Select Month :
Choose Month !
No.10, volume 4 , August 2010
No.9, volume 4 , July 2010
No.8, volume 4 , June 2010
No.7, Volume 4, May 2010
No.6,volume 4, April,2010
No.5,Volume.4,March 2010
No.4,Volume.4,February 2010
No.3,Volume.4,January 2010
No. 2, Volume 4, December 2009
No. 1, Volume 4, November 2009
No. 12, Volume 3, October 2009
No.11, Volume 3, September 2009
No.10, Volume 3, August 2009
No.9, Volume 3, July 2009
No.7, Volume 4, June 2009
No.7, Volume 3, May 2009
No.9, Volume 2, July 2008
No.6, Volume 2, April 2008
No.4, Volume 2, February 2008
No.3, Volume 2, January 2008
No.2,Volume 2,Novemeber 2007
No.2,Volume 2,Novemeber 2007
Go
No. 2, Volume 4, December 2009
Magazine Contents of this month
Email :
Password :
Forget Password ?
Enter
တကယ်နော်ခက်သည့် အရွယ်တွေအကြောင်း
ကယားပြည်နယ်အတွင်း၌ သွားလိုသေးသည့်ဒေသ
ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ
အသွားခက်အောင် ဖန်တီးကြသူများ
နေရာ
အဖေကြီးတီးတဲ့ ရွှေကြေးစည်
ပြန်ရှင်ပင်
မလွဲတဲ့ဆု
ဦးထုပ်တွေ ဖမ်းတယ်နော်
ကျေးဇူးရှင်
သွားကြမလား နတ်တို့ပြည်
ကယားပြည်နယ်အတွင်း၌ သွားလိုသေးသည့်ဒေသ
ကယားပြည်နယ်သို့ လေးကြိမ်ရောက် ဖူးသည်။ ထိုလေးခေါက်တွင် ၁၉၈၀ ပြည့်နှစ် က ရောက်ခဲ့ဖူးသော တစ်ကြိမ်၊ ၁၉၉၄ ခုနှစ် တွင် ရောက်ခဲ့ဖူးသောတစ်ကြိမ်တို့ကို တစ်သက် တာ မမေ့နိုင်ဘဲ ရှိခဲ့သည်။ ထိုနှစ်ကြိမ်ကို မေ့မရခဲ့ခြင်းမှာ အကြောင်း များ ရှိခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်တွင် ရောက်ခဲ့သော တစ်ခေါက်မှာ စာရေးသူဘဝအတွက် မှတ်မှတ် ရရဖြစ်ခဲ့ရပါသည်။ ထိုခရီးနှင့်ပတ်သက်သွား ရောက်ခဲ့ရပုံကို စာရေးသူပြည့်စုံစွာ ရေးသားခြင်း မရှိခဲ့ဖူးပါ။ အကြောင်းရှိပါသည်။ ထိုအချိန်က စာရေးသူသည် အားကစားလောကတွင် ရှိနေ ခဲ့ချိန် ဖြစ်ပါသည်။ အားကစားဆောင်းပါးများ ရေးခြင်း၊ တံခွန်ဂျာနယ်တွင် ဖောင်ကိုင်အယ်ဒီ တာအဖြစ် ဆောင်ရွက်ခြင်းနှင့် တစ်ပြိုင်တည်း မှာပင် ဘော်လီဘောကစားနည်းတွင် နည်းပြ ဆရာအဖြစ် လုပ်ဆောင်နေပါသည်။ ၁၉၇၉ ခုနှစ် တွင် တောင်ငူမြို့အနီးရှိ ဟင်းငုတ်ပင်စခန်းတွင် လျှပ်စစ်ဌာန၏ မဟာဓာတ်အားလိုင်း ဘော်လီ ဘောအသင်းကို တစ်နှစ်ပတ်လုံးနီးပါးမျှ နည်းပြ ပေးခဲ့သည်။ လူငယ်များဖြင့် ဖွဲ့စည်းထားပြီး လျှပ်စစ်ဝန်ကြီးဌာနတွင်း ပြိုင်ပွဲအတွက် ပြိုင်ပွဲ ဝင်ရန် လေ့ကျင့်ပေးရခြင်း ဖြစ်သည်။ ထိုအသင်းမှာ ဌာနတွင်းပြိုင်ပွဲတွင် အောင်မြင်မှု ရခဲ့သည်။ ထိုအသင်းကို အခြေခံ၍ ပဲခူးတိုင်းအသင်းကို ဖွဲ့စည်းခဲ့ပြန်ကာ ပြည်နယ် နှင့်တိုင်း ပြိုင်ပွဲများတွင်လည်း ချန်ပီယံဆုရပြန် သည်။ ထိုအသင်းမှ လူငယ်နှစ်ဦးမှာ မြန်မာ့ လက်ရွေးစင်အဖြစ် အရှေ့တောင် အာရှပွဲအထိပါ သွားရောက်ခဲ့ရ သည်။ ထိုကဲ့သို့ အောင်မြင်မှု အတွက် အသင်းအုပ်ချုပ်သူ အင်ဂျင် နီယာကြီးက စာရေးသူကို ဝမ်းသာ အားရဖြင့် စကားတစ်ခွန်း လွန်ခဲ့၏။ နည်းပြဆရာ၊ ခင်ဗျားကို ဂုဏ်ပြု မယ်ဗျာ၊ ဘာလိုချင်သလဲပြောဟု မေးလာခဲ့ပါသည်။ စာရေးသူက လည်း အကြံသမားဖြစ်ရာ လိုချင် တာ တကယ်ပေးမလားဟု သေ ချာအောင် ထပ်မေးခဲ့သည်။ သူက လည်း ပေးမယ်ဗျာဟု စကား လွန်ခဲ့သည်။ တကယ်နော် စာရေး သူက ထပ်ကွန့်သောအခါ ကျွန် တော် လူကြီးဗျ၊ လိုချင်တာ ရစေရ မယ်ဟု စကားထပ်လွန်ခဲ့ပါတော့ သည်။
ဤတွင်စာရေးသူတောင်းခဲ့သောအရာမှာဟင်းငုတ်ပင်ဓာတ်ခွဲရုံကနေ လောဒလေ့ (လော ပီတလျှပ်စစ် ဓာတ်အားပေးရုံရှိရာရွာ) အထိ မဟာဓာတ်အားလိုင်းကို အတော်ပင် မျက်နှာတည် မျက်နှာပျက်သွားပါ သည်။ အောင်ပွဲများရ၍ ပျော်နေသော အင်ဂျင်နီ ယာကြီးခေါင်းကုတ်သွားပါတော့သည်။ သို့သော် သူက ကတိတည်ပါ၏။ တကယ်တော့ ထို အချိန်က ထိုနေရာသည် တကယ့် ကန့်သတ် နယ်မြေဖြစ်သည်။ လုံခြုံရေး အခြေအနေ ကလည်း အမည်းရောင်နယ်မြေ။ တစိမ်းများ ထားဘိ။ ဌာနဆိုင်ရာဝန်ထမ်းများပင် ထိုနေရာသို့ ခွင့်ပြုချက်အတန်တန်ယူ၊ လုံခြုံရေး စီမံချက် အမျိုးမျိုး စီစဉ်ပြီးမှ သွားရောက်ခွင့်ရကြသော နေရာဖြစ်သည်။ သူ့ခမျာ လူကြီးစကားဟု ဆိုကာ စကားလွန်ထားပြီဖြစ်ရာ မငြင်းသာ ခင်ဗျားလိုချင်တာ တခြားဟာပြောင်းလို့မရ ဘူးလားဟု လေပြည်ထိုးရှာပါသေးသည်။ စာရေးသူက ခေါင်းခါခဲ့ပါသည်။
ဤသို့ဖြင့် စာရေးသူကို ထိုခရီးအားရောက် အောင် ကြံစည်ပို့ပေးရှာပါသည်။ မဟာဓာတ်အားလိုင်းဓာတ်တိုင်များကို ထိုစဉ်အခါက လက်နက်ကိုင်းသောင်းကျန်းသူ များက ပစ်မှတ်ထားပါသည်။ မကြာမကြာ လစ်လျှင်လစ်သလို ဓာတ်အားလိုင်းတိုင်များ ဖောက်ခွဲဖျက်ဆီးခံရတတ်သည်။ ထို့အတွက် ဓာတ်အားလိုင်းကို လုံခြုံရေးအပြည့် ဆောင်ရွက် ထားရသည်။ ဓာတ်တိုင်ကြီးများကို ဝင်းခြံခတ် ၍ လုံခြုံအောင် စီမံထားရသည်။
ဓာတ်တိုင်များ အနီးသို့မကပ်နိုင်အောင် လုံခြုံရေးစီမံထားရသည်။ တစ်နှစ်တွင်တစ်ကြိမ် ဓာတ်တိုင်ကြီးများနှင့် ဓာတ်အားလိုင်း ကြံ့ခိုင်လုံခြုံရေးအတွက် စစ်ဆေး စီမံကြသည်။ ထို့အတွက် လျှပ်စစ်ဌာနနှင့် တပ်မတော်တို့ ပူးတွဲကာ တစ်နှစ်လျှင် တစ်ကြိမ် စစ်ဆင်ရေးဆင်းရသလို၊ စီမံချက်ဆွဲပြီး လိုင်း တစ်လျှောက်လုံး စစ်ဆေးသည်။ ဆောင်ရွက် ဖွယ်ရာများ ဆောင်ရွက်ကြသည်။
လျှပ်စစ်ဝန်ထမ်းလူသုံးဆယ်ကျော် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ ပစ္စည်းပစ္စယများ၊ လုပ်ငန်း သုံးကိရိယာတန်ဆာပလာများ အပြည့်အစုံကို တီအီး(၁၁) ထရပ်ကားကြီး သုံးစီး၊ လင်းခရူဇာ ဂျစ်ကားတစ်စီးတို့ဖြင့်တင်ကာ တောင်ငူမှ လောဒလေ့သို့ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် စီမံချက်ဆွဲပြီး သွားကြရသည်။ ခရီးက ရက် သတ္တတစ်ပတ်ကျော် ကြာသည်။ ဟင်းငုတ် ပင်စခန်းမှ လောဒလေ့သို့ မိုင် ၁၃၀ ကျော်ခရီး ဖြစ်သည်။
လမ်းတွင် လိပ်ဘို၊ သကွဲပလို၊ ယာဒို၊ ဆီဗူး၊ လိုဘာခူ၊ ထူးချောင်း၊ ဒီမောဆိုးတို့၌ ညအိပ်စခန်းချကာ သွားရသည်။ လုံခြုံရေးကို လိုဘာခူအထိ ထိုစဉ်က အလယ်ပိုင်းစစ်ဌာနချုပ် က တာဝန်ယူ၍ လိုဘာခူ၏ ဟိုဘက်ပိုင်းကို အရှေ့ပိုင်းတိုင်းမှ တာဝန်ယူပေးသည်။ ထိုခရီးတွင် စာရေးသူအားလျှပ်စစ်ဝန်ထမ်း အသွင်ယူစေကာ ခေါ်သွားခြင်းဖြစ်သည်။
တစ် နည်းအားဖြင့်ဆိုလျှင် ခိုးဝှက်၍ ခေါ်ဆောင်သွား ခြင်း ဖြစ်ပေသည်။ ထိုလမ်းကား အလွန်သာယာ သောလမ်းလည်း ဖြစ်ပါသည်။ အထူးသဖြင့် ယာဒိုလိုရွာမှာ အလွန်လှပသာယာသည်။ လမ်း တွင် သစ်တောများ၊ တောင်တန်းများက အလွန် သာယာသည်။ ယာဒိုရွာမှ သူကြီး ဦးဖိုးလှ တိုက်သော ခေါင်ရည်ကား အလွန်ကောင်းသည်။ ထူးချောင်း၌ အလွန်ပေါသည်က ပျားရည်ဖြစ် ၏။ ယာဒိုရွာ၌ စာရေးသူတို့ နှစ်ညအိပ်ခဲ့ရသည်။ီမောဆိုးရောက်သောအခါ လွိုင်ကော်- ဖားဆောင်းလမ်းနှင့် သွားဆုံသည်။ လမ်းမ၏ ဘယ်ဘက်သို့လိုက်လျှင် လွိုင်ကော်၊ ယာဘက် လိုက်ပါက ဖရူးဆို၊၉၈၀ ပြည့်နှစ် ဧပြီလက ဖြစ်ပေ သည်။ ဖားဆောင်းဘက်လမ်းသို့ ငေးမော၍သာ ကြည့်ခဲ့ရပါသည်။
၁၉၉၄ ခုနှစ် နိုဝင်ဘာလဆန်းတွင် ဖြစ်ပါ သည်။ ထိုတစ်ခေါက်မှာ လွိုင်ကော်သို့ လေ ယာဉ်ဖြင့် သွားခဲ့ပြီး အပြန်တွင် လွိုင်ကော်မှ ဟဲဟိုးသို့ ကားဖြင့်ပြန်ကာ ရှမ်းပြည်နယ်ဘက် ခရီးဆက်ခဲ့ခြင်း ဖြစ်ပါသည်။ လွိုင်ကော်တွင် ရှိနေခဲ့သည့်ရက်ပိုင်းအတွင်း ၁၉၈၀ ပြည့်နှစ်က ငေးမောကြည့်ခဲ့ဖူးသော ဖားဆောင်းဘက်သို့ သွားကြည့်နိုင်ရန် ကြိုးစားမိခဲ့သည်။
ကုသိုလ်ကံ ကောင်းပါသည်။ ထိုအချိန်က လွိုင်ကော်တွင် နိုင်ငံတော်မှ တာဝန်ရှိသူများနှင့် ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့အစည်းတို့ ငြိမ်းချမ်းရေး စကားဆိုနေကြချိန်နှင့် ငြိမ်းချမ်းရေးစကားဆိုကြချိန်ဖြစ်၍ အပစ်အခတ် မရှိ ငြိမ်သက်နေသောကာလပိုင်းနှင့် ဆုံရပါ သည်။ ဒေသခံတို့အား လုံခြုံရေးအခြေအနေကို မေးမြန်းစုံစမ်းသောအခါ အများကပင် ]ဒေသ အခြေအနေအေးချမ်းနေတယ်၊ သွားလို့လာလို့ ကောင်းနေတယ်၊ အေးချမ်းတယ်}ဟု ဆိုကြပါ သည်။ စာရေးသူက ဖားဆောင်းဘက်သွားလို သည်ဆိုခဲ့ရာ သွားနိုင်တယ်၊ အခြေအနေ ကောင်းနေတယ်ဟု ဆိုရာ သွားရောက်ဖြစ်ခဲ့ ပါတော့သည်။
လွိုင်ကော်မှထွက်သောအခါ ငွေတောင် (ဆည်ကြီးရှိ၍ နာမည်ကြီးနေရာ)၊ ဒီမောဆိုး (ထိုနေရာမှာ ၁၉၈၀ ပြည့်က တောင်ငူမှ လာ ရောက်ခဲ့စဉ်က လမ်းခွဲ)၊ ကဒါးလား၊ ထီး ပေါ်ဆို၊ ထီးကလူဒေါရွာမျာကိုကျော်သော် ဖရူ ဆိုမြို့သို့ ရောက်သည်။ ထိုမှ ဆက်ထွက်သော် ဟာခရောရှိ၊ ထားလဲ၊ နမ်းဖဲရွာများကျော် သောအခါ ဘော်လခဲမြို့သို့ရောက်သည်။ ထို့နောက် ရေနီပေါက်ရွာ၊ ပွန်ချောင်းတံတား၊ ထူးချောင်းတံတား၊ ပါပုရွာတို့ကျော်သောအခါ ဖားဆောင်းမြို့ကို ရောက်ရှိပေသည်။ တကယ် တော့ လွိုင်ကော်နှင့် ဒီမောဆိုး ၁၃ မိုင်ဝေး၍ လွိုင်ကော်မှ ဖရူဆို ၂၄ မိုင်၊ ဘော်လခဲသို့ မိုင် ၅၀၊ ဖားဆောင်းအထိ ၇၅ မိုင်သာ ရှိသည်။ ဖားဆောင်းရောက်၍ သံလွင်မြစ်ကို ဇက်ဖြင့် အရှေ့ဘက်ကမ်းသို့ကူးပြီး ကားဖြင့် ဝမ်အောင်၊ ကျောက်ပန်းညို၊ နန့်ပန်လိမ်၊ နမ်းဟူရွာ၊ မဲပါ ချောင်းတံတား၊ မယ်စဲ့ ၃၄ မိုင်ခန့်သွားလျှင် ထိုင်းနယ်စပ်နှင့် ကပ်နေပြီဖြစ်၏။ မယ်စဲ့မှ ငါးမိုင်ခန့်တွင် ထိုင်းနယ်စပ်ဖြစ်ပေသည်။
စာရေးသူသွားခဲ့သော လွိုင်ကော်-ဖား ဆောင်းခရီးတွင် ဘော်လခဲဝန်းကျင်မှစ၍ တော ထူထပ်သောနေရာဖြစ်သည်။ ဖားဆောင်းရောက် သည်အထိ တန်ဖိုးရှိသစ်မာများ ပေါက်ရောက် နေသောဒေသ ဖြစ်သည်။ ဖားဆောင်းဝန်းကျင် မှာလည်း ရာသီဥတုကောင်း၍ စိုက်ပျိုးရေး ဖြစ်ထွန်းသောဒေသ ဖြစ်သည်။ အစားအ သောက်ပေါသည်။ ဖားဆောင်းသည် ကယား ပြည်နယ်အတွင်း၌ သံလွင်မြစ်ကမ်းပေါ်ရှိ တစ်ခု တည်းသော မြို့ဖြစ်သည်။ သံလွင်ဝဲယာ၌ ကယားပြည်နယ်အတွင်းတွင် ရွာများသာ ရှိကြ သည်။ ဖားဆောင်းမြို့မှ ကြည့်လျှင သံလွင် သည် အလွန်လှပသည်။ တောင်တန်းများ နောက်ခံဖြင့် သာယာလှပသည်။ စာရေးသူရောက်ခဲ့သော ၁၉၈၀ နှင့် ၁၉၉၄ ဆိုသည့် ဆယ့်ငါးနှစ်မျှ ကာလအချိန်အတွင်းက ထိုဒေသများသို့ သွားရောက်ရန်မှာ လွယ်ကူသော နေရာ မဟုတ်ခဲ့။ ယခုလည်း အရောက်အပေါက် နည်းကြဆဲဟု ထင်ပါသည်။
ထိုနေရာမျိုးရောက် ပေါက်ရန်အတွက် အတော်ကြိုးစားအချိန်ယူ၍ သွားခဲ့ရသည်။ အခြေအနေပေးခဲ့၍ ကုသိုလ်ကံ ကောင်း၍သာ ထိုနေရာမျိုးသို့ စာရေးသူ ရောက်ခဲ့ခြင်းဖြစ်၏။ ဖားဆောင်း၌ ရောက်ခဲ့သည့် ရက်တွင် နံနက်ဈေးသို့ လမ်းလျှောက်ရင်း စာရေးသူလှည့်လည်ကြည့်မိခဲ့သည်။ ယခုတိုင် မမေ့သော အဖြစ်အပျက်လေးတစ်ခု ကြုံခဲ့ရ၏။
ဈေးထဲတွင် သင်္ဘောသီးများအပုံလိုက်ပုံထားပြီး ထိုင်နေသော အမျိုးသမီးကြီးတစ်ဦးနှင့်တွေ့ရာ လှပသောသင်္ဘောသီများကို လိုချင်စိတ်ဖြင့် တစ်လုံးဘယ်လောက်လဲမေးမိရာ အမျိုးသမီး ကြီးကဘာလုပ်ချင် လို့လဲဟု ပြန်မေးခဲ့ပါသည်။စားဖို့ ဝယ်ချင်လို့ပါဟု စာရေးသူက ပြန်ဖြေရာ ကြိုက်တဲ့အလုံး အလကားယူသွားပါပြော လေရာ စာရေးသူ အံ့ဩခဲ့ရသည်။ ဆက်မေး ကြည့်မိမှ ထိုသင်္ဘောသီးများမှ ဝက်စာအတွက် ဟု သိရရာ စာရေးသူရှက်သွားခဲ့မိသည်ကို ယခု တိုင် အမှတ်တရရှိခဲ့ပါသည်။ ဤမျှ အသီးအနှံ ပေါသည်ကို ထိုစဉ်က ကြုံခဲ့ရပါသည်။ နောက် မမေ့နိုင်သောမြင်ကွင်းတစ်ခုကို အမှတ်ရပါသေး သည်။ ဖားဆောင်းမြို့အဝင်တွင် တွေ့လိုက်ရ ခြင်း ဖြစ်သည်။ အဝေးမှ လှမ်းမြင်ရစဉ်က လမ်းမပေါ်တွင် ပစ္စည်းပုံကြီးတစ်ပုံ ပုံထား သည်ဟု ထင်ခဲ့ပါသည်။ မဟုတ်ပါ။ အနား ရောက်သောအခါ ကုန်တင်ကားကြီးတစ်စင်း ဖြစ်နေပါသည်။
ကားကြီးမှာ ဘော်ဒီ၏ အနောက်ဘက်သို့ သစ်သားတန်းများ ထိုးကာ ချဲ့ထားပေသည်။ ထို့အတူ ဘေးနှစ်ဖက်သို့လည်း ဘော်ဒီကို သစ်သားတန်းများထိုးကာ နှစ်ဖက် စလုံးချဲ့ထားသည်။ ထိုချဲ့ထားသော ကိုယ်ထည် ပေါ်၌ ပစ္စည်းများ အပြည့်အမောက်တင်၍ ကြိုးများဖြင့် သိုင်းချည်ထားရာ အမှတ်တမဲ့ နောက်မှမြင်ရလျှင် ပစ္စည်းတင်ထားသည့်ကား နှင့်မတူ၊ ပစ္စည်းပုံကြီးတစ်ခုနှင့် တူပေသည်။ ကားသွားနေသည်ကို အမှတ်တမဲ့ကြည့်ပါက ပစ္စည်းပုံကြီးရွေ့နေသည်နှင့် တူနေပေသည်။
၂၀ဝ၇ ခု၊ ဇူလိုင်လတွင် စာရေးသူသည် ထိုင်းနိုင်ငံသို့ ရောက်ခဲ့ရာ ချင်းမိုင်မှတစ်ဆင့် မယ့်ဟောင်ဆောင်သို့ သွားခဲ့ပါသည်။ ဏနမ်နခအယ ပန် မဂ္ဂဇင်းမှ ဆရာနိုင်ကြီးလည်း ပါပါ သည်။ မယ့်ဟောင်ဆောင်မှ ခွန်ယွန်းသွားသည့် အမှတ် ၁၀၈ လမ်းမကြီးအတိုင်းဖြတ်ခဲ့ရာ ထိုလမ်းမှ ဘော်လခဲ၊ ဖားဆောင်း၊ နမ်းမား၊ မယ်စဲ့စသည့်ဧရိယာများနှင့်အပြိုင် လမ်းမကြီး ဖြစ်နေပါသည်။ ထိုင်းဘက်ခြမ်းမှ ထိုဒေသ သည် အဝေးပြေးလမ်းကျယ်ကြီးများဖြစ်နေပြီး ပိုင်၊ မယ့်ဟောင်ဆောင်၊ ခွန်ယွန်း စသည့်ဒေသ မှာ ကမ္ဘာလှည့်ခရီးသွားများ အလွန်စိတ်ဝင်စား သွားလာကြသော နေရာဖြစ်ရာ လမ်းပန်းဆက် သွယ်ရေးပိုင်း၌ မြန်မာဘက်ခြမ်းတွင် ယခုထက် ဖွံ့ဖြိုးအေးချမ်းပါက နှစ်နိုင်ငံကူးသန်းသွားလာ ကုန်သွယ်ရေး၊ ခရီးသွားများ လည်ပတ်ရန် အလွန်ကောင်းသော နေရာများအဖြစ် အလွန် အလားအလာကောင်းမည်ကို တွေးတောကာ မြန်မာနိုင်ငံဘက်သို့ ငေးမျှော်မိခဲ့ပါသည်။
အခွင့်ကြုံပါက လွိုင်ကော်၊ ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ နမ်းမားတို့ဘက်သို့ တစ် ခေါက်လောက်ရောက် လိုပေသေးသည်။ ထို့ ထက်အခွင့်သာပါက အိမ်နီးချင်းထိုင်းဘက် ခြမ်းသို့ပင် ကယားပြည်နယ်မှဖြတ်ကာ တို့ထိ ကြည့်လိုလှပေ၏။
စိန်မျိုးမြင့်