Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 12, Volume 3, October 2009
Magazine Contents of this month
Stars From Media World
လစဉ်ဖော်ပြပေးနေကျ Star စီးရီးမှာ ဒီတစ်လအတွက်
Movie Star အဖြစ် F4 ချစ်သူ ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးမင်းသားတစ်လက် ဖြစ်လာသူ တောင်ကိုရီးယားမင်းသားချောလေး လီမင်ဟို၊
Music Star အဖြစ် အမေရိကန်အဆိုတော်မင်းသမီး ရုပ်သံအစီအစဉ်တင်ဆက်သူ လူတကာအားကျရတဲ့ အလှပိုင်ရှင် ဂျက်ဆီကာဆင်ပဆန်၊
Sport Star အဖြစ် World Heavyweight Champion Wrestler C.M Punk ၊ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်
WWE Diva Star တစ်ဦးဖြစ်တဲ့ Beth Phoenix တို့အကြောင်းကို ဖော်ပြပေးပါ့မယ်။ ဒီတစ်ခါမှာလည်း Perfect ပရိသတ်တွေ မိမိတို့အကြိုက်နဲ့ ကိုက်ညီပြီး သဘောတွေ့ကြလိမ့်မယ်လို့ ထင်ပါတယ်။
Movie Star လီမင်ဟို (F4 ချစ်သူ)
Boys Over Flower (F4 ချစ်သူ) ဇာတ်လမ်းတွဲဟာ လတ်တလော အာရှတစ်လွှားမှာ နာမည်ကြီးနေတဲ့ ရုပ်သံစီးရီး တစ်ခုဖြစ်ပြီး ဆယ်ကျော်သက် လူငယ်ပရိသတ် အပါအဝင် လူကြီးလူငယ်မရွေး နှစ်သက်စွာ အားပေး နေကြပါတယ်။
ဒီအထဲမှာ မင်းသားလီမင်ဟိုဟာ F4 အဖွဲ့ရဲ့ ခေါင်းဆောင် Goo Jun Pyo အဖြစ် အဓိက ဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လီမင်ဟိုဟာ အရင်က ရုပ်သံစီးရီးတိုတွေမှာ Minor Roles (အထင်ကရမဖြစ်တဲ့) ဇာတ်ရုပ်နေရာကနေ ပါဝင်ခဲ့ရသူဖြစ်ပြီး F4 ချစ်သူကျမှ ခေါင်းဆောင်မင်းသားအဖြစ် ပွဲထွက်ခွင့်ရခဲ့သူပါ။ သူဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ မင်းသမီးချော ကိုဟေးဆောင်နဲ့အတူ အကောင်းဆုံး ကြိုးစားသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဇာတ်လမ်းတွဲလည်း ပေါက်ခဲ့သလို သူတို့နှစ်ဦးလည်း ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ကြတဲ့ တခြားသရုပ်ဆောင်တွေထက်ပိုပြီး နာမည်ရခဲ့ကြပါတယ်။
လီမင်ဟိုဟာ ၁၉၈၇ ဇွန်လ ၂၂ ရက်နေ့ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပြီး အေသွေးအမျိုးအစားပိုင်ရှင်ပါ။ ၂၀ဝ၅ မှာ MBC ကထုတ်လွှင့်တဲ့ Love Hymn ဇာတ်လမ်းတွဲမှာ ပါဝင်ပြီး သရုပ်ဆောင်လောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ ၂၀ဝ၆ မှာတော့ EBS ထုတ်လွှင့်တဲ့ Secret Campus မှာ ပတ်ဒိုဟွန်းဇာတ်ရုပ်၊ ၂၀ဝ၇ Rum Mackerel (SBS) မှာ ချာဂေါင်ချန်ဇာတ်ရုပ်၊ ၂၀ဝ၈ I am Sam (KBS 2)မှာ ဟီမိုဆီးဇာတ်ရုပ်နဲ့ But I Don’t Know It (MBC)မှာ မင်ဝုဒ်ဂျီဆိုတဲ့ ဇာတ်ရုပ်တွေကနေ ပါဝင် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆုံး သရုပ်ဆောင်ထားတာကတော့ အထက်ကပြောခဲ့ပြီးတဲ့ F4 ချစ်သူမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဇာတ်ရုပ်အစုံနဲ့ ငါးကားအထိ ရိုက်ထားပါတယ်။ F4 မှာ အောင်မြင်ပြီးတဲ့နောက် လတ်တလောမှာ လီမင်ဟိုဟာ ကြော်ငြာကုမ္ပဏီအများအပြားနဲ့ ချိတ်ဆက်မိပြီး CF မော်ဒယ်လ်တစ်ယောက်အဖြစ် အလုပ်တွေ လက်မလည်အောင် လုပ်ပေးနေရတယ်လို့ သိရပါတယ်။ ဇွန်လပိုင်းတုန်းက လီမင်ဟိုဟာ သူ့ခြေထောက်ထဲမှာ အက်ဆီးဒင့်တစ်ခုကြောင့် ထည့်ထားရတဲ့ စတီးချောင်းကိုလည်း အောင်မြင်စွာ ထုတ်ပယ်ပစ်လိုက်နိုင်ပါပြီ။ ဆေးရုံမှာ နှစ်ပတ်သာနေထိုင်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့မှာ စီစဉ်ထားတဲ့ Fan Club Meeting ကို တက်ရောက်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ ပရိသတ်ကို အလွန်အလေးထားတဲ့ မင်းသားငယ်တစ်လက်ဖြစ်တယ်လို့ သူတို့ဆီက မီဒီယာတွေက ချီးကျူးထားကြပါတယ်။
xxxxxxxxxxxxxxxxxxxxx
ဂျက်ဆီကာ ဆင်ပဆန် (ပေါ့ပ်မင်းသမီးလေး)
ဂျက်ဆီကာဆင်ပဆန်ကို သူမပရိသတ်တွေက ပေါ့ပ်မင်းသမီးလေး (Pop Princess) လို့ ချစ်စနိုးခေါ်ကြပါတယ်။ အောင်မြင်ကျော်ကြားမှုက ဘရစ်တနီစပီးယားစ်၊ ခရစ္စတီးနား အဂွီလဲရား တို့နဲ့ တစ်တန်းတည်းထားပြီး ခေတ်ပြိုင်တွေ ဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
ဂျက်ဆီကာဟာ အောင်မြင်မှုပိုင်းမှာတော့ သူတို့ထက် ပိုစောသူဖြစ်ပါတယ်။ ၁၉၉၀ နှောင်းပိုင်းမှာ Rose to Fame (အောင်မြင်ကျော်ကြားမှု သတင်းမွှေးလာခဲ့သူ) ဖြစ်ပါတယ်။ Billboard Top 40 Hits မှာ ၇ ကြိမ်တိုင်တိုင် သရဖူဆောင်းခဲ့ဖူးပြီး ရွှေဆု ၃ ကြိမ်၊ Multi Platinum ဆု ၂ ကြိမ် အသီးသီးဂီတဆုတွေလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။
သူမကို Texas မှာရှိတဲ့ Abilene အရပ်မှာ ၁၉၈၀ ဇူလိုင်လ ၁၀ ရက်နေ့က မွေးဖွားခဲ့ပြီး အဖေဖြစ်သူ Tina က Minister တစ်ယောက်နဲ့ အမေဖြစ်သူ Joe ကတော့ Psychologist တစ်ယောက်ဖြစ်ပါတယ်။ Local Baptist ဘုရားကျောင်းမှာ သီချင်းတွေဆိုရင် သီချင်းဆိုရတာကို ဂျက်ဆီကာ စတင် စိတ်ဝင်စားလာခဲ့တာပါ။ ၁၂ နှစ်သမီးအရွယ်မှာ Mikey Mouse Club မှာ ပါဝင်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့တဲ့အတွက် ၂.၂ Pearce High School ကျောင်းကို ပြောင်းတက်ပြီး Jessica ဆိုတဲ့ အယ်လ်ဘမ်အမည်နဲ့ Gospel Music Record Label ကနေ ထုတ်ဖို့ ကြံစည်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒီကုမ္ပဏီဟာ Bankrupt ဖြစ်သွားတဲ့အတွက် ဒီအခွေမထုတ်ဖြစ်ခဲ့ပါဘူး။ သူမ ပထမဆုံးထွက်ရှိခဲ့တဲ့ Single ခွေလေးကတော့၊ Wanna Love You Forever ဖြစ်ပါတယ်။ ဒီသီချင်းဟာ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ခဲ့ပြီး Billboard Hot 100 မှာ အဆင့်သုံး ချိတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျက်ဆီကာရဲ့ ပထမဆုံးအယ်လ်ဘမ် Sweet Kisses ဆိုဆာ ထွက်ခဲ့ပြီး ဒီအခွေကို အကျော်အမော် အဆိုတော်ကြီး ရစ်ကီမာတင်နဲ့ Boy Band 98 Degrees တို့က အကောင်းဆုံး ကူညီခဲ့ကြတဲ့အတွက် အောင်မြင်တဲ့အခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ 2008 Country Music Market မှာ ဂျက်ဆီကာ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ခွေလေးကတော့ Do You Know ဆိုတဲ့ အခွေလေးပါ။ ဂျက်ဆီကာနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုကတော့ သူမဟာ ဘရစ်တနီစပီးယားစ်လိုပဲ လက်ထပ်တော့မှ မိမိရဲ့ အပျိုစင်ဘ၀ကို စွန့်လွတ်ခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်မထပ်ခင် အချိန်ထိအောင် အပျိုစင်တစ်ယောက်အဖြစ် ရှိနေသေးတယ်လို့ ပြောကြားခဲ့တဲ့ စကားလေးကြောင့် နာမည်ကျော်ခဲ့ရသူလည်း ဖြစ်ပါတယ်။ သူမ အသက် ၂၂ နှစ်အရွယ်မှာ ခင်ပွန်းသည် နစ်ခ်လာချီနဲ့ ၂၀၀၂ အောက်တိုဘာ ၂၆ ရက်နေ့က လက်ထပ်ခဲ့ပြီး သူတို့ဇနီးမောင်နှံနှစ်ဦး ပူးတွဲတင်ဆက်တဲ့ Nwelywed: Jessica & Nick အစီအစဉ်ဟာလည်း အောင်မြင်တဲ့ ရုပ်သံတင်ဆက်မှု တစ်ခုဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxxxxx
C.M Punk (ချန်ပီယံအသစ်)
C.M Punk ကိုတော့ WWE Diva Series နပန်းလောကရဲ့ ချန်ပီယံအသစ် တစ်ယောက်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ကစားပွဲတွေမှာ သတ်ပုတ်တဲ့အခါမှာ တခြားသောနပန်းသမားတွေလို မိမိအနိုင်ရရှိရေးအတွက် ပြိုင်ဘက်ကို ဘယ်လို နည်းနဲ့ပဲဖြစ်ဖြစ် ညစ်ပတ်မယ်ဆိုတဲ့ စိတ်ထားမျိုးမရှိဘဲ တရားမျှတတဲ့နည်းလမ်းနဲ့ အမြဲပဲပြိုင်ပွဲဝင်တတ်သူ တစ်ယောက် ဖြစ်လို့ သူ့ကို ပရိသတ်တွေက နှစ်သက်အားပေးကြပါတယ်။ ဖြူစင်တဲ့ ပြိုင်ပွဲဝင်စိတ်ထားကြောင့် အချိန်တိုအတွင်း ပရိသတ်ရဲ့ အားပေးမှုကို ရလာခဲ့ပြီး WWE ကို စတင်ဝင်ပြိုင်တဲ့အချိန် မကြာခင်မှာပဲ World Heavy Weight Champion တစ်ယောက်ဖြစ်ခဲ့တဲ့အတွက် “Oh My God” Moment of the Year ဘွဲ့ကို အပ်နှင်းခြင်းခံခဲ့ရပါတယ်။ C.M Punk ရဲ့ မွေးနာမည်ရင်းကတော့ ဖီးလစ်ဂျက်ဘရုခ်ဖြစ်ပြီး ၁၉၇၈ အောက်တိုဘာ ၂၆ ရက်နေ့ မွေးဖွားသူတစ်ယောက်ဖြစ်လို့ အခုချိန်မှာ အသက် ၃၀ ကျော်ခါစပဲ ရှိပါသေးတယ်။ ဒီအရွယ်ဟာ နပန်းသမားတစ်ဦးအတွက် အရွယ်ငယ်သေးတယ်လို့ ဆိုရမှာဖြစ်ပြီး ရှေ့အနာဂတ်မှာ ဆက်လက်တောက်ပဖို့ အချိန်တွေ အများကြီး ကျန်ရှိနေပါသေးတယ်။
အခုချိန်ထိမှာ C.M Punk ဟာ World Champion လေးကြိမ် ရထားပြီး ROH မှာ တစ်ကြိမ် ECW မှာ တစ်ကြိမ်နဲ့ Raw ၊ Smackdown တို့မှာ တစ်ကြိမ်စီ စုစုပေါင်း ပြိုင်ပွဲ လေးခုစလုံးမှာ World Champion လေးကြိမ်ဖြစ်ထားသူပါ။ ဒါ့အပြင် Money in the Bank Ladder Matches ၂၀ဝ၈ နဲ့ ၂၀ဝ၉ တို့မှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ငွေတွေထည့်ထားတဲ့အိတ်တစ်လုံးကို လေပေါ်မှာ ချိတ်ဆွဲထားပြီး နပန်းသမားတွေက လှေကားတွေနဲ့ ဒါကိုရအောင် ယူကြရတာပါ။ ဒီကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက်လည်း အပြင်းအထန် တိုက်ခိုက်ရပါတယ်။ ဒီပွဲစဉ် နှစ်နှစ်ဆက်တိုက်စလုံးမှာ C.M punk ပဲ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။
C.M Punk ရဲ့ကောင်းကွက်လေးတွေကို ထပ်ပြောရရင် သူဟာ မဟုတ်တာဆိုရင် လုံးဝမလုပ်ချင်သူမျိုးပါ။ ချီကာဂိုမှာ မွေးဖွားခဲ့တဲ့ C.M Punk မှာ မွေးချင်း ညီမငယ်နှစ်ယောက်နဲ့ ညီငယ် Mike တို့ ရှိပါတယ်။ Mike ဟာလည်း ဆုကြေးစားနပန်းသမား တစ်ယောက်ပဲဖြစ်ပြီး တစ်ချိန်မှာ Lunatic Wrestling Federation ကလပ်လေးကနေ ဒေါ်လာငွေကြေးတွေ အများအပြားကို အလွဲသုံးစားလုပ်ပြီး ယူလာခဲ့တဲ့အတွက် C.M punk ဟာ နောက်ပိုင်းမှာ Mike ကို လုံးဝအဆက်အသွယ်မလုပ်တော့ဘဲ အဝေးကို အပြီးတိုင် ထွက်သွားခဲ့ဖူးတယ်လို့ သိရပါတယ်။ C.M punk ဟာ နပန်းပွဲတွေမှာ သတ်ပုတ်တဲ့အခါမှာ သူ အားထားပြီး သတ်ပုတ်တဲ့နည်းက လက်ဖျံနှစ်ဖက်နဲ့ ပြိုင်ဘက်ကို တအားဖျစ်ညှစ်ထားတာပဲ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ Eddie Agurrero နဲ့ Triple H ရဲ့ဆရာတို့ဆီကနေ ဒီနည်းစနစ်တွေကို တွေ့မြင်ပြီး လေ့ကျင့်ယူခဲ့တယ်လို့လည်း C.M punk က ပြောဖူးပါတယ်။ နောက်ဆုံး ၂၀ဝ၉ အတွင်းမှာ Smackdown ရပ်ဝန်းမှာ ပြောင်းရွှေ့နေသူပါ။
xxxxxxxxxxxxxxxxxxxxx
WWE Diva Stars Beth Phoenix (Super Woman)
Beth Phoenix ဟာ WWE Diva Series က Super Woman အမေရိကန်နပန်းသမလေး တစ်ဦးပါ။ Lita, Strish, Statcis, Molly Holly တို့ အနားယူသွားပြီးတဲ့နောက် WWE Diva ကနေ အသစ်ပေါ်ထွက်လာခဲ့တဲ့ ချန်ပီယံတစ်ဦးပဲ ဖြစ်ပါတယ်။ WWE က တင်ဆက်တဲ့ Raw Brand မှာ လက်ရှိပါဝင် ပြိုင်ပွဲ ဝင်နေသူဖြစ်ပါတယ်။
ဆယ်ကျော်သက် အထက်တန်းကျောင်းသူဘဝမှာကတည်းက အပျော်တမ်း နပန်းချန်ပီယံပွဲတွေကို အနိုင်ရရှိပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သူပါ။ Beth Phoenix ကို အဓိက Trained လုပ်ပေးခဲ့တဲ့ အမျိုးသားနပန်းဆရာတွေကတော့ All Knighters ညီနောင်ဖြစ်တဲ့ ဂျိုးလ်နိုက်နဲ့ ရော်ဘင်နိုက်တို့ပါပဲ။ ၁၉၉၈ အထက်တန်းကျောင်း
အပြီးမှာပဲ Beth Phoenix ဟာ သူမရဲ့ အပျော်တမ်းနပန်းသမားဘဝကို ခဝါချပြီး ဆုကြေးစားလုပ်ဖို့အတွက် သတ်ပုတ်နည်း အတတ်ပညာတွေကို အခြေခံကနေ တစ်ဆင့် ကြေညက်အောင် သင်ယူခဲ့ပါတယ်။
အဲဒီကျောင်းမှာ All Knighters ညီနောင်က သူမကို အသေအချာ ထရိန်းလုပ်ပေးခဲ့တာပါ။ သူမဟာ ၂၀ဝ၁ မေမှာ စတင်ပြီး အမျိုးသမီး နပန်းလောကအတွင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ ၂၀ဝ၄ မှာတော့ Ohio Valley Wrestling (orw) ပြိုင်ပွဲမှာ ကစားခွင့်ရလာခဲ့ပြီး နာမည်ရလာတဲ့အတွက် ၂၀ဝ၅ အောက်တိုဘာလကျမှ WWE က သူမကို ပါဝင်ကစားဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ၂၀ဝ၆ မေလမှာ Beth Phoenix ဟာ အကြမ်းအရမ်းကစားတတ်တဲ့အတွက် တစ်လကျော်ကြာ အနားယူခဲ့ရပါတယ်။ Best Phoenix ဟာ ပွဲဦးထွက်မှာတော့ မလှပရှာခဲ့ပါဘူး။ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက်မှာ Raw Band ရဲ့ အထာတွေကို နပ်သွားတဲ့ Beth Phoenix ဟာ ကောင်းကောင်း ပြန်လည် ကစားနိုင်ခဲ့ပါတယ်။
၂၀ဝ၇ ဇူလိုင်လမှာ တစ်ကျော့ပြန်ဝင်ရောက်လာပြီးတဲ့နောက် အရှိန်အဟုန်ပြင်းပြင်း လွှမ်းမိုးမှုကြီးမားစွာနဲ့ WWE Divas မှာ တခြားသော ပြိုင်ဘက်တွေကို အနိုင်ယူကာ နေရာရလာပါတော့တယ်။ Beth Phoenix ကို သူမရဲ့ ပရိသတ်တွေက The Glamazon ဆိုတဲ့ နာမည် ပြောင်ပေးထားကြပါတယ်။ Beth Phoenix ရဲ့ မွေးနာမည်ရင်းကတော့ အယ်လစ်ဇဘတ်ကို ကန်စကီးကာရိုလန်ဖြစ်ပြီး ၁၉၈၀ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ယောက်ပါ။ တစ်ခြားသော နပန်းသမတွေလို ပိန်ပိန်သွယ်သွယ်မဟုတ်ဘဲ B.P က ကြွက်သားအပြည့်နဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ သတ်ပုတ်ရာမှာလည်း ခွန်အားကို အဓိကအသုံးပြုပြီး သတ်ပုတ်တတ်သူပါ။ အားလပ်ချိန်မှာ လက်မောင်းအားသန်အောင် တင်းနစ်ကစားတတ်ပြီး ၂၀ဝ၉ ဖေဖော်ဝါရီလမှာ FLEX Magazine မျက်နှာဖုံးမှာ သူမပုံကို တင်ထားပါတယ်။ အရပ်အမောင်းက ၅ ပေ ၇ လက်မ၊ ယောကျာ်းတစ်ယောက်ကဲ့သို့ သန်မာသူတစ်ဦးဖြစ်ပေမယ့် စိတ်ထားနူးညံ့ပြီး ရင်ခုန်တတ်တဲ့ မိန်းမသားစစ်စစ်တစ်ယောက်ဆိုတာကတော့ Beth Phoenix
ရဲ့ နပန်းပွဲတွေကို ကြည့်ဖူးကြတဲ့ ပရိသတ်တွေဆိုရင် သိပါလိမ့်မယ်။ သူ့ကိုနပန်းပညာသင်ပေးခဲ့တဲ့ Joey Knight နဲ့ပဲ လက်ထပ်ခဲ့သူဖြစ်ပါတယ်။
ကိုမိုး (တောင်ကြီး)