 |
|
အနုပညာလောကထဲကို ဘဝသရုပ်ဖော် ဇာတ်လမ်း တွေနဲ့ အောင်မြင်အောင် ကြိုးစားလာခဲ့သူ...၊ မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသား အဖြစ်နဲ့ သရုပ်ဆောင်ခဲ့သူ...၊ သဘာဝကျတဲ့ ရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ရဲ့ ချစ်ခင် အားပေးမှုကို အချိန်ကာလတစ်ခုအတွင်းမှာ ရရှိ လာခဲ့သူ...၊ မျိုးမင်းဟိန်းအမည်နဲ့ လူငယ်လေးက မြင့်မြတ် ဆိုတဲ့နာမည်နဲ့
အနုပညာအသိုင်းအဝိုင်းမှာ နေရာတစ်နေရာ ရထားသူလည်း ဖြစ်ပါတယ်။ ‘ဟင့်အင်း’ ဆိုတဲ့ ဗီဒီယိုကားလေးမှာ မိန်းကလေးစိတ်ပေါက်နေတဲ့
မိန်းမလျာလေးအသွင် |
|
| သရုပ်ဆောင်ထားတာက ပီပြင်လှတာမို့ သူ့ရဲ့ အမာခံပရိသတ်တွေ ပိုမိုများပြားလာခဲ့ပါတယ်။ ၂၀ဝ၆ ခုနှစ်က စပြီး သူ့ရဲ့အနုပညာခရီးမှာ ဘယ်လိုခံယူချက်တွေနဲ့ ခရီးဆက်နေသလဲလို့ သိချင်တာကြောင့် ရိုက်ကွင်းရှိရာကို သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။ |
|
- အခု ရိုက်ထားပြီးတဲ့ `ကျောက်စက်ရေ´ ရုပ်ရှင် ကားအကြောင်း ပြောပြပေးပါလား။ အဲဒီမှာ မြင့်မြတ် က ဘယ်လို character မျိုးနဲ့ သရုပ်ဆောင်ထားလဲ။
‘ကျောက်စက်ရေ’ရုပ်ရှင် ကားကြီးက ကိုဝိုင်း ရိုက်တာပါ။ အဲဒီကားက ‘သမီးနဲ့အမေများ’ ရုပ်ရှင်ကားနဲ့ ဇာတ်လမ်းကျောရိုး ဆင်သွားတယ်။ ကျွန်တော်တို့က အင်္ဂလိပ်ကားကို ပြန်ရိုက်တာ။ ဒရာမာဆိုတာထက် ကြည့်ပြီး မျက်ရည်ကျရတဲ့ ဒရာမာတော့ မဟုတ်ဘူး။ ဇာတ်ကတော့ ဒရာမာ ဆန်ဆန်။ ဒါပေမဲ့ ရိုက်ချက်တွေနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးပါ။ ငိုရတဲ့ကားတော့ မဟုတ်ပါဘူး။ ဇာတ်လမ်း ထဲမှာ ဒေါ်ခင်သန်းနုက ကျွန်တော့်ရဲ့ မွေးစားအမေ၊ နောက်ကျတော့ အမေ သုံးယောက်က ပြန်လာရှာတာ။ အဲဒီစိတ်နဲ့ပဲ အမေ (ဒေါ်ခင်သန်းနု)က စိတ်ထိခိုက်ပြီး ဆုံးသွားတယ်။ အမေက မသေခင် သဲလွန်စ ချန်ခဲ့တယ်။ သူက အမေရင်း မဟုတ်ဘူး၊ အဲဒီသုံးယောက်ထဲက တစ်ယောက်ပဲလို့ပြောခဲ့တော့ သိချင်လို့ရှာတဲ့ ပုံစံမျိုးပါ။ အမေ သုံးယောက်ကတော့ မခိုင်ကြီး ရယ်၊ မစိုးရယ်၊ မဆင့်ရယ်ပေါ့။ |
|
 |
|
| အဲဒီကားကို ဒီနှစ်ထဲမှာပဲ ရုံတင်မှာပါ။ ဒီဇာတ်ကားက ဘယ်သူ အမေဆိုတာကို ပြောမထားဘူးလေ။ ဒီကားမှာ ကျွန်တော်က အဆိုတော်ပါ။ စရိုက်တော့ ထူးထူးခြားခြား လုပ်ရတာ မရှိပါဘူး။ အမေရှာတဲ့အခါ အမေတွေက ဝန်မခံတဲ့အတွက် ဒေါသဖြစ်ရတယ်။ ဂျစ်ကန်ကန် ပုံစံလေးပါပဲ။ ကျွန်တော် ဒီကားရိုက်ဖို့ ဇာတ် ညွှန်းရပြီဆိုကတည်းက နေ့တိုင်း ဇာတ်ညွှန်းကို မပြတ်ဖတ်တယ်။ ပြီးသွားရင်လည်း အစက ပြန်ဖတ်တယ်။ ကျေညက်တဲ့အထိ ဇာတ်ညွှန်းတွေ ဖတ်ထားတယ်။ အဝတ်အစားတွေကအစ ဒီဇာတ်လမ်းကို ရိုက်မယ်ဆိုကတည်းက ရှာထားတယ်။ ဘယ်အခန်းမှာ ဘာဝတ်မယ်ဆိုပြီး တစ်ခါတည်း ကွက်တိ ရှာထားတယ်။ |
|
 |
|
- ဒီဇာတ်ကားမှာ တော်တော်လေး ကြိုးစားထားတယ်ဆိုတော့ ဘယ်အထိ ရည်မှန်းထားသေးလဲ။
ကျွန်တော့်ဘက်က ကြိုးစားမှုကတော့ အစွမ်းကုန်ပဲဗျ။ အတတ်နိုင်ဆုံး ကောင်းအောင် အားစိုက်ပြီး လုပ်ထားတာပါ။ အကယ်ဒမီဆိုတာက ကံနဲ့လည်း ဆိုင်မယ် ထင်ပါတယ်။ ပေးရင်တော့ ယူချင်တာပေါ့ (ရယ်လျက်)။ ရုပ်ရှင်ကားက ‘အမည်မဖော်လိုသူအချစ်’ နဲ့ ‘ကျောက်စက်ရေ’ နှစ်ကားပဲ ရှိသေးတယ်။ |
|
|
- အနုပညာနဲ့ပတ်သက်ပြီး ဝါသနာဗီဇကိုက ဘယ်အချိန်မှာ သတိပြုမိခဲ့သလဲ။
အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေရိုက်ရင်းနဲ့မှ ဝါသနာ ပိုပါလာတာပါ။ အရင်တုန်းက အဲဒီလောက် မဟုတ်ဘူး။ လုပ်ချင်တယ်ဆိုတဲ့ စိတ်နဲ့ နည်းနည်းပါးပါး လျှောက်လုပ်ဖြစ်ခဲ့တာလေးတွေပဲရှိတယ်။ တကယ်လုပ်ဖြစ်လာတော့ ရိုက်ရင်းနဲ့ ဒီ အလုပ်ထဲမှာ ပျော်လာတယ်။ နောက်ပြီးတော့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့ ဘဝတွေကို သရုပ်ဆောင်ရတယ်ဆိုတော့ ပိုပျော်ဖို့ ကောင်းတယ်လို့ ခံစားလာရတယ်။ |
|
 |
|
|
 |
|
- အနုပညာအလုပ်လုပ်တဲ့အခါ ကြုံတွေ့ရတဲ့အခက်အခဲဆိုတာတွေ ကရော...။
အခက်အခဲတွေကတော့ အများကြီးပဲဗျ။ စလုပ်တုန်းကဆိုရင် ကျွန်တော်က actorကြီးတွေနဲ့ သရုပ်ဆောင်ရတယ်ဆိုတော့ ကိုယ်မလုပ်နိုင်တဲ့ နေရာမှာ actor ကြီးတွေ ငြိုငြင်မှာလည်း ကြောက်တာပေါ့ဗျာ။ အဲဒီစိတ်တွေ နည်းနည်းရှိတယ်။ လုပ်တဲ့ကိုင်တဲ့ နေရာမှာလည်း စရိုက်ကတည်းက ဒရာမာ ရိုက်တာဆိုတော့ အခက်အခဲတွေ အများ ကြီးတွေ့တာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဦးဝင်းထွန်းထွန်းနဲ့ စရိုက်တာဆိုတော့ ဦးဝင်းထွန်းထွန်းကလည်း သေချာသင်ပြတယ်။ ဗီဒီယို စရိုက်တာမှာ ဦးဝင်းထွန်းထွန်းက ကျွန်တော့်ရဲ့လက်ဦးဆရာပဲပေါ့။ စရိုက်တုန်းက ကိုယ့်အတွက် အကုန်လုံးက ပညာယူစရာချည်းပဲ။ ဘာအတွေ့အကြုံမှ မရှိတော့ ပိုဆိုးတာပေါ့။ အကြည့်ခိုးတာတွေကို အဲဒီတော့မှ စသိတာပေါ့။ အထူးသဖြင့် ကျွန်တော်က ဒီလောကထဲမှာ အစိမ်းသက်သက်ဆိုတော့ ပိုခက်ခဲခဲ့ပါတယ်။
- မြင့်မြတ်က ဒီလောကမှာ အချိန်တိုလေးအတွင်း အောင်မြင်တယ်လို့ ဆိုရင်ရော...။ |
|
|
အောင်မြင်မှုတယ်ဆိုရင်တော့ ကျွန်တော့်ကို ပံ့ပိုးပေးတဲ့ မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေးကြောင့်လည်း ပါတယ်။ ကျွန်တော်ကတော့ အောင်မြင်ချင်တယ် ဆိုတာထက် ကိုယ့်ကြိုးစားအားထုတ်မှုတွေ ကောင်းနေချင်တာ အဓိကပါ။ ရလဒ်အားလုံးဟာ ကျွန်တော့်ရဲ့ ကြိုးစားမှုရော၊ ဒီလောကသားတွေရဲ့ ပံ့ပိုးမှုတွေကြောင့်လည်း ပါတယ်လို့ ပြောချင်ပါတယ်။ |
|
- Character ပိုင်နိုင်ဖို့အတွက် အဓိက ဘာတွေလိုအပ်မလဲ။
Character ပိုင်နိုင်ဖို့အတွက် အဓိက ဇာတ်ညွှန်းပေါ့။ ဇာတ်ညွှန်းကို ကျေညက်နေမှ ရမယ်။ နောက်ပြီး ဇာတ်တစ်ခုလုံးကိုလည်း ကျေညက်နေမှ ရမှာပေါ့။ ဇာတ်ကို ကျေညက်အောင်ဖတ်၊ character က ဘာလဲ၊ အဝတ်အစားက အစ ပြင်ဆင်ရပါတယ်။
- မြင့်မြတ်ရိုက်ခဲ့သမျှ ကားတွေထဲမှာ တကယ်ငိုတာလား။ မျက်ရည်တု သုံးတာလား။
ကျွန်တော်တို့ ရှုတင်တွေမှာဆိုရင် ဇာတ်ညွှန်းကြိုရတယ်။ ကြိုလည်း ဖတ်ထားတာပေါ့နော်။ ဖတ်လိုက်ကတည်းက သိတယ်။ ဒီနေရာမှာ ငိုလို့ရလား မရလားဆိုတာ။ တချို့အခန်းတွေကျတော့ |
|
 |
|
| မျက်ရည်တု သုံးစရာမလိုဘဲ mood ဝင်တဲ့အခန်းတွေ ရှိတယ်။ တချို့ကျတော့ mood တော့ ရတယ်။ မျက်ရည်မထွက်တာတွေလည်း ရှိတယ်။ အဲဒီအခါကျတော့ မျက်ရည်တုသုံးရတာပေါ့။ တကယ်တမ်း ငိုဖို့ဆိုတာကတော့ ခက်ခဲပါတယ်။ |
|
| - acting လုပ်ရလွန်းလို့ စိတ်ဓာတ်ကျတာမျိုးတွေရော ရှိဖူးလား။ |
| acting လုပ်ရလို့ စိတ်ဓာတ်ကျတာမျိုး မရှိပါဘူး။ အတတ်နိုင်ဆုံး လုပ်တယ်၊ မလုပ်နိုင်သေးဘူးဆိုရင်တောင်မှ အားမရလိုက်တဲ့ အခါမျိုးတွေတော့ ရှိတာပေါ့။ အနုပညာအလုပ်ဆိုတာ စိတ်ဓာတ်ခိုင်မာဖို့ လိုတယ်လို့ မှတ်သား ထားရဖူးတယ်။ |
|
| - ဒီအနုပညာမှ မဟုတ်ပါဘူး။ ဘယ်အလုပ်ထဲမှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာ ရှိတယ်လေ။ မြင့်မြတ်လည်း ကြုံဖူးမှာပဲ။ အဲဒီအခါ စိတ်ကို ဘယ်လိုထွက်ပေါက်ပေးလဲ။ |
| အရင်တုန်းက Gym ကစားတယ်။ ဒါလည်း ထွက်ပေါက် တစ်ခုပေါ့။ အခုနောက်ပိုင်း အလုပ်တွေလည်းများ၊ နယ်တွေ ထွက်ရတော့ မသွားဖြစ်ဘူး။ နောက်ပြီး ဂစ်တာတီး၊ သီချင်းဆိုတယ်။ အပျော်သဘောပေါ့။ ဂိမ်းတွေ ဆော့တယ်။ |
|
 |
|
- ဘယ်ဒါရိုက်တာတွေနဲ့ အရိုက်များလဲ၊ သူတို့ဆီကရော ဘာတွေ သင်ယူရရှိလဲ။
ဒါရိုက်တာ ဦးဝင်းထွန်းထွန်း၊ ဦးမီးပွား၊ ဦးကုသိုလ်၊ ကိုဝိုင်း ဒါတွေက ကျွန်တော်နဲ့ တော်တော်လေးလက်တွဲဖြစ်တဲ့ ဒါရိုက်တာတွေပေါ့။ သူတို့ဆီက ပညာတွေ တော်တော် များများ ရပါတယ်။ ဦးမီးပွားဆိုရင် ကျွန်တော် ငါးကားလောက်မှ စတွေ့တာပေါ့။ ကျွန်တော်က ဒီအနုပညာအလုပ်ကို ရိုက်သင်သင်ရတာပါ။ အနုပညာအလုပ်က ပညာဆုံးသွားတယ်ဆိုတာ မရှိဘူးဗျ။ အမြဲတမ်း character ပေါ်မှာ မူတည်ပြီး acting တွေ ပြောင်းနေရတာဆိုတော့ ဘယ်တော့မှ ဆုံးတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ထက်ဝါရင့်တဲ့ actor တွေ၊ ဒါရိုက်တာတွေ ဆီကနေ အမြဲတမ်း လေ့လာသင်ယူနေရတာပဲ။
- မြင့်မြတ် အနုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ မျှော်လင့်ထားလဲ။ |
|
|
| ကျွန်တော်ကတော့ လူတိုင်းနှစ်သက်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ တချို့ ကျွန်တော့်ကို ကြိုက်တာလည်း ရှိတယ်၊ မကြိုက်တာလည်း ရှိတယ်။ ကျွန်တော်ကို မကြိုက်တဲ့သူ မရှိအောင် ကျွန်တော့်ဘက်က အတက်နိုင်ဆုံး ကြိုးစားချင်ပါတယ်။ အခု လောလောဆယ်တော့ ကျွန်တော့်ကို နယ်ပရိသတ်တွေ အားပေးတာ ပိုများပါတယ်။ |
|
| - ဘယ်လို character မျိုးကို သရုပ်ဆောင်ရတာ ပိုအားသန်လဲ။ |
| ကျွန်တော်က ဒရာမာဘက်ကို ပိုပြီး အားသန်တယ်။ ဒရာမာက ပိုပြီးတော့ လုပ်ကွက်ရှိတယ်ပြောရမှာပေါ့။ |
|
| - ‘မာယာရထား’ ရုပ်ရှင်ကားကို ဗီဒီယိုပြန်ရိုက်ထားတယ်ဆိုတော့ ကိုလွင်မိုးသရုပ်ဆောင်တာ ကွဲပြားတဲ့ style ဖြစ်ခဲ့လား။ |
| ဒီကားက ဒါရိုက်တာကိုဇော်မျိုးရိုက်တာပါ။ ကျွန်တော် ဒီကား စရိုက်မယ်ဆိုတော့ အရင်ရုပ်ရှင်ကားအခွေ ပြန်ကြည့်ထားပါတယ်။ အဲဒီကားကို ပြန်ရိုက်တာဆိုပေမဲ့ အများကြီး ပြန်ပြင်ထားတယ်။ Presentation တွေ ပြန်ပြင်ထားတော့ မတူတော့ဘူးပေါ့။ ကျွန်တော်လည်း ကိုယ့်စတိုင်လ်နဲ့ ကိုယ် ပြန်သရုပ်ဆောင်ထားပါတယ်။ |
|
- ‘ဟင့်အင်း’ဆိုတဲ့ကားလေးလည်း ပေါက်တယ်နော်။ အဲဒီကား ရိုက်တော့ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။
မိန်းမလျာ လုပ်ရတဲ့ character ကိုယ်မလုပ်ဖူးတဲ့ character လည်း ဖြစ်တယ်။ မလုပ်ဖူးဘူးဆိုပေမဲ့ တစ်ခန်းစ၊ နှစ်ခန်းစတော့ ရိုက်ဖူးပါတယ်။ ဒီလိုတစ်ကားလုံးမျိုးက ဒီတစ်ကားပဲ ရှိသေးတယ်။ ကိုဇော်ဝင်းနိုင်တို့လို သရုပ်ဆောင်တွေနဲ့ လက်တွဲတော့ ကားလေးလည်း ကောင်းတာပေါ့။ အခက်အခဲကတော့ ပထမ စရိုက်ရိုက်ချင်း ရိုက်လို့မရဘူး။ တစ်နေကုန်မှ တစ်ခန်းပဲ ရိုက်လို့ရတယ်။ အဲဒီလိုမျိုး နွဲ့တာ အခက်အခဲတော့ ရှိတာပေါ့။ ဦးကုသိုလ်က သေသေချာချာ သင်ပေးပြီး ရိုက်တော့ အဆင်ပြေသွားပါတယ်။
- စာတွေရော ဖတ်ဖြစ်လား။ စာဖတ်တော့ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲ။ အရင်တုန်းက စာဖတ်ဖြစ်တယ်။ အခုနောက်ပိုင်း စာသိပ်မဖတ် ဖြစ်တော့ |
|
 |
|
| ဘူး။ နောက်တော့ ပြန်ဖတ်ရမှာပါ။ စာပေက လူတွေကို အကျိုးပြုတာပေါ့ဗျ။ စာအုပ်တစ်အုပ်ထဲမှာ ကိုယ်မသိတဲ့၊ ကိုယ်မမြင်နိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိတယ်ဗျ။ အတွေ့အကြုံယူဖို့ ဆိုရင် စာအုပ်တစ်အုပ်ထဲမှာ အများကြီးရနိုင်တယ်။ စာဖတ်ခြင်းက စိတ်ကိုလည်း ရင့်ကျက်စေတယ်။ ကိုယ်ရှောင်သင့်၊ ဆောင်သင့်တာလေးတွေလည်း စာပေထဲမှာ အများကြီးပါပါတယ်။ |
|
| - အနုပညာဝမ်းစာဖြည့်ဖို့ ဘယ်လိုလေ့လာဖြစ်လဲ။ |
| ကျွန်တော် အရင်နေခဲ့တဲ့ဘဝက သရုပ်ဆောင်လုပ်တဲ့အခါမှာ အရမ်း အထောက်အကူပြုပါတယ်။ နောက် နိုင်ငံခြားရုပ်ရှင်ကားတွေ ကြည့်ဖြစ်တယ်။ ကြည့်တယ်ဆိုပေမဲ့လည်း သူတို့စရိုက်နဲ့က ဒီမှာ အံဝင်ခွင်ကျမရှိဘူးလေ။ နည်းနည်းပါးပါးတော့ လေ့လာရတာပေါ့။ အဓိကကတော့ ဒီကလူ့သဘာဝစရိုက်ကို လေ့လာပြီး သရုပ်ဆောင်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ |
|
| - အောင်မြင်ဖို့အတွက် အဓိက ဘာတွေ လိုအပ်မယ်လို့ ထင်လဲ။ |
| အဓိက ကိုယ်ကျင့်တရားကောင်းဖို့လိုမယ် ထင်တယ်ဗျ။ ကိုယ်ကိုယ်တိုင် ကြိုးစားချင်စိတ်ရှိရမယ်၊ ပံ့ပိုးပေးဖို့ လူရှိရမယ်။ အကြောင်းတရားတွေ ဆုံလာရင်တော့ ဖြစ်လာမှာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်က အမြဲတမ်း ကြိုးစားနေရပါမယ်။ အသစ်တစ်ယောက်အနေနဲ့ ကြုံရမယ့် အခက်အခဲဒုက္ခတွေကတော့ အများကြီး ရှိပါတယ်။ |
|
| - အချစ်ရေးကို မေးရင်ရော...။ |
| တက္ကသိုလ်ကျောင်းတက်တုန်းကတော့ ခပ်မိုက်မိုက်လေးဆိုရင် ကြိုက်တာပေါ့ဗျာ။ အခုလို အလုပ်တစ်ခုကို စောက်ချလုပ်နေတဲ့ ချိန်မှာရောက်လာပြီဆိုတော့ အဲဒီအပိုင်း သိပ်တောင် မစဉ်းစားမိတော့ဘူး။ အလုပ်က အဓိကလို့ပဲ ထားပါတယ်။ ကျွန်တော် ဖြစ်ချင် ရောက်ချင်တဲ့ အခြေအနေလည်း မရောက်သေးတော့ အဲဒါကို ခဏမေ့ထားတယ်။ |
|
| - ပရိသတ်အတွက် စကားလက်ဆောင်က... |
| ကျွန်တော့်ပရိသတ်ကြီး အစစအရာရာ အဆင်ပြေပါစေ။
ကျွန်တော် ဗီဒီယိုကားတွေ အများကြီး ရိုက်ထားပါတယ်။ လိုအပ် တာရှိရင်လည်း ဝေဖန်အကြံပေးပေးပါ။
|
|
| မြတ်စုလွင်(မဟာဝိဇ္ဇာ) |