Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter
Photo Creation
New Star
Future Star
The Best & Delightful Style
Loving Friend
သဘာဝအလှနှင့် ပသာဒအလှကို ပေါင်းစပ်ဖော်ကျူးခြင်း
ယဉ်တာလေးတွေ ဝတ်ဆင်ဖို့ ယဉ်သူထိုက်ပိုးထည်တိုက်ဆီ အရောက်သွားစို့
Dress & Designer တင်ဆွေအေး
မန်းသူတွေ အဝတ်များလာသည့် ဖောင်းကြွချည်ထည်
UB လက်သည်းနဲ့ ကျောက်ပန်းချီအလှ
မတင်မိုးလွင်နှင့် LOLANE ပြင်ဆင်နုနယ် လှသွေးကြွယ်
အလှတရားကို ဖန်တီးသူများ မိတ်ကပ်ဌေးမင်းနှင့် ခိုင်သင်းကြည်
စားကြည့်မယ်
  
    

ခရစ္စမတ်နှင်းဆီပန်းအိုး
Christmas Roses Bouquet
ကညွတ်၊ ချယ်ရီခရမ်းချဉ်သီးပေါင်မုန့်
Asparagus & Cherry Tomato on Chrispy Bread
ပုစွန်နှင့် ကြက်ဥခွက်
Prawns on Eggs Shell Cup
ကဲ... ပရိသတ်တို့... ဒီလ ဖော်ပြပေးမှာက Finger Food နဲ့ ခရစ္စမတ်ပန်းအိုးထိုးနည်းလေးပါပဲ။ ဒီတော့ ခုလာမယ့် Christmas အတွက် အစားအသောက်နဲ့ အပြင်အဆင်လေးကို စလိုက်ကြရအောင်...။
ပုစွန်နှင့် ကြက်ဥခွက် (Prawns on Eggs Shell Cup)
ဒီပစ္စည်းတွေ လိုအပ်တယ် ကြက်ဥပြုတ်(Grad Boiled Eggs) - ၄ လုံး
မရိုးနီးစ်(Mayonnaise) - ၃ ဇွန်း(စားပွဲဇွန်း)
Dijon Mustard - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)
ငရုတ်သီးမှုန့်(Chili Powder) - ၁/၂ ဇွန်း(လက်ဖက်ရည်ဇွန်း)
ဆား(Salt) - နည်းနည်း
ချက်ကြဦးစို့...
- ပထမဆုံး ပုစွန်ကို အခွံခွာပြီးပြုတ်လိုက်မယ်။
- ကြက်ဥကို နှစ်ခြမ်း ခြမ်းလိုက်မယ်ဗျာ။
- ပန်းကန်လုံးတစ်လုံးမှာ ကြက်ဥအနှစ်၊ Mayonnaise, Mustard ငရုတ်သီးမှုန့်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တွေကိုထည့်ပြီး မွှေလိုက်မယ်။
- အဆင်သင့်ဖြစ်ပြီးဆိုရင် ခြမ်းထားတဲ့ ကြက်ဥအကာကို ပန်းကန်ပြားတစ်ချပ်မှာ ထည့်လိုက်မယ်။
- ရောမွှေထားတဲ့ကြက်ဥအနှစ်ကို ဇွန်းအသေးနဲ့ခပ်ယူပြီး ကြက်ဥအကာထဲကို ထည့်မယ်ဗျ။
- ပြီးရင် ပုစွန်ကို အပေါ်မှာတင်မယ်။
- အဲဒီနောက် ကြက်ဥအနှစ် နောက်တစ်ဇွန်းကို ပုစွန်ပေါ်မှာတင်ပြီး ငရုတ်သီးမှုန့် နည်းနည်းဖြူးပြီး စားသုံးလို့ ရပါပြီ။
ကညွတ်၊ ချယ်ရီခရမ်းချဉ်သီးပေါင်မုန့်
(Asparagus & Cherry Tomato on Chrispy Bread)
ဒါတွေလိုတယ်
ပေါင်မုန့်(Breadိ) - ၆ ချပ်
ကညွတ်(Asparagusျ) - ၁၂ ချောင်း
ချယ်ရီခရမ်းချဉ်သီး(Cherry Tomato) - ၁၂ လုံး
ထိုင်းပင်စိမ်း(Thai Basil Leave) - ၁ စည်း
ကြက်သွန်ဖြူ(Garlic Cloves) - ၄ မြှောင့်
သံလွင်ဆီ(Olive Oil) - နည်းနည်း
ဆား(Salt) - နည်းနည်း
ငရုတ်ကောင်း(Black Pepper) - နည်းနည်း
ချက်ကြမယ်ဟေ့...
- ကညွတ်ကို အနေတော်အရွယ်ဖြတ်ပြီး ရေနွေးမှာ ပြုတ်လိုက်မယ်။
- ပြီးရင် ဆယ်ယူပြီး အစိမ်းရောင်မပြယ်စေဖို့ ရေအေးအေးမှာ စိမ်ပြီး ဆယ်ထားမယ်။
- အဲဒီနောက် ခရမ်းချဉ်သီးကို နှစ်ခြမ်းခြမ်းထားမယ်ဗျ။
- ပင်စိမ်းရွက်နဲ့ ကြက်သွန်ဖြူကိုလည်း တောက်တောက်စင်းထား မယ်ဗျာ။
- ပေါင်မုန့်ကိုလည်း မီးကင်ထားလိုက်မယ်။
- ပန်းကန်လုံးတစ်လုံးမှာ ပေါင်မုန့်နဲ့ Cheese ကလွဲပြီး ကျန်တဲ့ ပစ္စည်းတွေအားလုံးကို ရောသမပြီး မွှေလိုက်မယ်ဗျာ။
- ပြီးတာနဲ့ ပေါင်မုန့်ကို ပန်းကန်ပြားတစ်ချပ်မှာ စီထည့်မယ်ဗျ။
- အဆင်သင့်ရောမွှေထားတဲ့ ကညွတ်နဲ့ ခရမ်းချဉ်သီးနည်းနည်းကို ပေါင်မုန့်ပေါ်မှာ တင်ပြီး Parmesan Cheese ဖြူးလို့ အရသာရှိရှိ စားသုံးနိုင်ပါပြီဗျာ။
ခရစ္စမတ်နှင်းဆီပန်းအိုး(Christmas Roses Bouquet)
လိုအပ်ပစ္စည်းတွေက
ပန်းအိုးအကြီး - တစ်လုံး
ပန်းအိုးအသေး - နှစ်လုံး
Floral Foam - နှစ်တုံး
ဖယောင်းတိုင်အကြီး - နှစ်တိုင်
နှင်းဆီပန်းအနီ၊ အဖြူရောင် Eustroma ပန်း၊ ကျောက်ခက်အရွက်၊
ရွှေရောင်ဖဲပြား၊ ရွှေရောင်ပုလဲပုတီး၊ Berry သီး
ပန်းအိုးထိုးလိုက်ကြစို့...
- ပထမဆုံး Floral Foam တစ်တုံးကို ပန်းအိုးအကြီးမှာ ထောင်ပြီး ထည့်လိုက်မယ်။
- နောက်ကျန်တဲ့ Floral Foam ကို နှစ်ပိုင်းဖြတ်ပြီး ပန်းအိုးအသေး နှစ်အိုးမှာ ထောင်မထည့်ဘဲ အပြားလိုက်ထည့်လိုက်မယ်ဗျာ။
- ပြီးရင် ဖယောင်းတိုင်တစ်တိုင်ကို Foam ရဲ့အလယ်မှာထားမယ်။
- Berry သီးလေးတွေကို Foam ရဲ့အောက်ခြေမှာ စုပြီးထိုးလိုက်မယ်။
- ပန်းအိုးအကြီးက Floral Foam မှာ ကျောက်ခက်အရွက်ကိုသုံးပြီး Christmas Tree ပုံစံရအောင် အောက်ခြေမှာစုပြီးထိုးမယ်။
- အဲဒီနောက် Foam ရဲ့အောက်ခြေကစပြီး နှင်းဆီပန်းနဲ့ Berry သီးလေးတွေကို သုံးပြီး Foam ရဲ့ပတ်ပတ်လည်မှာ ထိုးထားမယ်။
- ပြီးရင်Foam ရဲ့ ထိပ်မှာ နှင်းဆီပန်းတစ်ပွင့်ကို ရှည်ရှည်ဖြတ်ပြီး ထိုးမယ်။
- Eustroma ကို သုံးပြီး နှင်းဆီပန်းရဲ့အပေါ်မှာ နောက်တစ်ထပ် ထိုးမယ်ဗျာ။
- ပြီးရင် ပန်းအိုးအသေးတစ်လုံးထဲက Foam ရဲ့ ထောင့်လေးထောင့်မှာ နှင်းဆီပန်းပွင့်လေးထိုးပြီး အခြေခံပုံဖော်ထားကြမယ်။
- နောက် ပန်းအိုးတစ်လုံးထဲက Foam ရဲ့ ထောင့်လေးထောင့်မှာတော့ Eustroma ကိုသုံးပြီး ပန်းအိုးအကြီးမှာထိုးသလို အနီရောင် တစ်ထပ်နဲ့ ပြီးရင် ထိပ်ဆုံးထပ်မှာ နှင်းဆီပန်းကိုသုံးပြီး ဆက်တိုက် ထိုးမယ်။
- ပိုပြီးလှပအောင် ပန်းအိုးရဲ့အလယ်မှာ ရွှေရောင် Ribbon ချည်ပြီး ပန်းတွေပေါ်မှာ ရွှေရောင်ပုလဲပုတီးကုံးကို ပတ်ပြီးချည်လိုက်မယ်။
- အဲဒီနောက်မှာတော့ ပန်းအိုးအသေးနှစ်လုံးထဲက ကွက်လပ်ဖြစ်နေတဲ့ Foam တွေပေါ်မှာ ပန်းတွေပြည့်သွားအောင် ဆက်ပြီးထိုးလိုက် မယ်။
- အဲဒီပန်းအိုးလေးတွေကို Living room တို့၊ Dinning table တို့ပေါ်မှာထားပြီး အလှဆင်လိုက်မယ်ဆိုရင် အင်မတန်မှ ခမ်းနား လှပတဲ့ ခရစ္စမတ်နှင်းဆီးပန်းအိုးလေးတွေကို ရလာပြီပေါ့ဗျာ။
ဪသာ်..အဲဒီပန်းအိုးလေးရဲ့ အောက်ခြေမှာ Christmas ပုတီးလေး တွေနဲ့အတူ ပန်းသီးဖယောင်းတိုင်လေးတွေပါ စီချထားလိုက်မယ် ဆိုရင် ပိုပြီးလှပပြည့်စုံသွားပါပြီ။
မြင့်ဦးသာ