စီမံခန့်ခွဲရေးပညာကို ကျွန်ုပ် အဘယ်ကြောင့် ဤမျှလွယ်လွယ် ပြောသနည်းဟု အချို့တွေးကြမည်။ အကြောင်းမူ ထိုအကြောင်းရပ်၏ ပင်မ အချက်များကို တိုက်ရိုက်ရှုမြင်သောကြောင့် ဖြစ်သည်။ လောင်ဇူးက `လောက ကြီးအကြောင်းကို တံခါးပေါက်က ထွက်ကြည့်ရန်မလိုဘဲ သိရမည်´ ဟု ဆိုခဲ့သည်။ ယင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း၊ အကြောင်းက ရှင်းပါသည်။
စာနာသနားစိတ်ကြောင့် အခြားသူများ စိတ်ချမ်းသာရသည်။ သူတို့ ခံစားရသည့် စိတ်ဝေဒနာများ သက်သာရသည်။ ဤသည်မှာ အရေးကြီးဆုံး ရှိရမည့် အရည်အသွေးဖြစ်သည်။ ကြင်နာသနားတတ်သည့် စိတ်ရှိသည့်တိုင် ထိုကြင်နာသနားစိတ်ကို ခံနိုင်ရည်လည်း ရှိရမည်ဖြစ်သည်။ ထိုသို့ ခံနိုင်ရည် ရှိသည်ဆိုလျှင် သူသည် ကြီးမြတ်သော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။