Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter


ငယ်ငယ်ကတော့ လေယာဉ်မယ်တို့၊ ဆရာမတို့တော့ လုပ်ချင်တာပေါ့။ အနုပညာနဲ့ ပတ်သက်လို့ ဝါသနာတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အနုပညာပဲ လုပ်မယ်လို့တော့ စိတ်မကူးခဲ့ဖူးပါဘူး။ သီချင်းဆိုတာ ဝါသနာပါလို့ ဘုရားကျောင်းမှာဆိုရင် အမြဲသီချင်းဆိုဖြစ်တယ်။ ဆိုရင်း ဆိုရင်းနဲ့ ပိုဆိုချင်လာတယ်။ သူငယ်ချင်းတွေကလည်း ဆိုပါလားဆိုပြီး ဝိုင်းပြောကြတယ်။ သီချင်းနားထောင်တာလည်း ငယ်ငယ်ကတည်းက crazy ပဲ။ အဲဒီတုန်းက VCD မပေါ်သေးဘူး။ Tape နဲ့ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနား၊ ထုံချိုင်း အခွေတွေကြည့်ပြီး ကြီးလာရင် သူတို့လို ကပြီး သီချင်းဆိုချင်လိုက်တာလို့တော့ တွေးမိတယ်။ အရမ်းလည်း အားကျခဲ့တာပေါ့။ City FM လွှင့်တဲ့ တက်သစ်လွင်ပြင်ကဏ္ဍမှာ

စဆိုခဲ့တယ်။ နောက် သီချင်းပြိုင်ပွဲတွေလည်း ဝင်ပြိုင်တာ ပထမရခဲ့တယ်။ အဲဒါကို ထုတ်ဝေသူက ကြားပြီး အတွဲခွေကနေ ဒီလမ်းကြောင်းပေါ် ရောက်လာတာပါ။

ကိုယ်ဝါသနာပါတဲ့အလုပ်ကို တန်ဖိုးထား ကြိုးစားခဲ့တဲ့ ရေဗက္ကဝင်း အတွက် ကျန်တာတွေကတော့...

သီချင်းဆိုတာ ဝါသနာပါတယ်။ ဝါသနာပါတဲ့ အရာလေးကို လုပ်ဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတယ်။ အိမ်က အဖေနဲ့ အမေက အနုပညာအလုပ်ကို လုပ်တာမကြိုက်တော့ တော်တော်လေး ညှိနှိုင်းပြီး လုပ်ခဲ့ရတယ်။ နောက်ပိုင်း သီချင်းတွေဆိုခဲ့ပြီး နာမည်ရလာ အခါမှာလည်း အလုပ်နဲ့ပတ်သက်ပြီး အဆင် မပြေတာတွေ၊ အတိုက်အခိုက်တွေ၊ ပြောဆိုတာတွေရှိခဲ့တယ်။ ဒါပေမဲ့ ရေဗက္က ကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရတာဆိုတော့ ဒီအလုပ်လေးကို တန်ဖိုးထားပြီးတော့ပဲ မှန်မှန်ကန်ကန်နဲ့ပဲ ကြိုးစားနေပါတယ်။

စိတ်ပျော်ရွှင်မှု၊ မပျော်ရွှင်မှုပေါ် မူတည်ပြီး နားထောင်ဖြစ်နေတဲ့ ဂီတ အမျိုးအစားတွေကလည်း...

ဘီယွန်ဆေးနဲ့ ဗာဂီတို့နှစ်ယောက်စလုံးကိုတော့ အကြိုက်ဆုံးပဲ။ ဂီတနဲ့ပတ်သက်ရင်တော့ ရေဗက္က အကုန်နီးပါး ကြိုက်တယ်။ စိတ်ဝင်စားတယ်။ ကိုယ် စိတ်ကြည်နေတဲ့ အခါမှာဆိုရင်တော့ ရော့ခ်၊ အော်တာ၊ ပန့်ခ်တွေ ကြိုက်တယ်။ ကိုယ် စိတ်မကြည်တဲ့အချိန်၊ စိတ်ရှုပ်တဲ့အချိန်ဆိုရင် အဲဒါတွေကို နားမထောင်ချင်ဘူး။ စလိုးရော့ခ်တွေ၊ ပေါ့ပ်တွေ၊ ကန်းထရီး တွေလည်း ကြိုက်တယ်။ နေရာဒေသပေါ် မူတည်ပြီးတော့လည်း R & B တို့၊ ဂျက်တို့ကိုလည်း ကြိုက်တယ်။ ရေဗက္ကရဲ့စိတ်အခြေအနေပေါ် မူတည်ပြီး နားထောင်တာပါ။

သီချင်းသီဆိုမှုနဲ့ပတ်သက်ပြီး သူမရဲ့ဝမ်းစာဖြည့်မှုက..

အသံကို လေ့ကျင့်တာမျိုး သိပ်မရှိခဲ့ဘူး။ ရေဗက္က နဂိုရှိခဲ့တဲ့ အသံအတိုင်းပဲ ဆိုလိုက်တာပဲ။ ဘုရားပေးတဲ့ အသံအတိုင်းပေါ့။ အသံနဲ့ပတ်သက်ပြီး ထူးထူးခြားခြား လေ့ကျင့်တာမျိုးမရှိဘူး။ ကြုံရင် ကြုံသလို ဂီတနဲ့ပတ်သက်ပြီး လေ့လာတယ်။ အဲဒီထဲမှာ နားထောင်တာ ပိုများတယ်။ များသောအားဖြင့် ရေဗက္က အကြားနဲ့ပဲ ဆိုခဲ့တာပါ။

အောင်မြင်မှုနဲ့ သူမရဲ့အယူအဆ

ဇွဲရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်။ နောက် သူများပြောရင် နားမယောင်ဖို့လည်း လိုပါတယ်။ သူများက ပါးစပ်နဲ့ ပြောလိုက်တဲ့အပြောကို နားမယောင်ဘဲ ကိုယ့်စိတ်ထဲမှာ ချမှတ်ထားတဲ့ သေချာတဲ့ ရည်မှန်းချက် ပန်းတိုင်အတိုင်း ကြိုးစားပြီး လျှောက်လှမ်းသွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ အောင်မြင်မှာပါ။ ကိုယ်က သရုပ်ဆောင်တာ တော်တယ်လို့ထင်ရင် သရုပ်ဆောင်လုပ်ပေါ့။ အသံကောင်းရင် သီချင်းဆိုပေါ့။

စီးပွားရေးဦးနှောက် ရှိတယ်ဆိုရင် စီးပွားရေးလုပ်ပေါ့။ ကိုယ့်မှာပါတဲ့ ပါရမီနဲ့ ကိုယ့်ရဲ့အရည်အချင်းနဲ့ လိုက်ဖက်တဲ့ ကိုက်ညီတဲ့အလုပ်ကို လုပ်ရင် အောင်မြင်မှာပဲ။
မြတ်စုလွင်(မဟာဝိဇ္ဇာ)
ကိုယ်ကျင့်တရား ကောင်းဖို့လိုတယ်
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (ရေဗက္ကဝင်း)
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (မိုးမိုး)
ဘာပဲလုပ်လုပ်
ရိုးသားမှုနဲ့ မာယာ
မာနပဲရှိတယ်
ကိုယ်လုပ်တဲ့လုပ်ကို ယုံကြည်ဖို့လိုတယ်
တစ်ခါတစ်ရံမှာ
ကြိုးစားပါ
Stars From Media World