ဘယ်သူပဲဖြစ်ဖြစ် မိမိလုပ်ဆောင်နေရတဲ့အလုပ်ကို မိမိရဲ့`ဘဝ...´လို့ သတ်မှတ်လုပ်ဆောင်နေပြီဆိုရင် အဲဒီ အလုပ်ရော...၊ အဲဒီအလုပ်ကို လုပ်ဆောင်နေတဲ့လူရော... ပြီးပြည့်စုံတဲ့အောင်မြင်မှုကို သေချာပေါက် ရပါလိမ့်မယ်။
Perfect ဆိုတဲ့လှေကြီးကို လှော်ခတ်ချီတက်နေကြတဲ့ လှေသူကြီးရော၊ လှေထိုးသားတွေရော၊ ပဲ့ကိုင်သူရော(အားလုံး)ဟာ မိမိရဲ့အလုပ်ကို မိမိရဲ့ `ဘဝ´လို့ သတ်မှတ်လုပ်ဆောင်နေကြပြီး အလုပ်နဲ့ဘဝ ထပ်တူညီ နေကြတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။
ဒါကြောင့် ဘာဆုတောင်းစကားမှ မရေးတော့ဘူး။ ပင်လယ်ရှိနေသမျှ ထပ်တူညီစွာ လှော်ခတ်နေကြလိမ့်ဦးမယ်...လို့ ကျွန်တော်...ယုံကြည် ပါတယ်။
မောင်လှမျိုး (ချင်းချောင်းခြံ)