Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter

လစဉ်ဖော်ပြပေးနေကျ Star စီးရီးကဏ္ဍမှာ ဒီတစ်လအတွက်ကို Movie Star အဖြစ် Factory Girl, G.I Joe ဇာတ်ကားတွေထဲက မင်းသမီးချော ဆီယန်နာမေလာ၊ Music Star အဖြစ် အမေရိကန် ရက်ပ်ပါဆင်ဂါ ကန်ရီဝက်စ်၊ TV Serie Star အဖြစ် ‘မိုးမြေချစ်သူ’ ဇာတ်လမ်းတွဲထဲက တရုတ်နဲ့စင်ကာပူစပ် မင်းသမီးချော ဂျက်နက်တီအော၊ Sport Star အဖြစ် ကမ္ဘာ့အမြန်ဆုံး လူသားအဖြစ် တင်စားခြင်းခံရတဲ့ အပြေးချန်ပီယံ ဟူစိန်ဘို့ဘ်တို့အကြောင်းကို ရွေးချယ် ဖော်ပြ ပေးထားပါတယ်။ Perfect ပရိသတ်တွေ သိချင်တဲ့ Star ရှိခဲ့ရင်လည်း မဂ္ဂဇင်းတိုက်ကတစ်ဆင့် ဆက်သွယ်အကြောင်းကြား တောင်းဆိုနိုင်ပါတယ်။
      
Movie Star
ဆီယန်နာမေလာ (စွယ်စုံရမင်းသမီး)
      
ဆီယန်နာမေလာဟာ နယူးယောက်ခ်စီးတီးမှာမွေးပြီး လန်ဒန်မြို့မှာ ကြီးပြင်းခဲ့တဲ့ အင်္ဂလိပ်မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့က ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်ပြီး သရုပ်ဆောင်အလုပ်အပြင် ကိုယ်ဟန်ပြ မော်ဒယ်လ်နဲ့ ဖက်ရှင်ဒီဇိုင်နာလည်း လုပ်ပါတယ်။ သူမရဲ့ တခြားသောနာမည်တစ်ခုက ဆီယန်နာရို့စ်ဖြစ်ပြီး သူတို့မျိုးရိုးဟာ အနုပညာနဲ့ မစိမ်းကြသူတွေ ဖြစ်ပါတယ်။ ဆီယန်နာရဲ့ အဖေ အက်ဝပ်ဒ်မေလာဟာ American Banker အဖြစ်ကနေ Chinese Art. Dealer အဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့သူ ဖြစ်ပြီး သူမအမေ ဂျိုးမေလာကလည်း လန်ဒန်မှာရှိတဲ့ Acting Academy တစ်ခုမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ ညီမဖြစ်သူ ဆာဗန်းနားကတော့ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာ တစ်ဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
ဆီယန်နာအနေနဲ့ အနုပညာလောကအတွင်းကို စတင်ဝင်ရောက်ခဲ့တဲ့နှစ်က ၂၀ဝ၁ ဖြစ်ပြီး Photographic Model တစ်ယောက်အဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်လ် တစ်ယောက်အဖြစ် နာမည်ကြီးလာတော့ သူမဟာ Cola, Italian Vogue တို့နဲ့ လက်တွဲပြီး အလုပ်တွေ လုပ်ခဲ့ပါသေးတယ်။ ကိတ်မော့စ်နောက်ပိုင်း စတိုင်လ်အကျဆုံး မော်ဒယ်လတစ်ဦးအဖြစ် ဆီယန်နာမေလာဟာ နာမည်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ လန်ဒန်အခြေစိုက် Pepe Jeans နဲ့ ၂ နှစ်ကြာ လက်တွဲပြီး ဖက်ရှင်လောက အတွင်းမှာ ဒီဂျင်းကုမ္ပဏီကို နာမည်ရအောင် လုပ်ပေးခဲ့ပါ သေးတယ်။
မော်ဒယ်လ်အဖြစ် လှုပ်ရှားနေရင်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ၂၀ဝ၁ မှာပဲ စတင်လုပ်ခဲ့တယ်လို့ သိရပါတယ်။ The Striker, Independence နဲ့ အော်စကာဆုရ ဒါရိုက်တာ အန်တိုနီရိုက်တဲ့ Cigaretter & Chocolate ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ၂၀ဝ၄ မှာတော့ ဆီယန်နာဟာ မင်းသားဂျု့ဒ်လောနဲ့အတူ Alfire ဆိုတဲ့ ဇာတ်ကားမှာ အတူလက်တွဲ သရုပ်ဆောင်ခဲ့ပြီး သူတို့နှစ်ယောက်ဟာ ဒီဇာတ်ကားအပြီးမှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဂျု့ဒ်လောဟာ ကလေးထိန်းနာနီမတစ်ဦးနဲ့ ဇာတ်လမ်းတွေ ရှုပ်ခဲ့ပြီး ၂၀ဝ၅ နောက်ပိုင်းမှာတော့ သူတို့ အချစ်ရေး ဆုံးခန်းတိုင်ခဲ့ပါတယ်။ ၂၀ဝ၄ တုန်းက ဆီယန်နာဟာ ဂျု့ဒ်လောနဲ့ ဇာတ်ကားရိုက်ခဲ့သလို ဘွန်းမင်းသား ဒယ်နီယယ်ခရိတ်နဲ့လည်း Layer Cake ဆိုတဲ့ ဒရာမာ ဇာတ်ကားတစ်ကား ရိုက်ဖူးခဲ့တာကိုလည်း မေ့ထားလို့ မရပါဘူး။ လတ်တလော ၂၀ဝ၉ အတွင်းမှာတော့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်နေတဲ့ G.I Joe မှာ Baroness ဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျု့ဒ်လောနဲ့ ပြတ်စဲပြီး ဆီယန်နာဟာဝေးလ် မင်းသား တစ်လက်ဖြစ်တဲ့ Rhys နဲ့ ၂၀ဝ၇ ဩဂုတ်လမှာ တွဲခဲ့ဖူးပေမဲ့ သူတို့အချစ်ရေးဟာ မကြာရှည်ဘဲ ၂၀ဝ၈ ဇွန်လ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ ဆီယန်နာဟာ အိမ်ထောင်သည် အမျိုးသမီးတစ်ယောက် ဖြစ်နေပြီး သူ့ခင်ပွန်းသည်ဟာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ရိုဆက်တာဂက်တီပါ။ မင်းသားတွေအပေါ် စိတ်ကုန်သွားလို့ နောက်ဆုံးမှာ သူမဘဝလက်တွဲဖော်ကို ဖက်ရှင်လောက အတွင်းက အမျိုးသားကိုပဲ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။
xxxxxxxxxxxxxxxxxxxxx
Music Star
ကန်ရီဝက်စ် (စူပါရက်ပ်ပါ)
ဒီဘက်ခေတ်ပိုင်း ဟစ်ဟော့ပ်ဂီတကို မြတ်နိုးသူလူငယ်တိုင်း အနောက်တိုင်းက အဆိုရှင်အကျော်အမော်တစ်ဦးဖြစ်တဲ့ ကန်ရီဝက်စ်ကို မသိသူ မရှိကြပါဘူး။ ကန်ရီဝက်စဟာ ဂီတနဲ့ပတ်သက်လာရင် တကယ့်ကို အားလုံးနှံ့စပ် ကျွမ်းကျင်သူတစ်ယောက်ပါ။ Vocal အပြင် Key board, Sampler, Percussion, Syn thesizer တူရိယာအစုံအလင်ကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်သူ ဖြစ်ပါတယ်။
ကန်ရီဝက်စ်ထွက်သမျှ အယ်လ်ဘမ်တိုင်းဟာလည်း လူကြိုက်များပြီး ပေါက်ခဲ့တဲ့ အယ်လ်ဘမ်တွေ ဖြစ်ပါတယ်။ Hip-Hop, R&P, Pop သီချင်းတွေကို သီဆိုတတ်ပြီး Producer, Rapper, Musician တွေလည်း လုပ်ပါသေးတယ်။ သီချင်းခွေတွေ လုပ်ဆောင်ရာမှာ Jay-Z, Go Getters, Child Soldier, Kid Cudi စတဲ့ ဂီတဖန်တီးရှင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်လေ့ရှိသူ ဖြစ်ပါတယ်။ ကန်ရီဝက်စ် နဲ့ Jay-Z တို့ဟာ အလွန်ရင်းနှီး ပြီး ဂီတမိတ်ဆွေတွေ ဖြစ်ကြပါတယ်။
နောက်တစ်ချက်က ကန်ရီဝက်စ်ဟာ အမေဖြစ်သူကို အလွန်ချစ်ပြီး လိမ္မာယဉ်ကျေး တဲ့သားတစ်ယောက်လည်း ဖြစ်ပါတယ်။ ကန်ရီဝက်စ်ရဲ့မိခင် ဒေါက်တာဒွန်ဒါဝက်စ်ဟာ Clark Atlanta University ရဲ့ English အင်္ဂလိပ်စာဌာနက Professor တစ်ဦး ဖြစ်ပြီး ဝက်စ်ရဲ့မန်နေဂျာအဖြစ်လည်း လုပ်ပါတယ်။ ဒွန်ဒါဝက်စ်ဟာ ၂၀ဝ၇ နိုဝင်ဘာလ ၁၀ ရက်က ကိုယ်ခန္ဓာအလှအပအတွက် ရင်သားနဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ရင်း အသက် ဆုံးခဲ့ရသူ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်များက ကန်ရီဝက်စ်ကို တောင်းပန်ဖို့ကြိုးစားပေမဲ့ သူက စိတ်နာလို့ ဒါကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ဂီတမြူးဇစ်ပိုင်းမှာတော့ သူဟာ တော်ရုံလူမယှဉ်နိုင်တဲ့ ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ၂၀ဝ၄ မှာ The College Dropout ဆိုတဲ့ အယ်လ်ဘမ် စတင်ထွက်ရှိခဲ့ပြီး ၂၀ဝ၅မှာ Late Registration, ၂၀ဝ၇ မှာ Graduation ဆိုတဲ့ အယ်လ်ဘမ်တွေ ထွက်ရှိထားတဲ့ အဆိုရှင်တစ်ဦးပါ။ ဒီအခွေ သုံးခွေစလုံးဟာ US ဂီတလောကမှာ နံပါတ် ဝမ်းအယ်လ်ဘမ်အဆင့်မှာ သုံးကြိမ်ဆက်တိုက် ရပ်တည်
နိုင်ခဲ့တဲ့ အခွေတွေချည်း ဖြစ်ပါတယ်။ ဝက်စ်ဟာ သူ့ရဲ့ Own Record Label Good Music Production က နေပဲ ဒီအခွေတွေကို ဖြန့်ချိခဲ့ပါတယ်။ ဒီတလောကထဲမှာ အခွေထုတ်မှုကို ပိုင်ပြီဆိုမှ အပီအပြင် လုပ်ဆောင်ခဲ့တဲ့ အဆိုရှင်တစ်ဦး ဖြစ်ပါတယ်။ ၂၀ဝ၈ အတွင်းမှာ ထွက်ရှိထားတဲ့ ကန်ရီဝက်စ်ရဲ့ လေးခွေမြောက်အယ်လ်ဘမ် ကတော့ 808s Heartbreak ပါ။ ဒီအခွေဟာလည်း စီးပွားရေးအရ အလွန်တရာအောင်မြင်တဲ့ အခွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားမှုအရ သိရပါတယ်။
ကန်ရီဝက်စ်ဟာ ၁၉၇၇၊ ဇွန်လ ၈ ရက်နေ့ မွေးဖွားခဲ့ သူတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပါတယ်။ သူဟာ အခုချိန်ထိတော့ တရားဝင်မိန်းမ မယူသေးတဲ့ လူပျိုတစ်ယောက်ပါ။ တစ်ခါတုန်းက လေဒီဂါးဂါးဆိုတဲ့ အဆိုတော်မလေးက ကန်ရီဝက်စ်ဟာ စိတ်ဝင်စားစရာ အမျိုးသားတစ်ဦးလို့ ဖွင့်ပြောခဲ့ဖူးပါတယ်။ အချောအလှ မော်ဒယ်လ် ဒီဇိုင်နာ
တွေဖြစ်တအယ်လီဆစ် ရိန်းနီး၊ အယ်လီဆစ်ဖီဖာတို့နဲ့ တွဲခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာ မော်ဒယ်လ်အမ်ဘာရို့စ်နဲ့ တွဲနေပါတယ်။ ရက်ပ်ပါဟော့ရှော့တစ်ဦးဖြစ်ပေမဲ့ ရိုးသားပြီး စိတ်သဘောထား ဖြောင့်မတ်တဲ့ ပုရိသတစ်ဦးအဖြစ် ဟောလိဝုဒ် အမျိုးသမီးလောကမှာ ထင်ရှားကျော်ကြားပါတယ်။
xxxxxxxxxxxxxxxxxxxxx
TV Series Star
ဂျက်နက်တီအော (မိုးမြေချစ်သူ)
မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် စနေ၊ တနင်္ဂနွေ ည ၇းဝ၀ နာရီမှာ ထုတ်လွှင့် ပြသပေးလျက်ရှိတဲ့ မိုးမြေချစ်သူဇာတ်လမ်းတွဲ လေးထဲက မင်းသမီးလေး ဖြစ်ပါတယ်။ တချို့က ဒီဇာတ်လမ်းတွဲကို တရုတ်တီဗီစီးရီး တစ်ခုလို့ ထင်နေကြတာ မဟုတ်ပါဘူး။ Media Corp ရုပ်သံလွှင့်ဌာနထုတ်လွှင့်ပြသတဲ့ စင်ကာပူ ရုပ်သံစီးရီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့ မူရင်းအပိုင်းက ၃၄ ပိုင်းပါဝင်ပြီး
ဒီအထဲမှာ မင်းသမီး ဂျက်နက်တီအောက ကျူးရှမ်းဆိုတဲ့ ဆွံ့အနားမကြားသူ အမျိုးသမီးချောချောလေး နေရာကနေ ဝင်ရောက်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ ကျူးရှမ်းကမွေးတဲ့သမီး ယူနိုင်း နေရာကနေလည်း ဂျက်နက်တီအောပဲ ဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ အမေတူသမီးချောချော လေးလုပ်ပြခဲ့ပေမဲ့ ယူနိုင်းဇာတ်ရုပ်နေရာမှာတော့ ဆွံ့အနားမကြားသူမဟုတ်တဲ့အတွက် စကားသံ ထွက်ပြီးတော့ ပြောဆိုသရုပ်ဆောင်ခဲ့ပါတယ်။့
မိုးမြေချစ်သူကို ဇာတ်အိမ်တည်ထားတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့် ၁၉၃၀ ခုနှစ် ဝန်းကျင်တစ်ဝိုက်က ဂျပန်တို့ စိုးမိုးထားစဉ် စင်ကာပူနိုင်ငံရဲ့ အဖြစ်အပျက် အခြေအနေများနဲ့ နုနိုဂျာမျိုးဆက်က ဆင်းသက်ပေါက်ဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအပေါ် အနိုင်မခံ အရှုံးမပေးဘဲ တိုက်ပွဲဝင်ခဲ့ပုံတွေကို အနုပညာမြောက်စွာ ရိုက်ပြခဲ့တာ ဖြစ်ပါတယ်။ ကျူးရှမ်း၊ ယူနိုင်းဇာတ်ရုပ်တွေကနေ သရုပ်ဆောင်ခဲ့တဲ့ ဂျက်နက်တီအောဆိုတဲ့ မင်းသမီးဟာ စင်ကာပူ နိုင်ငံထွက် ရုပ်သံမင်းသမီးတစ်လက်ဖြစ်ပြီး တရုတ်သွေးပါသူပါ။ သူမကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမသုံးယောက်ရှိတဲ့ အနက် ဂျက်နက်တီအောဟာ အငယ်ဆုံးသမီးလေး ဖြစ်ပါတယ်။ သူ့အထက်မှာ အစ်ကိုနဲ့ အစ်မတို့ ရှိကြပါတယ်။
၂၀ဝ၁ ခုနှစ်မှာ စတင်ပြီး ဂျက်နက်တီအောဟာ အနုပညာလောကထဲကို စတင် ဝင်ရောက်ပြီး Media Works က ထုတ်လွှင့်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲများမှာ ဝင်ရောက် သရုပ်ဆောင်ခဲ့ပါတယ်။ Beautiful Connection ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ရုပ်ကနေ သရုပ်ဆောင်ခွင့်ရခဲ့ပြီး 2002 Best Newcomer Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ပြီးတဲ့နောက်မှာတော့ Media Corp နဲ့ ပြောင်းလဲလက်တွဲလို့ ဇာတ်လမ်းတွဲတွေ ရိုက်ခဲ့ပါ တယ်။ စစချင်းမှာ Media Corp က သူမကို ဇာတ်ပို့သရုပ်ဆောင်နေရာကနေပဲ သရုပ် ဆောင်ခွင့်ပေးခဲ့ပြီး ၂၀ဝ၃ နောက်ဆုံးနှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်ပြသတဲ့ The Champion ဆိုတဲ့ ရုပ်သံစီးရီး
ကျတော့မှ Frist Female Lead Role ကို ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀ဝ၁ ခုနှစ်မှာ စတင်ပြီး ဂျက်နက်တီအောဟာ အနုပညာလောကထဲကို စတင် ဝင်ရောက်ပြီး Media Works က ထုတ်လွှင့်ပြသတဲ့ ရုပ်သံဇာတ်လမ်းတွဲများမှာ ဝင်ရောက် သရုပ်ဆောင်ခဲ့ပါတယ်။ Beautiful Connection ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ရုပ်ကနေ သရုပ်ဆောင်ခွင့်ရခဲ့ပြီး 2002 Best Newcomer Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ပြီးတဲ့နောက်
မှာတော့ Media Corp နဲ့ ပြောင်းလဲလက်တွဲလို့ ဇာတ်လမ်းတွဲတွေ ရိုက်ခဲ့ပါ တယ်။ စစချင်းမှာ Media Corp က သူမကို ဇာတ်ပို့သရုပ်ဆောင်နေရာကနေပဲ သရုပ် ဆောင်ခွင့်ပေးခဲ့ပြီး ၂၀ဝ၃ နောက်ဆုံးနှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်ပြသတဲ့ The Champion ဆိုတဲ့ ရုပ်သံစီးရီးရုပ်သံစီးရီးကျတော့မှ Frist Female Lead Role ကို ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းတွေမှာတော့ ဂျက်နက်တီအောဟာ ဈေးကွက်ရှိ တန်းဝင်မင်းသမီး တစ်လက်ဖြစ်သွားတဲ့အတွက် ခေါင်းဆောင်မင်းသမီးနေရာကနေ အများဆုံးသရုပ်ဆောင်ခွင့် ရပြီး တစ်ခါတစ်ရံမှာ 2nd Female Lead Role နေရာကနေ သရုပ်ဆောင်ရပါတယ်။ သူမကိုယ်တိုင်က ဇာတ်လမ်းမရွေးဘဲ ဇာတ်ကားများများရိုက်တတ်တဲ့ မင်းသမီးပါ။ မိုးမြေချစ်သူကို ၂၀ဝ၇ မှာ ရိုက်ကူးခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုရဖို့ လျာထားခံစာရင်း ဝင်ခဲ့ပေမဲ့ ဆုတော့ မရခဲ့ပါဘူး။ တစ်နှစ်ကို အနည်းဆုံးဇာတ်လမ်းတွဲ နှစ်ကားကနေ လေးကားအထိ ရိုက်ကူးပြီး ၂၀ဝ၉ အတွင်းမှာ ရုံပြည့်ရုံလျှံပရိသတ်အားပေးခဲ့တဲ့ ရုပ်ရှင် ဇာတ်ကား Together မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ အခုလာမယ့်နိုဝင်ဘာမှာ ၂၀၁၀ မှာ ပြသဖို့အတွက New Beginnings ဆိုတဲ့ဇာတ်ကားကို ပါဝင်ရိုက်ကူးဦးမယ်လို့ သိရပါတယ်။ ဒီကားမှာလည်း ဂျက်နက်တီအောဟာ ခေါင်းဆောင်မင်းသမီးပဲဖြစ်ပါတယ်။ FAM Magazine, 8 Days, I Weekly, U Weekly, Her World စတဲ့ မဂ္ဂဇင်းကာဗာတွေမှာပါခဲ့တဲ့ မင်းသမီးချောဖြစ်ပါတယ်ခင်ဗျား။
xxxxxxxxxxxxxxxxxxxxx
Sport Star
ဟူစိန်ဘို့ဘ်(ကမ္ဘာ့အမြန်ဆုံးလူသား)
  
ဟူစိန်ဘို့ဘ်ဆိုတာ ဂျမေကာတာတို အပြေးချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆု သုံးကြိမ်တိတိ ဆွတ်ခူးရယူထားသူဖြစ်ပြီး ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်တဲ့ အခါတိုင်း ရှေ့ဆုံးကနေ တစ်ဦးတည်း ပြိုင်ဘက်မရှိ ပန်းဝင်လေ့ရှိသူ ဖြစ်ပါတယ်။ အမှန်တကယ် ပြောရမယ်ဆိုရင် ဟူစိန်ဘို့ဘ်အနေနဲ့ အပြေးမြန်လွန်းအားကြီးလို့ သူ တကယ်တမ်း ယှဉ်ပြိုင်ရတာက ပြိုင်ပွဲဝင်အနေနဲ့ အကျိတ်အနယ် ပြိုင်ရတာမျိုး မဟုတ်တော့ဘဲ သူ့ အရင်တင်ထားတဲ့စံချိန်ကို ချိုးပြီး စံချိန်သစ်ကို တစ်နှစ်ထက် တစ်နှစ် ပိုတိုးပြီး တင်နိုင်အောင် သတ်မှတ် ထားကြပါတယ်။
သူ့ရဲ့အသက်က အခုမှ ၂၃ နှစ် ကျော်ခါစ လူငယ်တစ်ယောက်ပါ။ မွေးနေ့က ၁၉၈၆၊ ဩဂုတ်လ ၂၁ ရက်နေ့ မွေးဖွားသူ ဖြစ်ပါတယ်။ မီတာ ၁၀ဝ ပြိုင်ပွဲ၊ မီတာ ၂၀ဝ ပြိုင်ပွဲတွေမှာ တစ်နှစ်ထက် တစ်နှစ် စံချိန်မိနစ်၊ စက္ကန့်တွေ ပိုတိုးလို့ စံချိန်သစ်တွေ တင်နေသူ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက သူဟာ လမ်းပေါ်မှာ ဘောလုံးနဲ့ ခရစ်ကတ်ကစားနည်းတွေကို သူငယ်ချင်း၊ ညီအစ်ကိုမောင်ဖွားတွေနဲ့ ကစားခဲ့သူ ဖြစ်ပါတယ်။
‘ကျွန်တော်ဟာ ငယ်ငယ်တုန်းကတည်းက ဘဝမှာ အားကစားနည်းတွေ ထက်ပိုပြီး တခြားအရာတွေ မရှိနိုင်ဘူးလို့ ထင်ခဲ့သူ ဖြစ်တယ်’ဟူစိန်ဘို့ဘ်က ပြန်ပြောပြခဲ့ဖူးပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာ စတင်လို့ ကျောင်းအပြေးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၀ဝ ပြေးပွဲမှာ စတင် ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီက စလို့ ဟူစိန်ဘို့ဘ်ဟာ အပြေးအားကစား
ကိုပဲ ဇောက်ချလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ် ချက်ချခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကျောင်းပြိုင်ပွဲ အဆင့်ကနေ တစ်ဆင့်ချင်း တက်လှမ်းလာခဲ့တဲ့ သူဟာ နည်းပြဆရာကောင်းတွေနဲ့ တွေ့ဆုံခဲ့လို့လည်း အခုလို တိုးတက်အောင်မြင်လာခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကို နည်းပြသင်ကြားပေးခဲ့တဲ့ ဆရာတွေက အိုလံပစ်မီတာ ၁၀ဝ ချန်ပီယံဟောင်းတွေဖြစ်ကြတဲ့ ပတ်ဘလို မတ်နီးစ်နဲ့ ဒွေးဘရက်တို့ ဖြစ်ကြပါတယ်။ ၂၀ဝ၁ ကစပြီး ဂျမေကာနိုင်ငံရဲ့ ကာရေဘီယံကျွန်းမှာ ကျင်းပယှဉ်ပြိုင်တဲ့ CARIFTA Games ပြိုင်ပွဲတွေမှာ မီတာ ၄၀ဝ ပြိုင်ပွဲကို ဟူစိန်ဘို့ဘ် စတင်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပြီးတော့ ဟန်ဂေရီ နိုင်ငံဒီဘရီဆမ်မှာကျင်းပတဲ့ ကမ္ဘာ့လူငယ်အပြေးပြိုင်ပွဲ မီတာ၂၀ဝ ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအပြေးပြိုင်ခွင့် စံချိန် ၂၁.၇၃ စက္ကန့်ကို အမီမပြေးနိုင်ခဲ့တဲ့အတွက် ဟူစိန်ဘို့ဘ်ဟာ ဝင်ပြေးခွင့်တောင် မရရှိခဲ့ရှာပါဘူး။ ဒါကြောင့် အောင်မြင်ကျော်ကြားသူတိုင်း ဘယ်သူမှတော့ အစပိုင်းကတည်းက စင်းလုံးချောဆိုတာတော့ မရှိခဲ့ပါဘူး။ ဒီလိုပဲ ကျရှုံးမှုတွေကို မခံချင်စိတ်နဲ့ ကြိုးစားရင်း ကြိုးစားရင်း နောက်ဆုံးမှာ အောင်မြင်မှုတွေ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဟူစိန်ဘို့ဘ်က အကကို ဝါသနာပါသူဖြစ်ပြီး ဘောလုံးကစားနည်းကိုလည်း မြတ်နိုးသူတစ်ဦးပါ။ သူက မန်ယူ Fam တစ်ယောက် ဖြစ်ပါတယ်။ တစ်ခါတုန်းက အိုးထရက်ဖို့ဒ်လေ့ကျင့်ရေး ကွင်းကိုလာပြီး စီရော်နယ်ဒိုနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။ အရပ်က ၆ ပေ ၅ လက်မနဲ့ ၁၅ နှစ် သားအရွယ်ကတည်းက သက်တူရွယ်တူတွေထက် ပိုပြီး ကိုယ်ခန္ဓာထွားကျိုင်းသန်မာသူ ဖြစ်ပါတယ်။
ကိုမိုး (တောင်ကြီး)
ကိုယ်ကျင့်တရား ကောင်းဖို့လိုတယ်
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (ရေဗက္ကဝင်း)
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (မိုးမိုး)
ဘာပဲလုပ်လုပ်
ရိုးသားမှုနဲ့ မာယာ
မာနပဲရှိတယ်
ကိုယ်လုပ်တဲ့လုပ်ကို ယုံကြည်ဖို့လိုတယ်
တစ်ခါတစ်ရံမှာ
ကြိုးစားပါ
Stars From Media World