မကာအိုမြို့ရယ်လို့ မဖြစ်လာခင်ကတည်းက အာမားဘုရား ကျောင်းက ရှိနေပြီးသားပါ။ အဲဒီထဲမှာ အမျိုးမျိုးသော ရိုးရာယုံကြည်မှု တွေအတွက် ကိုယ်စားပြုရည်မှန်းပြီး ကန်တော့နိုင်တဲ့နေရာတွေ ရှိပါတယ်။
မကာအိုရဲ့မြို့လယ်မှာ ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိ ခဲ့တာပါ။ အခုချိန်ထိလည်း ပွဲလမ်းသဘင်ကျင်းပရာ လူထုလှုပ်ရှားမှုတွေ လုပ်တဲ့ ရေပန်းအစားဆုံးနေရာတစ်ခုပါ။ လွှတ်တော်အဆောက်အဦ ဟောင်းနားမှာရှိတဲ့ အဲဒီ Square ကို အရောင်နုတွေနဲ့ မွမ်းမံထားတဲ့ ခေတ်သစ်အရိပ်အငွေ့တွေ တွေ့ရပါတယ်။
ဒီကျောင်းရဲ့အပြင်ပန်းမျက်နှာစာက Church of Mater Dei အဆောက်အဦ ပုံစံယူထားတာပါ။ ကြွင်းကျန်ရစ်တဲ့အဆောက်အဦကို တော့စိန်ပေါလ်ကောလိပ်အဖြစ် ထားရှိပြီး အရှေ့တိုင်းမှာရှိတဲ့ ပထမဦးဆုံး အနောက်တိုင်းဟန် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ စိန်ပေါလ်ရဲ့ အကြွင်းအကျန်အဆောက်အဦ မျက်နှာစာကတော့ မကာအိုမြို့ရဲ့ ယဇ်ပလ္လင် တစ်ခုအသွင် ဆောင်နေပါတယ်။
စိန်ပေါလ်နဲ့ တစ်ပြိုင်တည်းမှာပဲ ခရစ်ယာန်တွေက သူတို့ရဲ့ ရုံးချုပ်အဖြစ် ဆောက်ခဲ့ပြီး ရည်ရွယ်ချက်ကတော့ ၁၆၂၄ ခုနှစ်မှာ ကျူးကျော်လာတဲ့ဒတ်ခ်ျတွေကို တော်လှန်ဖို့ပါ။ နောက်ပိုင်းမှာတော့ ဘုရင်ခံအိမ်ဖြစ်သွားပြီး ဒီဘက်ခေတ် ရောက်တဲ့အခါ မကာအိုပြတိုက် ဖြစ်သွားပါတော့တယ်။ ပြတိုက်အတွင်း ပွဲလမ်း သဘင်၊ လူမှုဓလေ့ ထုံးတမ်း၊ ဗိသုကာလက်ရာ၊ အားကစားပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနဲ့ ဒေသ ဟင်းလျာ အချက်အပြုတ်ပြိုင်ပွဲတွေ ကျင်းပကြပါတယ်။
၂၀ဝ၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့တဲ့ ဒီမျှော်စင်ကြီးဟာ ၃၃၈ မီတာ ရှိပြီး ၁၀ ခုမြောက် ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ကြီး ဖြစ်ပါတယ်။ ပုလဲမြစ်ဝ ကျွန်းပေါ်ဒေသအများစုနဲ့ မကာအိုတစ်မြို့လုံး ကို မြင်နိုင်ပြီး ၂၁၆ မီတာအမြင့်မှာ
နတ်သမီးတွေကို ကိုယ်စားပြုလုပ်ထားတဲ့ ဒီဘုရားကျောင်းကို ၁၅ ရာစု ကစပြီး ဘာသာရေးလုပ်သူတွေက ရက်ရက်ရောရော ငွေပဒေသာပင် စိုက်ထူကြပါတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ ရုပ်တုတွေ၊ ပန်းချီကားတွေ၊ ဆုတောင်းခန်းမ နဲ့ ဈာပနခန်းမဆောင်တွေ ရှိပါတယ်။
မကာအိုရဲ့ရေပန်းစားတဲ့ အမှတ်အသားမျှော်စင်ဖြစ်ပြီး အနားယူနိုင်သလို တရားထိုင်လို့လည်း ရပါတယ်။ ပေါ်တူဂီတွေရဲ့လက်ရာဖြစ်လို့ ကွမ်ရင်ဆိုပေမဲ့ အနောက်တိုင်းကွမ်ရင်လို့ တင်စားကြတယ်။ ကမ်းနားလမ်းမှာတော့ အပန်းဖြေ အနားယူတဲ့ လူတွေအတွက် အမျိုးမျိုးသော ဂီတ ဖျော်ဖြေမှုတွေ၊ စားသောက်ဆိုင် တွေ ရှိပါတယ်။
ဟာဆာကမ်းခြေဟာ Coloane ကျွန်းမှာရှိပြီး အဲဒီမှာရှိတဲ့ ကမ်းခြေထဲမှာ အရှည်ဆုံးကမ်းခြေဖြစ်ပါတယ်။ လေတိုက်တဲ့အတွက် ရွက်လှေစီးလို့ရတယ်။ ရေပြင်ပေါ် စီးလို့ရတဲ့ ဆိုင်ကယ်တွေရှိတယ်။ ကမ်းခြေအနီးမှာ တင်းနစ်ကွင်းတွေ၊ ရေကူးကန်တွေ၊ ပျော်ပွဲစား ထွက်ဖို့ နေရာတွေနဲ့ ကလေးကစားကွင်းတွေ ရှိတယ်။ တရုတ် စားသောက်ဆိုင်တွေရှိပြီး ဈေးကတော့ အရမ်းကြီးတယ်။
မကာအိုမြို့ပြင်မှာရှိတဲ့ ဆိပ်ခံတံတားတစ်ခုဖြစ်ပြီး မီးတောင် ဟောင်း ပုံစံယူ တည်ဆောက်ထားတာပါ။ စားသောက်ဆိုင်၊ ဟိုတယ်၊ ပြခန်း၊ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ လာရောက်သူတွေကို ဆွဲဆောင် လျက်ရှိပါတယ်။ ဥရောပ၊ လက်တင်နဲ့ ဟန်မင်းဆက် ဗိသုကာ လက်ရာတွေကို အပိုင်း ၃ပိုင်း ခွဲပြထားပါတယ်။ လှေဆိပ်လည်း ရှိတာကြောင့် လှပတဲ့ကမ်းခြေကို ရွက်လှေစီးရင်း ခံစားနိုင်ပါတယ်။