ညပိုင်းမှာဆိုရင် ကာရာအိုကေ၊ စီဒီအိုကေဆိုင်တွေက အပြိုင်ဟဲတဲ့ တေးသံသာတွေ ရွာလုံးအနှံ့ပြန့်လို့ပါပဲ။ ရွာထိပ်က စည်ဘီယာနဲ့ စင်တင် တေးဂီတဆိုင်က သီချင်းသံတွေကလည်း ညစဉ် ညံနေတာပါ။
လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ် ကိုသာအေးတို့ ကာလသား အရွယ် တုန်းကတော့ ဘယ်မှာ အခုလိုဟုတ်မှာလဲ။ ယမကာမှီဝဲချင်ရင် အနောက် ကုန်းက ကိုချက်ကြီးရဲ့ အရက်ပုန်းဆိုင်ကိုသွားပြီး တိုးတိုးတိတ်တိတ်