်းနို့အပျစ်တို့ကို ရောမွှေထားမယ်။
- ပြီးရင် ဆွမ်းမွှေးရွက် အစိမ်းရောင်အရည် လောင်းထည့်ပြီး သံဆန်ခါနဲ့ စစ်လိုက်မယ်။
- အဲဒီနောက် ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း လေးထောင့်ကန်ကို ပေါင်းအိုးထဲက ထုတ်ပြီး ဇွန်းနဲ့ ဖိသိပ်လိုက်မယ်။ (ကောက်ညှင်းပေါင်းကို အပြာရောင်ဆိုးဆေးထည့်ရင်လည်း ရပါတယ်)
- ဖိသိပ်ထားတဲ့ကောက်ညှင်းပေါင်းကန်ကို ပေါင်းအိုးထဲ ပြန်ထည့်ပြီး ငါးမိနစ်လောက် ဆက်ပေါင်းလိုက်မယ်။
- အဲဒီနောက် အိုးအသေးတစ်လုံးမှာ အဆင်သင့်ပြင်ထားတဲ့ အစိမ်းရောင်မုန့်နှစ်ရည် ထည့်ကျိုမယ်။ (မီးတော့ သိပ်မပြင်းစေနဲ့နော်)
- ပြီးရင် ကျိုထားတဲ့အစိမ်းရောင်မုန့်နှစ်ရည်ကို ပေါင်းအိုးထဲက ကောက်ညှင်းပေါင်းကန်ထဲ လောင်းထည့်ပြီး မိနစ် ၂၀ လောက် ထပ်ပေါင်းလိုက်မယ်။
- ကျက်ရင်တော့ အအေးခံပြီး ကြိုက်နှစ်သက်တဲ့ အရွယ်တုံးပြီး စားသုံးလို့ရပြီပေါ့ဗျာ။

မြင့်ဦးသာ