Select Month :   Go
Magazine Contents of this month
 
  Email :  
  Password :  
   Forget Password ?       Enter


ငယ်ငယ်က စိတ်ကူးထားတာကတော့ အနုပညာသမားတော့ လုပ်ချင်တယ်။ အနုပညာသမား မဖြစ်ဘဲနဲ့တော့ မသေချင်ဘူးလို့တော့ စိတ်ကူးရှိခဲ့တယ်။ နောက်တစ်ခုကတော့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်တယ်။ `အာခီတက်ခ်´ပေါ့။ ငယ်ငယ်ကတည်းက အိမ်ကို ပြောထားတယ်။ ဆရာဝန်မလုပ်ချင်ဘူး။ စစ်ဗိုလ် မလုပ်ချင်ဘူး။ အင်ဂျင်နီယာလုပ်မယ်။ အနုပညာ အလုပ် လုပ်မယ်ပေါ့။ အဲဒီတုန်းက အားကျခဲ့တာ အင်ဂျင်နီယာလုပ်ပြီး အနုပညာလည်း လုပ်ခဲ့တဲ့ ကိုသားကြီးပေါ့။ ကျွန်တော် ၁၀ တန်းအောင်တဲ့ အချိန်ကျတော့ အာအိုင်တီစက်မှု တက္ကသိုလ်က ပိတ်သွားပြီလေ။ ဂျီတီစီတို့၊ ဂျီတီအိုင်တို့ပဲ ရှိတော့တာ။ အဲဒီဟာတွေကို နောက်တစ်ဆင့်ရဖို့ ထပ်ပြီး ကြိုးစားရသေးတယ်။ အဲဒါနဲ့ ရေကြောင်းသိပ္ပံ တက်ဖြစ်သွားတာ။ ဂီတဘက်ကိုတော့ အခွေကြမ်း

အရင် စလုပ်ဖြစ်တယ်။ ဒရမ်တီးတဲ့ ကိုဖိုးသက်ဆိုတဲ့ အစ်ကိုနဲ့ အခွေကြမ်းလုပ်ဖြစ်ခဲ့တာ။ သူ့အကူအညီနဲ့ပဲ မြေပဲယိုအဖွဲ့ထဲ ရောက်သွားတာပေါ့။ မြေပဲယိုအဖွဲ့နဲ့ လက်တွဲတယ်။ ကျွန်တော် single အခွေထွက်နိုင်အောင် ကြိုးစားတယ်ပေါ့။

မြေပဲယိုအဖွဲ့နဲ့ ဂီတလောကထဲမှာ သီဆိုစီးမျောခဲ့သလို သူ့ရဲ့ ရေးသား ဖန်တီးမှုတွေကလည်း အဆိုတော် တော်တော်များများကို ပရိသတ် အားပေးအောင် ရေးသားပေးနိုင်ခဲ့ပါတယ်။

သီချင်းကိုတော့ ဟိုတုန်းကတည်းက ရေးပါတယ်။ ကျွန်တော် ရေးခဲ့တဲ့ သီချင်းတွေကို ဆိုခဲ့တဲ့သူတွေလည်း အများကြီးပါပဲ။ ရွှေထိုက်၊ မေစံပယ်ညို။ နောက်ပြီး Examplez အဖွဲ့ဆိုတဲ့ ‘မမစိမ်း’သီချင်းဆိုရင်လည်း လူသိတဲ့အထဲမှာ ပါခဲ့တယ်။ နောက် Rap သီချင်းဖြစ်တဲ့ ‘အဘိုးနဲ့အဘွား’ သီချင်းကလည်း မြေပဲယိုအနေနဲ့ ပေါက်ခဲ့တယ်။ မြေပဲယိုအဖွဲ့ရဲ့ အောင်မြင်ခဲ့တဲ့သင်္ကြန်သီချင်း ‘ဒီအချိန်ရောက်တိုင်း’ ဆိုရင်လည်း ကျွန်တော်ပဲ ရေးခဲ့တာပါ။ အခုနောက်ပိုင်းမှ သီချင်းဆက်မရေးဖြစ်တော့တာပါ။ ရေးလိုက်တဲ့ သီချင်းတွေက အခွေမထွက် ဖြစ်တာများတယ်။ အခွေက လူကြီးတွေပဲ ထွက်တာများပါတယ်။ လူငယ်ဆိုရင် Hip-Hop နဲ့ အတွဲအခွေတွေပဲ များကြတယ်။ နောက်ပိုင်းတော့ ဝိုင်းစုကို ပြန်ရေးဖြစ်တာပေါ့။

သီချင်းတွေကို ဖန်တီးတဲ့အခါမှာ ခံစားချက်တွေကိုလည်း ပေါင်းထည့်ခဲ့ ရပါတယ်။

ကျွန်တော်တို့မှာ သီချင်းက နှစ်မျိုးပဲ ရှိတယ်။ မယ်လိုဒီရယ်၊ စာသားရယ်ပေါ့။ သီချင်းဖန်တီးတဲ့ နေရာမှာ music control ဆီမှာ arrangement ပါတာပေါ့နော်။ အဲဒါကိုမှ တစ်ခါတလေ ပြန်စဉ်းစားတယ်။ တစ်ခါတလေကျတော့ arrange ကိုပဲ

အရင်စဉ်းစားတယ်။ အဲဒီလို ပတ်ချာလှည့်နေကြတာပါပဲ။ ဘယ်လို စိတ်ထည့်ပြီး ရေးသလဲဆိုရင် တစ်ခါတစ်ရံမှာ သီချင်းအပ်တဲ့သူရဲ့နေရာမှာ ခံစားပြီး ရေးသလို၊ တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ခံစားချက်ကို ရေးပါတယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ်ရေးပြီးသားသီချင်းတစ်ပုဒ်ကို သူတို့ကြိုက်ရင်လည်း ဆိုကြတာပေါ့။

လူတိုင်းအနုပညာနဲ့ပတ်သက်တဲ့ ခံယူချက်တွေ အမျိုးမျိုးရှိကြသလို အဆိုတော် မိုးမိုးမှာလည်း သူ့ခံယူချက်တွေ ရှိပါတယ်။

ကျွန်တော်တို့နားလည်တဲ့ အနုပညာအကြောင်းပြောပြရရင် ကျွန်တော်နားလည်တာက ‘Art Nature’ နဲ့ ‘Nature of Art’ပေါ့။`အနုပညာသဘာဝ´နဲ့ `သဘာဝအနုပညာ´ပေါ့။ အနုပညာရဲ့ သဘာဝထဲကို ဝင်နိုင်အောင် သဘာဝရဲ့ အနုပညာကို ထည့်ရပါတယ်။ သဘာဝထဲမှာရှိနေတဲ့

အနုပညာကို ကျွန်တော်တို့အနုပညာတွေထဲမှာရှိတဲ့ သဘာဝနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊ ပရိသတ်နားလည်အောင် ကိုယ်ပေးချင်တဲ့ massage သဘာဝထဲမှာရှိတဲ့ အနုပညာကို အနုပညာရဲ့ သဘာဝနဲ့ တင်ဆက် ရပါတယ်။ ဥပမာ ပြင်ပမှာရှိတဲ့ လူတစ်ယောက်ရဲ့သဘာဝ အနုပညာဆန်တာလေးတွေ ရှိတယ်။ အဲဒါကို ပရိသတ်သိအောင် အနုပညာနဲ့ သဘာဝဆိုတဲ့ ကင်မရာဘောက်စ် ရှိတယ်။ ကိုယ်လုပ်တဲ့ အိုက်တင်ကို ပရိသတ် သိ မသိ ဆိုတဲ့ expression ရှိတယ်။ မီး အလင်းအမှောင် ရှိတယ်။ စကားလုံးဒိုင်ယာလော့ခ် ရှိတယ်။ အဲဒါတွေနဲ့ ပေါင်းစပ်ပြီး ပရိသတ်ကို တင်ပြရတာပေါ့။ အဲဒီလို လုပ်တဲ့နေရာမှာ ခံယူချက်ဆိုတာ အနုပညာတိုင်းဟာ ဖျော်ဖြေမှုမဟုတ်ဘူး။ ဖျော်ဖြေရေးတိုင်းကလည်း အနုပညာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ အနုပညာက ဖျော်ဖြေရေး ၇၀ ရာခိုင်နှုန်းထားတဲ့ အနုပညာလို့ ကျွန်တော် ခံယူထားပါတယ်။ အနုပညာလုပ်တယ်ဆိုတာ တစ်ယောက်တည်းလုပ်လို့ မရဘူး။ ကိုယ် လုပ်ချင်တာကိုပဲ လုပ်လို့ မရဘူး။ ပရိသတ်က အဓိကကျပါတယ်။ ကျွန်တော့်အတွက်ကတော့ ပရိသတ်ကို ၇၀ ရာခိုင်နှုန်း ရှေ့တန်းတင်ထားပါတယ်။

အောင်မြင်အောင်ကြိုးစားနိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း ပြင်ဆင်မှုတွေ လိုပါတယ်။

အခွင့်အရေးဆိုတာ ကိုယ်ကတောင်းလို့ရတာ မဟုတ်ဘူးလေ။ သူတို့ပေးမှ ရတာ။ အခွင့်အရေးပေးတဲ့သူက ကိုယ့်ဘက်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ကိုယ့်မှာ လက်နက်ပစ္စည်း အပြည့်အစုံ ရှိနေရမယ်။ အရည်အချင်းအပြည့် ရှိနေရမယ်။ သူကြည့်လိုက်တဲ့ စက္ကန့်ပိုင်းအတွင်းမှာ ကြိုက်လောက်တဲ့ အနေအထားမျိုးဖြစ်အောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဝမ်းဆာဖြည့်ထားဖို့

လိုပါတယ်။ ကျွန်တော့်မှာလည်း လိုအပ်ချက်တွေ ရှိပါသေးတယ်။ အဲဒီလို မပြည့်စုံသေးတဲ့အတွက် အခွင့်အရေးတွေ အများကြီးလက်လွတ်ခဲ့ရတာလည်း ရှိတယ်။ နောက်တစ်ခုက ကိုယ့်ကိုခိုင်းတဲ့သူ၊ အခွင့်အရေးပေးလာတဲ့ သူဆိုတာ ဘယ်သူပဲဖြစ်နေနေ ကိုယ့်ထက် သက်ကြီးဝါကြီးသူ၊ ကိုယ့်ထက် အတွေ့အကြုံရင့်ကျက်တဲ့သူလေ။ အဲဒီလူက ခိုင်းတဲ့ အရာတစ်ခုကို မလုပ်ချင်သော်ငြားလည်း တစ်ခါတစ်ရံမှာ လုပ်ကြည့်လိုက်ပါ။ အကျိုးထူးပါလိမ့်မယ်။
မြတ်စုလွင်(မဟာဝိဇ္ဇာ)
ကိုယ်ကျင့်တရား ကောင်းဖို့လိုတယ်
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (ရေဗက္ကဝင်း)
ငယ်ဘဝအိပ်မက်နဲ့ ဖြစ်တည်မှု (မိုးမိုး)
ဘာပဲလုပ်လုပ်
ရိုးသားမှုနဲ့ မာယာ
မာနပဲရှိတယ်
ကိုယ်လုပ်တဲ့လုပ်ကို ယုံကြည်ဖို့လိုတယ်
တစ်ခါတစ်ရံမှာ
ကြိုးစားပါ
Stars From Media World